Tuesday, April 19, 2011

အသံထြက္မရွိတဲ့ အကၡရာ

Tuesday, April 19, 2011 Posted by ဂျေဂျူဝိုင်
အမှားတွေ တနင့်တပိုးထမ်းထားတဲ့
ငါ့ရဲ့ ချစ်လှစွာသော အတ္တခဲလေးရေ
မေးရိုးတွေ ခိုင်ခိုင်မာမာရှိပါရဲ့လား
ဂုဏ်ပကာသန အရောင် တပြောင်ပြောင်ကို
ဘယ်သူမှ ဝင်မစွက်ဖက်ဖို့
သူများရဲ့ နှလုံးသားတွေကို
သင် အစားထိုး ကုသထားရတယ်မလား
သင့်ကိုယ်သင် ဖုန်းဆိုးမြေမှာ
စိုက်ပျိုးပြနေရုံနဲ့ ဓူဝံကြယ်ကတော့
နေရာရွေ့မှာ မဟုတ်ဘူးသိလား
မေးကြည့်ပါဦးမယ်
အသက်ချောင်ချောင် မရှုဖြစ်တော့တာက
ဘာကြောင့် ဖြစ်မယ် ထင်လဲ
ဘယ်လောက်ကော ကြာနေပြီလဲ
ဝံပုလွေတွေ အသက်တစ်ရာပြည့်ရင်
လူဖြစ်တယ်ဆိုလို့လား
ကြောင်မှာ အသက်ကိုးချောင်းရှိတယ်ဆိုလို့လား
မောင်ချောနွယ်လို ဖျံဖမ်းတဲ့သူ ဖြစ်ချင်နေတာလား
တကယ်တမ်းတော့ဗျာ
ဟောဒီလောကမှာ လူလာဖြစ်ပြီးတော့
ကိုယ်ပိုင်စိတ်နဲ့ မနေရတာ အနစ်နာဆုံးပါ။