
သနပ်ခါးလိမ်းမထားတဲ့ အိပ်မက်

Wednesday, September 30, 2009 Posted by ဂျေဂျူဝိုင်
အိပ်မက်တွေ သူ့ကိုသူ သိတတ်ရင်ကောင်းမယ်
ဒါမှ အိပ်မက်ဆိုးပဲ ဆိုပြီး
ငါတို့ကို လှုပ်နှိုးကောင်း လှုပ်နိုးခဲ့မှာ
လူတစ်ယောက် အသက်ရှင်လျက် သေဆုံးသွားဖို့
အလွန်လှပတဲ့ စကားတစ်လုံးထွင်းထုလိုက်ရတယ်
ငါ့စကားတွေ လှပလွန်းသွားလို့
ဒဏ်ရာက သွေးထွက်နည်းနည်းများခဲ့သလား
ရိုးရိုးကလေး ငါပြောခဲ့ချင်တာ
ခုတော့ မင်းနဲ့ငါ့ ခင်မင်မှုမှာ
ဘာမှလည်း အကောင်းမကျန်တော့ဘူး
ငါလည်းမမေ့ချင်ခဲ့ မင်းလည်းမမေ့ချင်ခဲ့တဲ့
နှလုံးသားကင်းပတ်စမှာ အတိတ်ဟောင်းသွေးတွေ
ကြည့်လို့မကောင်းအောင် လှသွားပြီပေါ့
....................................
“ကျွန်မရင်ဘတ်အောင့်တတ်တယ်ကိုကို”
မင်းရှိုက်သံနောက်မှာ
မင်းခဏခဏ ဆေးခန်းသွားနေရကြောင်း
ငါပြန်ကြားယောင်မှာ ငါကြောက်တယ်။





၂၀၀၉/၉/၃၀ ဗုဒ္ဓဟူး ညနေ ၅း၃၅ နာရီ

ရဲဘော်ညက်ထယ်

Wednesday, September 30, 2009 Posted by ဂျေဂျူဝိုင်
ငါ အခြောက်တိုက် တုန်လှုပ်သွားတာ မဟုတ်
နာနာဘ၀ဆိုတာမျိုးလဲ မဟုတ်ပါ
သင်္ဘောဆိပ်ထဲကို
သံရည်ပျော် နွေရတုလို
ရဲရဲငြီးရင်း
ဝင်လာလေပေါ့
ဝီး လှည့်တဲ့ကာ သင်္ဘောကျင်းဖက် တန်းဝင်သွားပေါ့
ရဲဘော် ညက်ထယ်ရယ်လေ
ဒါ သူပါပဲ
ငါ မှတ်မိပါတယ်။
ပန်းကန်ပြားလို အသက်ကယ်ခါးပတ် မျက်မှန်တွေထဲကနေ
ပြူးကြည့်နေလေရဲ့
ဟေး ညက်ထယ်
ငါ ၀မ်းသာသကွာ မင်းခုလို
သံကြိုးတွေနဲ့ ကျောက်ဆူးတွေနဲ့
မီးခိုးတလူလူနဲ့ အသက်ရှင်နေတာ တွေ့ရတော့
ဒီဘက် ကပ်ခဲ့လေကွာ
ရေသိပ်တိမ်လွန်း မထင်ပါဘူး
ဗာတွမ်ကလား ကွ ဟင်
ရေနွေးအိုးတွေ အငွေ့ထောင်းထ နေပါလား
မှတ်မိသေးလား ညက်ထယ်
လူ့ဘ၀တုန်းကလေ
သံတမန်ရထားပေါ်မှာ
မင်းနဲ့ငါ လက်ဘက်ရည်သောက်ခဲ့ကြတာကော
သူများတွေ မေ့မောဟောက်ကောင်းနေချိန်မှာ
ဆွေးနွေးကောင်းခဲ့ကြသပေါ့
ချိတ်နီနီစာအိတ်တွေဆီ
မျက်လုံးက စောင်းငဲ့လို့
ခရီးသွားရင်းက
ရွမ်ကာ ယာကော့ဆန်အကြောင်း ဆွေးနွေး
ဟာသသံနှောပြီး ကဗျာတွေ
ရွတ်သွားလိုက်သေး
အာရုဏ်ကျင်းတော့လည်း အိပ်သွားရော
လက်ချောင်းက
သေနတ်ခလုတ်မှာ ချိတ်ရက်ကလေး
ယီးတီးယားတားတော့
လုပ်မယ်မကြံနဲ့ ကိုယ်လူတို့
တစ်နှစ်လောက်တုန်းကဖြင့်
ဘယ်သူထင်စားမိလိမ့်မလဲ
ငါ မင်းကို သဘောင်္အဖြစ်နဲ့
တွေ့ရလိမ့်မယ်လို့
မင်းပဲ့ပိုင်းထက်မှာ လမင်းဟာ
အိမ် သာလိုက်ပါဘိခြင်း
ကွယ် ၀င်သွားလို့ရမှာ အာကာသကို
နှစ်ခြမ်းခွဲလို့ သွားနေရဲ့။
စင်္ကြံတိုက်ပွဲဆီက
သွေးသံရဲရဲ ၀င်းပနေတဲ့
သူရဲကောင်းလမ်းအတိုင်း မင်းနောက်က
အမြဲထာဝရ လိုက်နေဟန်တူရဲ့
ဒါပေမယ့် ဒါကတော့
အပြော ကို လက်တွေ့ လုပ်ပြလိုက်တာ
သံမဏိအဓိဌာန်နဲ့
လက်သီးကို မြဲမြဲဆုပ်လို့မို့
ငါတို့ အသက်ရှင်နေကြတယ်
ဒီအတွက်
ငါတို့ စက်တိုင်တက်ကြရ
ကျည်ဆံတွေက ရယ်မောနေကြတယ်
ဒါဟာ လူ့လောကကြီး
ဘုံနယ်မြေဖြစ်လားရေးပဲ
ငါတို့ အကြောအချဉ်ထဲမှာ
စီးနေတာက သွေး
ပူနွေးနွေး ရေမဟုတ်ဘူး
ခြောက်လုံးပြူး တဒိုင်းဒိုင်းထဲမှာ
ငါတို့ချီတက်နေကြတယ်
ဒါမှ
သေလွန်တဲ့အခါ
ငါတို့ကို သင်္ဘောတွေ
ကဗျာတွေ
တခြားတည်တံ့မယ့်ဟာတွေနဲ့
ထိန်းသိမ်းထားကြပေလိမ့်မယ်
နှစ်တွေ ခုန်ပျံလွှားနေတဲ့ထဲမှာ
ငါ အသက်ရှင်လို့သာ နေချင်ပေရဲ့
ဒါပေမယ့် အဆုံးမှာတော့ ငါ့ဆန္ဒက
တခြား ငါ မတောင့်တဘူး
ငါ့ရဲ့ နောက်ဆုံးအချိန်ကို
ငါ တွေ့ဆုံလိုက်ချင်တယ်
သေခြင်းကို
ရဲဘော် ညက်ထယ် တွေ့ခဲ့သလိုမျိုး။

မာယာကော့စကီး

ဆုတောင်း

Wednesday, September 30, 2009 Posted by ဂျေဂျူဝိုင်
ငါ့အလွမ်း မတင်မီကာလ
မှတ်တမ်းမှတ်ရာမဲ့ စွဲမြဲနေသော အဖြစ်အပျက်များ
ခု ချစ်ကြည့်တော့လည်း
ပုံပြင် အဟောင်းတွေပဲ ထွက်ကျလာ

ဒဏ်ရာမပါသော ဆေးစက်က
အရသာမဲ့သတဲ့
ချဲ့ကားပြောတတ်တဲ့ ရာဇ၀င်က
ငါ့သံခြေကျင်းတွေကို လာလာရိုက်
ကံကြမ္မာနဲ့များ ဇာတ်တိုက်ထားရော့သလား

ဘ၀ဟာ
တစ်ခန်းရပ် အဲလိုက်ပြဇာတ်ဆန်ဆန်
ဖန်တံတံနဲ့
နှစ်ချို့ရမ္မက်တွေ
လူစဉ်မမီသော အတွေးအခေါ်တွေ
တော်တော်မှ အခြေတကျရှိပါရဲ့လား

ခေါ်သံများနဲ့ နားအံသေ
ကြားနေရသော ခရီးစဉ် အထပ်ထပ်က
တရားကို စောင့်သောနတ်များ
ငါ့အား
ကြိုးတန်းလန်းနဲ့ ဗျာဒိတ်ပေးခဲ့ကြပါ။

မနော်ဟာရီ

မှန်ကြည့်ပြီးရေးတဲ့ကဗျာ

Wednesday, September 30, 2009 Posted by ဂျေဂျူဝိုင်
(၁)
ရာဇဖွားသာဆိုရဲ့
ယိုင်နဲ့နဲ့ ရှင်သန်မှု သက်တမ်းမှာ
ဘယ်သူ့အပေါ်မှလည်း သြဇာမလွမ်းခဲ့

(၂)
ကောင်းကင်တည်ရာမှားပုံပေါက်ရဲ့
မီးတောက်က လင်းချင်သမျှ
ဖယောင်းတိုင်က ဇောက်ထိုး
(ဒီလိုနဲ့)
ရိုးရိုးလေးပဲ ငြိမ်းမှောင်ခဲ့ရ

(၃)
ရဲရင့်သော လူငယ်စိတ်ကို
ကြိုးတန်းတစ်ခုလို သွယ်တန်းပေးမိတော့
အတ္တတွေ လာလာတင်လှန်းကြ
ပြန်ရသမျှက နောင်တနဲ့ သံဝေဂ
တရားရဖို့တော့ ဝေးစွ အန္ဓ

(၄)
ချစ်သူတွေကို
ရန်သူတွေကို
ကောက်ကျစ်သူတွေကို
ယုတ်မာသူတွေကို
ရက်စက်သူတွေကို
ရိုင်းစိုင်းသူတွေကို
လူလည်လူရှုပ်တွေကို
မလည်ရှုပ်တွေကို
မာန်ထောင်သူတွေကို
ဟန်ဆောင်သူတွေကို
မုန်းခဲ့ရ
..........................
နောက်ဆုံးကျမှ
ကိုယ့်ကိုယ်ကို မုန်းဖို့သတိရ

(၅)
လက်ကို ပြန်ကိုက်လည်း
မိုက်သောခွေးကို အစာကျွေးခဲ့မိ
အခက်ကို ဆိတ်ချိုးလည်း
ဆိုးသောသူအပေါ် အရိပ်မိုးခဲ့မိ
အဲသည်လို ပေးဆပ်တာလည်းရှိ
ပြီးတော့ ... တေးမှတ်တာလည်းရှိ
ကိုယ့်အမှားတွေ ကိုယ်ပြန်သိဖို့
ကြည့်စရာ မော်နီတာမရှိ
ပြစရာ ပရိုဂျက်တာ လည်းမရှိ

(၆)
အများသူငါလိုပါပဲ
မွေးကတည်းက မှားခဲ့တယ်
အသက်အရွယ်အလိုက် အပိုင်းအခြားအလိုက်
ဆက်မိုက် ဆက်တိုက်မှားပြန်တယ်
အလိမ်မပေါ်အောင် ဟန်ဆောင်ရင်း
စာရင်းတိုးလာတဲ့ မုသာဝါဒတွေ
ညက များသွားတာနဲ့ မနက်မှာ ပြန်ဖြေ
တစ်စ တစ်စ ပွားများလာတဲ့ သူရာမေရိယတွေ
...........................................
...........................................
ချစ်သော ကလေးရေ
ငါဟာ လောက်လန်းတစ်ကောင်ပါကွယ်
ရွံစရာ ဒန္နယာထဲမှာ
မရွံမရှာ ကျွမ်းထိုးနေဆဲပဲ။

ဧထက်


ခက်တယ်

Monday, September 28, 2009 Posted by ဂျေဂျူဝိုင်
မျက်ရည်မိုးတွေ နင့်အောင်ရွာမယ့်
အဆုံးသတ်ကို သူမသိစေချင်
သော့ပျောက်နေတဲ့ ညမှောင်မှောင်ထဲက
ကိုယ့်အဖြစ်ကို သူမသိစေချင်
တယောအိုထဲ သိမ်းထားတဲ့ သံစဉ်လို
ဝေးနေပြီးသားကို သူမသိစေချင်
မစိုက်ပျိုးဘဲ ရိတ်သိမ်းနေရတဲ့
ကိုယ်နာကျင်မှုကို သူမသိစေချင်
အမှားကို အမှန်ပါလို့ ဖြေလိုက်တဲ့
ကိုယ့်ရင် ခြစ်ရှနေတဲ့ဆူးကို သူမသိစေချင်
မေ့နိုင်စွမ်းမဲ့ မီးစွဲလောင်နေတဲ့
အိပ်မက်ကလည်း လန့်နိုးစေချင်
အယူခံမဲ့ နဂိုရ်ဝေးပြီးသား သစ်ပင်
ပြန်မရမှာစိုးတယ်လို့ ၀န်ခံချင်
အမြဲရှုံးစစ်ပွဲထဲက
သူ့ကိုလည်း ပျော်နေစေချင်
ဒဏ်ရာနဲ့ တစ်ထပ်တည်းကျနေတဲ့
ကံကြမ္မာကို အပြစ်ဖို့မှုကိုလည်း ပြီးစေချင်
ဒီအတိုင်း မျက်စိစုံမှိတ်ထားရတဲ့ဘ၀ကို
သံသရာဆုံးသည်ထိ သယ်ယူသွားချင်။


အချစ်ကို ငါနားမလည်ဘူးလို့ ထားလိုက်ပါ

Saturday, September 26, 2009 Posted by ဂျေဂျူဝိုင်
တိမ်တစ်ချို့ မဖွဲ့တဲ့ညနေ
ကမ္ဘာကြီးဆီက ထွက်ချင်တဲ့စိတ် ကြွေခဲ့
အချစ်ကို ငါနားမလည်ဘူးလို့ ထားလိုက်ပါ
ညီညာစွာ စိုက်ထားတဲ့ လရောင်ကြား
မင်းက လလည်းမသာဘူးနော်တဲ့
အချစ်ကို ငါနားမလည်ဘူးလို့ ထားလိုက်ပါ
နက္ခတ်တွေ အဆုံးစီရင်သွားတော့
မုသားတွေ မင်းထပ်မံထမ်းပိုးထားရ
အချစ်ကို ငါနားမလည်ဘူးလို့ ထားလိုက်ပါ
ရင်ခုန်သံ စီးနင်းတဲ့ ရထားနဲ့
ပြန်လမ်းမဲ့ ဘ၀တစ်ခု ခေါ်ဆောင်သွား
အချစ်ကို ငါနားမလည်ဘူးလို့ ထားလိုက်ပါ
လမိုက်ညထက် မှောင်တဲ့ည
မင်းစကားတွေ စိတ္တဇဆန်လိုက်တာ
အချစ်ကို ငါနားမလည်ဘူးလို့ ထားလိုက်ပါ
မင်းစီးနေတဲ့ တစ်ကိုယ်စာ စမ်းချောင်းမှာ
တစ္ဆေကို တကယ်မြင်ဖူးသွာပြီတဲ့လား
အချစ်ကို ငါနားမလည်ဘူးလို့ ထားလိုက်ပါ
အပြုံးတွေနဲ့ ပြတ်စဲစေတဲ့ အနမ်း
တစ်ခါလဲပြိုတာ တစ်ခါပြန်မထနိုင်တော့ဘူးလား
အချစ်ကို ငါနားမလည်ဘူးလို့ ထားလိုက်ပါ
သံဆူးကြိုးနဲ့ နှလုံးသားကို ထိထားရင်
ရှေ့နည်းနည်းတိုးတာနဲ့ နည်းနည်းပိုစိုက်ဝင်မှာပဲ
အချစ်ကို ငါနားမလည်ဘူးလို့ ထားလိုက်ပါ
မင်းမျက်ရည်ဘာသာဗေဒကို ခေါင်းအုံး နားမလည်သလို
ဘယ်သူမှလဲ မစာနာပေးခဲ့ဘူးမဟုတ်လား
အချစ်ကို ငါနားမလည်ဘူးလို့ ထားလိုက်ပါ
ဘာလဲ ... ငါ့ကို လာမပြိုင်ကြနဲ့လို့
မင်း အချစ်ဘုရင်မ လုပ်ချင်နေတာလား
အချစ်ကို ငါနားမလည်ဘူးလို့ ထားလိုက်ပါ
ဘာပဲဖြစ်ဖြစ် နင်ပြောပြောနေသလို
ငါ
အချစ်ကို နားမလည်ဘူးလို့ ထားလိုက်ပါ။



သိပ်ချစ်ရတဲ့ သူငယ်ချင်းသို့။


အဖြူရောင်စာမျက်နှာ

Thursday, September 24, 2009 Posted by ဂျေဂျူဝိုင်
မနှောင့်ယှက်ကြပါနဲ့
စားပွဲပေါ်က စာအုပ်ဖွင့်တဲ့
လက်ချောင်းတွေကို
ဆုံးရှုံးခဲ့ရင်သာ
တန်ဖိုးကြီးမှန်းသိမယ့်
လက်ဝယ်ပိုင်ဆိုင်ချိန်မှာ
အပိုပစ္စည်းဖြစ်နေတဲ့
လူငယ်တို့ရဲ့ ဘ၀တွေ
အတင်းပွင့်ခိုင်းလို့မရဘူး
ရွှေမှုံကြဲအဖြစ်ကို အရာရာထင်တဲ့
ဖြစ်တည်ရကျိုးမနပ်မယ့်
အခွံသက်သက်လူုတို့ရဲ့
ဂုဏ်သိက္ခာဆိုတာကို
ရက်လွန်ဆေးလို
မြောင်းထဲ လွင့်ပစ်လိုက်
. . . . . . . . . . . .
ညီမလေး
စာကျက်
ကျန်းမာရေး ဂရုစိုက်။


မှော်ဝင်နှုတ်ခမ်း

Tuesday, September 22, 2009 Posted by ဂျေဂျူဝိုင်
ငါသိသမျှ ငါရေးမယ့်ကဗျာ
ကြေလွယ်ကွဲလွယ် လူအန္ဓတို့ရဲ့ ခံစားမှုတွေ မပေါက်ကွဲခင်
ကဗျာရာဇ၀င်မှာ ဂန္ထ၀င်တွင်မယ့်
နှုတ်ခမ်းနဲ့ ဖွဖွနမ်းခဲ့ပါလား ချစ်သူရယ်။
အောင့်နမ်းနေရတဲ့ လောကဓံ
မှားမိတဲ့ အိပ်မက်ဆိုးကို နှင်မထုတ်မိခင်
ည,လက်ကောက်ဝတ်ကို သွေးဖောက်မယ့်
နှုတ်ခမ်းနဲ့ ဖွဖွနမ်းခဲ့ပါလား ချစ်သူရယ်။
စွန့်စားခန်းအပြန်ယောနသံများ
အားလုံး စွန့်ခဲ့တဲ့ဆယ်စုနှစ်က အတိုင်းမပြောင်းလဲမှန်း မသိခင်
ကြုံးဝါးရူးသွပ်မိုက်မဲဦးမယ့်
နှုတ်ခမ်းနဲ့ ဖွဖွနမ်းခဲ့ပါလား ချစ်သူရယ်။
ခွေးမြီးကောက်စွပ် ကျဉ်တောက်တွေရဲ့ ၀န်ခံချက်
ဆူနာမိလှိုင်းပန်းမ၀င်ခင်
စိတ်နယ်လွန်မုန်တိုင်းတွေကို စံနက်တံဖြုတ်မယ့်
နှုတ်ခမ်းနဲ့ ဖွဖွနမ်းခဲ့ပါလား ချစ်သူရယ်။
ဂိုးသွင်းအားထက် ဖျက်အားပိုသန်တဲ့ ဘောလုံးသမား
အကောင်းမြင်ဝါဒတွေ သက်လုံမပျက်ခင်
ရူးရူးနှမ်းနှမ်း ဘ၀ဖျက်မယ့်
နှုတ်ခမ်းနဲ့ ဖွဖွနမ်းခဲ့ပါလား ချစ်သူရယ်။
ယစ်မူးဖွယ်အလှကို စုပ်ယူနေသော မျက်လုံးများ
ဣဋ္ဌာရုံအကြည်ဓာတ် အညွန့်မကျိုးခင်
ကျူးလွန်မှုအတွက် ပုထုဇသ်ကို ရိုးမယ်ရှာမယ့်
နှုတ်ခမ်းနဲ့ ဖွဖွနမ်းခဲ့ပါလား ချစ်သူရယ်။
အတ္တအစွန်းများနဲ့ ရူးသွပ်ကြသူ ကဗျာဆရာများ
ကသောင်းကနင်းဝါဒက မြင်းရိုင်းလို ခွာခုတ် မခံရခင်
ဟန်အသစ်အတွက် ချပ်မိန်ညိုဝတ်မယ့်
နှုတ်ခမ်းနဲ့ ဖွဖွနမ်းခဲ့ပါလား ချစ်သူရယ်။
လူငယ်တို့ရဲ့ ဆယ်ခြောက်နှစ်အလွန် ဘ၀နိဂုံး
လက်တစ်လုံးခြား မျက်ခုံးမွေးပေါ် စကြံမလျှောက်ခင်
ပူစီဖောင်းလို ဘ၀ရဲ့ အဓိပ္ပါယ်ကို သိတယ်ဆိုရုံလေးသိမယ့်
နှုတ်ခမ်းနဲ့ ဖွဖွနမ်းခဲ့ပါလား ချစ်သူရယ်။
တောင်ပေါ်သားတို့အတွက် မြေပြန့်မြက်ခင်းရိုင်း
သမိုင်းဟောင်းကို သမိုင်းအသစ်အဖြစ် သမိုင်းမစခင်
နှလုံးသားဗဟိုရ်မှာ အမုန်းတရားတွေ အုဋ္ဌ်မြစ်ချမယ့်
နှုတ်ခမ်းနဲ့ ဖွဖွနမ်းခဲ့ပါလား ချစ်သူရယ်။
ညကိုးနာရီတိုင်းမှာ ဖုန်းထဲကနေ ခပ်လှောင်လှောင်လေးပြောတတ်သူ
အတူပြောခဲ့ဖူးတဲ့ စကားတွေ မင်းရင်ထဲ မှုံဝါးမသွားခင်
အချစ်ကို ကားဝယ်ပေးနိုင်မယ့်လူလောက် အရေးမကြီးပါဘူးပြောမယ့်
နှုတ်ခမ်းနဲ့ ဖွဖွနမ်းခဲ့ပါလား ချစ်သူရယ်။
မေတ္တာနဲ့ လမ်းခွဲပြီး ဟမ်းဖုန်းနဲ့ ကားနောက် လိုက်တဲ့အချစ်
ဖုံးဖုံးဖိဖိကိစ္စတွေ ဥဒါန်းမကြေခင်
ခန္ဓာနဲ့ အ၀ီစိတိုင် မီဒီယာချဲ့မယ့်
နှုတ်ခမ်းနဲ့ ဖွဖွနမ်းခဲ့ပါလား ချစ်သူရယ်။
ထီးစွန့်နန်းစွန့် ဘုရင်မရဲ့ ချစ်သစ္စာ
အပျော်ဖတ်ဝတ္ထုလို အဟောင်းဆိုင် အပို့မခံရခင်
ဇောသန်သန် အကုသိုလ်နွံထဲ မနစ်မချင်းဆင်းမယ့်
နှုတ်ခမ်းနဲ့ ဖွဖွနမ်းခဲ့ပါလား ချစ်သူရယ်။
အားကောင်းမောင်းသန် ချို့တဲ့နေတဲ့ ကျန်းမာရေး
ခေတ်မီဆေးဝါးတွေ အိုနာကျိုးကန်းမဖြစ်ခင်
နောင်တကြိုးအထပ်ထပ်ဖွဲ့ သံဝေဂယူမယ့်
နှုတ်ခမ်းနဲ့ ဖွဖွနမ်းခဲ့ပါလား ချစ်သူရယ်။
အမျိုးမျိုးမေးပြီး ဗေဒင်ဟောလိုက်တဲ့ဆရာဝန်
နွေဦးမက်မှုံပွင့်တွေ အခေါင်းမပိတ်ခင်
ကင်ဆာဆိုပြီး လူနာမိသားစုကို ဖြိုခွဲမယ့်
နှုတ်ခမ်းနဲ့ ဖွဖွနမ်းခဲ့ပါလား ချစ်သူရယ်။
အညာဘက် ပြန်စီးဖို့ မေ့နေတဲ့မြစ်
သတိပဌာန်တရား မနာကြားရခင်
ရမ္မက်ရည်အောက်မှာ ကျွန်ခံမယ့်
နှုတ်ခမ်းနဲ့ ဖွဖွနမ်းခဲ့ပါလား ချစ်သူရယ်။
နေထိုင်မကောင်းသော မဆန့်မီလက်
ဘောင်ဘင်ခတ်အိုး မကွဲခင်
မသူတော်တွေ ကိုယ့်ဂုဏ်ကိုယ်ဖော်မယ့်
နှုတ်ခမ်းနဲ့ ဖွဖွနမ်းခဲ့ပါလား ချစ်သူရယ်။
အကောင်းတီထွင်ပြီး တမြေ့မြေ့ဖျက်ဆီးနေတဲ့ သင်္ခါရ
နိုင်လိုမင်းထက် ငို့ဘတွေ အဟုန်မပြင်းခင်
နောက်နောင်လူသားတွေ အယူသီးစေမယ့်
နှုတ်ခမ်းနဲ့ ဖွဖွနမ်းခဲ့ပါလား ချစ်သူရယ်။
စဉ်းစားဉာဏ်အရှိဆုံးလူသားများ
ဒါဝင်ဝါဒထဲက အကောင်လို မကျင့်ခင်
မရောင်ရာဆီလူးကြမယ့် ခေါင်းဆောင်တို့တရားနာမယ့်
နှုတ်ခမ်းနဲ့ ဖွဖွနမ်းခဲ့ပါလား ချစ်သူရယ်။
အလင်းရောင်ရှိရာ အပ်ပျောက်ရှာတဲ့ အဖွားအို
ကောင်းကင်ဘုံဆီသွားရာ လမ်းမပျောက်ခင်
ငှက်ဆိုးခွင့်မလွတ်နိုင်အောင် စောင်းကြိုးညှိမယ့်
နှုတ်ခမ်းနဲ့ ဖွဖွနမ်းခဲ့ပါလား ချစ်သူရယ်။
စာတတ်မှ လူရာဝင်တယ်လို့ ပြောပြောတဲ့ လူညာတွေ
မာယာနဲ့ သာဌေယျကို စိန်ရွှေလို မထားသိုခင်
မင်းတို့သိပ်ညံ့တာပဲလို့ မန္ထာန်ရွတ်မယ့်
နှုတ်ခမ်းနဲ့ ဖွဖွနမ်းခဲ့ပါလား ချစ်သူရယ်။
စင်္ကြ၀ဠာမယ်ကို အိပ်ခန်းထဲ ခေါ်ခဲ့တဲ့အင်တာနက်
www ကို we were wrong လို့ မဖွင့်ခင်
အနာဂတ်ကို အမြန်ဆုံးအတိတ်ဖြစ်စေမယ့်
နှုတ်ခမ်းနဲ့ ဖွဖွနမ်းခဲ့ပါလား ချစ်သူရယ်။
လောကကို ကောင်းကျိုးမပေးတဲ့ ငါ
သံသရာအဆက်ဆက် အပယ်မခံရခင်
ရေးတဲ့ကဗျာနဲ့ ဖတ်သူကို အဆိပ်ခတ်မယ့်
နှုတ်ခမ်းနဲ့ ဖွဖွနမ်းခဲ့ပါလား ချစ်သူရယ်။


(၂၀၀၅ ဇန်န၀ါရီလ) တွင်ရေးဖွယ့်ခဲ့သော


အာဒမ်မစားခဲ့တဲ့ပန်းသီး

Monday, September 21, 2009 Posted by ဂျေဂျူဝိုင်
ခ်စ္သူ
မင်းအိမ်ရှေ့ ငါဖြတ်လျှောက်တိုင်း
မင်းကို ငါအရမ်းတွေ့ချင်တယ်
မင်းအိမ်ရှေ့ ငါဖြတ်လျှောက်တိုင်း
မင်းငါ့ကိုတွေ့မှာ အရမ်းစိုးတယ်
မင်းတို့ ရပ်ကွက်က ဖုန်ထူလွန်းတယ်
မင်းရဲ့ အတွေးအခေါ်က ပိုဖုန်ထူလွန်းတယ်
ငါဟာ ပျံသန်းလို့မရတဲ့ ပေဖူးငှက်မဟုတ်ဘူး
ငါဟာ မစီးဆင်းနိုင်တဲ့ မြစ်ရဲ့လျှို့ဝှက်မျက်ရည်မဟုတ်ဘူး
ငါဟာ ကိုင်းကူးမှားတဲ့ အိပ်မက်အကျိုးအပဲ့မဟုတ်ဘူး
ငါဟာ ရန်လိုနေတဲ့ ယုန်ကလေးမျှသာဖြစ်တယ်
ဒါကြောင့်
ငါ ပန်းသီးကို မစားခဲ့ဘူး
ဒီလိုနဲ့ ငါ့ကိုယ်ငါ
လေဖိအားနည်းရပ်ဝန်းတွေ ဖြစ်လို့
မုန်တိုင်းတစ်ခုလုံး
ဒိုင်ယာရီထဲ ညှပ်သိမ်းနေရတယ်
ခုတော့
မင်းပါးမဟုတ်တဲ့ ပါးကို နမ်းတိုင်း
ငါ့ရင်တစ်ခုလုံး တောမှားတယ်။


ပွင့်ပွင့်လင်းလင်း

Sunday, September 20, 2009 Posted by ဂျေဂျူဝိုင်
မလွမ်းလောက်တဲ့
အလောသုံးဆယ် နှုတ်ခမ်းပါးတစ်စုံ
မငုံဘဲနဲ့ လက်ရဲဇက်ရဲ ပွင့်တတ်တဲ့ပန်း
ဟောဒီကောင် ရင်ဘတ်ကြမ်းပြင်မှာ
ခြေရာမထင်နိုင်ဘူး လွယ်လွယ်နဲ့
တဖွဲ့တနွဲ့ကြွေကျရအောင်လည်း
ဝဲ၀ဲလာတတ်တဲ့ နင့်မျက်ဝန်း
ကြီးကြီးကျယ်ကျယ် မခန်းနားသေးဘူး
ခပ်သြသြခွန်းတုံ့သံလေးနဲ့
ငါ့စိတ်ကို ကဲ့ကဲ့ပြီး ယူတတ်ရုံနဲ့တော့
မြစ်နှစ်စင်းဆုံဖို့ ဝေးသေးတယ်
ကောင်မလေး
ရွေးချည်မှုဆိုတာ
တွေဝေခြင်း သံသရာလည်ပြီးမှ ရောက်တယ်
ငြင်းဆန်ဖို့ဆိုတာ
လက်ခံသိမ်းပိုက်ပြီးမှ ဖြစ်တည်ပေါက်ဖွားတယ်
မျက်နှာဆိုတာ
စိမ်းစိမ်းကြည့်ပြီးမှ လွဲလို့ရတယ်
ကဲ
င့ါရင်ကို ခွဲကြည့်စမ်း
အလွမ်းဆိုတာ ရှိနိုင်ရင်
ပြတင်းတံခါးမှာ ငါထိုင်မငေးဘူး
နင်လူးရုံနဲ့ နောက်ကျူရအောင်
ငါ
နဝေတိမ်တောင် ရေအိုင် မဟုတ်ဘူး။


ခမ်းမွန်လဗ်


တံငါသည်

Friday, September 18, 2009 Posted by ဂျေဂျူဝိုင်
မင်းကွန်ယက်ထဲ
ဘယ်သူ့မျက်ရည်တွေ မိခဲ့ဖူးလဲ
မင်းကော
ဘယ်သူ့ရယ်သံမှာ ပြိုလဲဖူးလဲ
ကြည်နူးမှုဆိုတာ
ပုဒ်မတပ်ခံရတဲ့ အပြုအမူမှာ မရှိဘူး
ငါ့ရဲ့
တံငါသည်မလေးရေ
အသွားမတော် တစ်လှမ်း ... တဲ့။




မဂ္ဂဇင်းတစ်ခုမှာ ဖော်ပြခံရဖူးတဲ့ ကျွန်တော့်ကဗျာဟောင်းလေးပါ။

တစ္ဆေဖြူ

Friday, September 18, 2009 Posted by ဂျေဂျူဝိုင်
ငါ့ရဲ့ ခင်မင်မှုဇုံထဲ
မင်းချဉ်းနင်းဝင်ရောက်လာတဲ့အခါ
မင်းအတွက် အဖြူရောင်ဟာ
တစ္ဆေဆန်ခဲ့တယ်
သေချာသိလိုက်ပြီ
ဘူဇွာဝါဒနဲ့ ပုပ်အဲ့နေတဲ့
လူရိုသေ ရှင်ရိုသေ ယဉ်ကျေးမှုကြောင့်
မင်းနဲ့ ငါ
ရှင်ကွဲ ကွဲရဦးမယ်ဆိုတာ
ဒါပေမယ့်
စနေနေ့မှာ ပွင့်တဲ့
ငါ့ရဲ့ အနီရောင်မလေးရယ်
ခုထိ
မင်းအကြောင်း ပြောရတာလောက်
ဘယ်မြစ်ကမှ ရေစီးမသန်ဘူး ။


ဟိုး ၂၀၀၄ က စပ်ခဲ့တဲ့ ကဗျာပါ။ နောက်ဆုံးစာကြောင်းကို တောင်ကြီးက ကဗျာဆရာရဲ့ စာသားလေးကို ခိုးယူထားပါတယ်။


လွမ်းပ

Thursday, September 17, 2009 Posted by ဂျေဂျူဝိုင်
သောကနဲ့ ကျပ်ထုပ်နေတဲ့ ညနေရီ
သက္ကာယတစ်ခုကြောင့်ပဲ
အလေ့ကျပေါက်နေတဲ့ သူ့မှာ
ဒီရုပ်ဒီရည်ကလေးနဲ့
အသည်းကွဲနေရလို့တဲ့
ဟောဒီမှာ
ယောင်ချာချာဖြစ်နေတဲ့ နှစ်ပရစ္ဆေဒတွေ
လွမ်းပ
ကံတရားရဲ့ မျက်လုံးထဲ
အသူတရာနက်တဲ့ အပြုံးတွေ ရှိတာ သိလျှက်နဲ့
သူ
ခုန်ချ
လွမ်းပ
ဘာမှ မပြောဘဲ နောက်ဆုတ်သွားတာ
အတုန်းအရုန်းတွေကြား
ရွတ်ရွတ်ချွန်ချွန်
လွမ်းပ
အနမ်းရေ
နှလုံးသားထဲ
ဘာလို့ ညာညာပြီး
ညနေစောင်းချင်ရတာလဲ
နေ့တွေလည်း ၀မ်းနည်းစွာ ပြန်သွားခဲ့
သူ့မှာ ကမ္ဘာမရှိတော့။


မောင်သိန်းဇော်

ရေတံခွန်

Thursday, September 17, 2009 Posted by ဂျေဂျူဝိုင်
နှလုံးရဲ့ အနီးဆုံးနေရာကနေ
ရရာကို စစွဲပြီး လောင်တဲ့မီးနဲ့အတူ
တရားနဲ့ ဖြေလို့မရအောင်
အချစ်အတွက် ဘ၀ကိုမီးရှို့မယ့်
ငါ့ရဲ့ အနီရောင်မလေး
မင်းကိုယ်မင်း ဘယ်သူဆိုတာကော
မှတ်မိ သတိရပါသေးသလား
ချစ်တတ်သူအားလုံးရဲ့
နောင်တ အပိုင်းအစ
သာဓကလေးတစ်ခု
မင်း မဖြစ်ပါနဲ့...။


ရေသေမြစ်

Tuesday, September 15, 2009 Posted by ဂျေဂျူဝိုင်
ချော်ကျသွားတဲ့ ကျဉ်းမြောင်းမှုထဲ
အဓိပ္ပါယ်လွဲနေတဲ့ မေ့မရမှုက
ငါ့ရင်ဘတ်ထဲ ခုန်ဝင်သွားတယ်။
မင်းနှုတ်ခမ်းထက်က င့ါရင်ခွဲမယ့်စကားကို
တစ်နေရာရာမှာ အသေအဖြစ် ထားခဲ့ပါ
ဒါမှမဟုတ် ဧရာဝတီမြစ်ထဲ ပစ်ချလိုက်ပါ
အချစ်တွေ နှလုံးထဲ ယိုစီးလာတာနဲ့အမျှ
ဒဏ်ရာက ညနဲ့အတူ ပိုပိုနက်လာတယ်။
ငါ့ရဲ့ အိမ်တိုင်ရာရောက် အလွမ်းတွေ
ပျောက်ဆုံးသွားတဲ့ သိမ်မွေ့အိပ်မက်တွေ
မကြာမကြာ ကွဲရှသွားတဲ့ တမ်းတသံမှာ
ခုထိ နေရောင်နဲ့ မထိအောင် ၀ှက်ခံရတုန်း
ဘယ်သူ ဖျတ်ဖျတ်လူးနေတဲ့ နှလုံးသားကို မြင်ဖူးလဲ။



(ကဗျာက ကောင်းလဲ ကောင်းဘူး)

ဥစ္စာရူး

Tuesday, September 15, 2009 Posted by ဂျေဂျူဝိုင်
အလွမ်းတွေနဲ့
ယားယံနေတဲ့
ငါးမူးစေ့တစ်စေ့အကြောင်း
ကံကောင်းချင်တော့
ကျွန်တော်နဲ့သူမ ချစ်သူဖြစ်ကြတယ်။
ကံဆိုးချင်တော့
ကျွန်တော့်မှာ တယ်လီဖုန်းလေးတစ်လုံး မရှိခဲ့ဘူး။
ကျွန်တော်တို့ မိသားစု ဆင်းရဲလိုက်ပုံများ
တယ်လီဖုန်းလေး တစ်လုံးတောင်မှ အိမ်မှာ မထားနိုင်ဘူး။
အမေတို့ အဖေတို့ကလည်း
တစ်နေ့မှာ သူတို့သားလေးဟာ တယ်လီဖုန်းရှိတဲ့ အိမ်က
သမီးပျိုလေးနဲ့ ချစ်သူဖြစ်လိမ့်မယ်ဆိုတာကို
မသိခဲ့ကြဘူးနဲ့ တူပါရဲ့။
တကယ်လို့ အစောကသိခဲ့ရင်တော့
သားလေးရဲ့ နောင်ရေးအတွက်
တယ်လီဖုန်းလေး တစ်လုံးဖိုးကို
သူတို့ ပိုရှာခဲ့ကြမှာပေါ့။
ခုတော့
ကျွန်တော် ကံဆိုးလိုက်ပုံများ
ကျွန်တော့်မှာ တယ်လီဖုန်းလေး တစ်လုံးတောင် မရှိဘူး။
ဒါပေမယ့်
ကျွန်တော် ကံကောင်းချင်တော့
ကျွန်တော်တို့ နိုင်ငံမှာ
ငါးမူးလေစေ့လေး တစ်စေ့ထည့်ပြီး အသုံးပြုလို့ရတဲ့
တယ်လီဖုန်းလေးတွေ အများကြီးရှိနေလို့ တော်ပါသေးရဲ့။
ငါးမူးစေ့လေးကို ကျွန်တော် တယ်လီဖုန်းထဲ
ထည့်လိုက်တဲ့အခါ တယ်လီဖုန်းထဲကို ဂျောက်ခနဲ ကျသွားတဲ့
ငါးမူးစေ့လေးတွေဟာ ကျွန်တော်ဖြစ်ပြီး ကျွန်တော့်ရင်ထဲကို
ဂျောက်ခနဲ ကျလာတဲ့ ငါးမူးစေ့လေးဟာ သူမဖြစ်ပါတယ်။
တခြားအချိန်တွေမှာ
ကျွန်တော်ဟာ
သာမာန်လူသားလေး တစ်ယောက်ပါပဲ
ကျွန်တော့်ဘ၀မှာလည်း စိတ်ကြီးဝင်စရာဆိုလို့
ဘာမှ မရှိပါဘူး။
ဒါပေမယ့်
သူမလေးရဲ့ အသံကို
နှလုံးသားနဲ့ ဆတ်ဆတ်ကြားနေရတဲ့
အခါမျိုးမှာတော့
ကျွန်တော်ဟာ ဘ၀မေ့တတ်ပါတယ်။
ဘူတာရုံကို ငါးမူးစေ့ကလေးတစ်စေ့နဲ့
တယ်လီဖုန်းလာဆက်တဲ့ ကောင်လေး မဟုတ်တော့ဘဲ
နတ်သားလေး တစ်ပါးလို့ ထင်မိတယ်
သူမ အသံကို ကြားရတဲ့အတွက်
နှလုံးသားဟာ ကိုယ်ရောင်ကိုယ်ဝါတွေ
တောက်ပလွန်းနေလို့ပေါ့။
လူအဖြစ်ကို ရဖို့ မလွယ်ဘူး
လူသားအားလုံး
တယ်လီဖုန်းလေးနဲ့ ချစ်စကားပြောဖူးသင့်တယ်။
အထူးသဖြင့် ကျွန်တော့်လို
ဘူတာရုံက တယ်လီဖုန်းလေးနဲ့ ချစ်စကားပြောမိရင်တော့
ပိုပြီး အရသာထူးကဲမယ်။
ဂျုံး ဂျုံး ဂျက် ဂျက် ဂျုံး ဂျုံး ဂျက် ဂျက်
အဲဒီ မီးရထားကြီးတွေက တခြားဘူတာရုံတစ်ခုကို ရောက်ဖို့အတွက်
အချိန်တော်တော်ကြာ စီးရပေဦးမယ်။
ဂျုံး ဂျုံး ဂျက် ဂျက် ဂျုံး ဂျုံး ဂျက် ဂျက်
အဲဒီ ခရီးသွားတွေက သူတို့ဘ၀ ရည်မှန်းချက် အသီးသီးကို
ရောက်ဖို့ မီးရထားကြီးကို အချိန်တော်တော်ကြာ
စီးရပေဦးမယ်။
အဲဒီ အချိန်မှာ ကျွန်တော်က သူမနားရွက်ကလေးထဲ
ရောက်ရှိနေပြီမို့ ဘ၀ရည်မှန်းချက် အားလုံးကို
တယ်လီဖုန်းထဲမှာပဲ ပြီးဆုံးလိုက်တယ်။
တူ ၀ူ
ဒါကို မသိတဲ့ ခရီးသွားတွေနဲ့ ကျွန်တော့်လို ကံမကောင်းတဲ့
မီးရထားရှည်ကြီးကတော့ အဝေးကိုပဲ နေ့စဉ် မောင်းနှင်နေရရှာတယ်
ဂျုံး ဂျုံး ဂျက် ဂျက် ဂျက် ဂျုံး ဂျုံး ဂျက် ဂျက်
သူမဟာ ၀တ်ဆံကူးနည်း ဖြစ်တယ်
သူမကို စကားပြောရတာ စတုတ္ထတန်း သင်္ချာထက် ပျော်စရာကောင်းတယ်
သူမကို အာရုံပြုလိုက်တဲ့အခါ
မိုးတိမ်ဖြစ်ပေါ်ပုံကို မြင်ရတယ်
သူမနာမည်က အရှက်တရားထူထပ်သော
ဓာတ်သတ္ထုအရိုင်းများလို့ ခေါ်တယ်
ဒါဟာလည်း ကျွန်တော့်အတွက်တော့ ကမ္ဘာ့သမိုင်းပါပဲ။
အမေတို့ အဖေတို့လည်း အသိမဟုတ်လား
ကျွန်တော့်မှာ မျက်ရစ်လေး မပါဘူးဆိုတာ
အဲဒီနေ့က
အဝေးကိုသွားမယ့် မီးရထားဥသြသံတွေဟာ
ကျွန်တော်နဲ့ တစ်စုံတရာ ပတ်သက်နေတယ်ဆိုတာ မသိခဲ့ဘူး။
နောက်တစ်နေ့မှာ
ကျွန်တော့်အတွက် အဓိပ္ပါယ်ရှိမှာ မဟုတ်တဲ့
ငါးမူးစေ့ကလေးတွေ လက်ထဲ အပြည့်ထည့်လို့
ဘဏ်တိုက်ကြီးတစ်ခုကို အေးအေးဆေးဆေး
(လုံးဝနောက်ဆံ မတင်းဘဲ) ကျောပေးပြီး
အိမ်ကို ပြန်ခဲ့တယ်
နောက်တစ်နေ့မှာ ငါးမူးစေ့လေးတွေ အများကြီးထဲက
ပထမ ငါးမူးစေ့လေးနဲ့ သူမဆီ ဖုန်းဆက်တော့
ဂျုံး ဂျုံး ဂျက် ဂျက် ဂျုံး ဂျုံး ဂျက် ဂျက်
သူမ ကျွန်တော့်ကို မုန်းသွားပြီတဲ့။
ဖြစ်ပုံက ဒီလိုပါ
ကျွန်တော် အတိတ်ဘ၀ထဲမှာ မေ့ကျန်ခဲ့တဲ့
မျက်ရစ်ကလေး
သူမက ဖုန်းကနေ တစ်ဆင့် လှမ်းပေးလိုက်လို့ပါပဲ။
အချစ်ရေ
သိပ်စိတ်တိုတယ်၊ ရှိသမျှ ငါးမူးစေ့တွေကို
လက်ထဲမှာထည့်ပြီး အကုန်ကြဲပစ်လိုက်တယ်
ကံဆိုးလိုက်ပုံများ
ရည်းစားနဲ့ကွဲလို့ ပိုက်ဆံကြဲတဲ့ ငါးမူးစေ့သူကြီးကို
ဘယ်ကလေးကမှ သာဓု မခေါ်ကြဘူးကွယ့်။
ဘာပဲဖြစ်ဖြစ်
အခါတစ်ပါး၌ နားရွက်ကလေး တစ်ဘက်၏ အမုန်းကြောင့်
ကျွန်တော့်တွင် ငါးမူးစေ့ကလေးများ မျိုးတုန်းခဲ့ရသည်
ဆိုတာကတော့
ထိုးဇာတ်မဟုတ်ပါဘူး ကမ္ဘာကြီးရယ်
ဒါပေမယ့် ကြံကြံဖန်ဖန် ကံကောင်းချင်တော့
ငါးမူးစေ့လေး တစ်စေ့ တယ်လီဖုန်းစာအုပ်ထဲမှာ
ကုတ်ကတ်ပြီး ကျန်နေခဲ့တယ်
ရုတ်တရက် စာအုပ်ကိုလှန်လိုက်တုန်းကများ
ငါးမူးစေ့လေးခမျာ ရင်တုန်ပန်းတုန်နှင့်
အပြစ်မတင်လည်း ခံရရုံပဲ ဒီတစ်ခါတော့
ကျွန်တော် လွင့်မပစ်မိဘူးဗျာ
ဒါဟာ ကိုယ်ချင်းစာတရားပါလို့
အတိအကျ မပြောရဲပေမယ့်
တစ်ယောက်တည်း ကျန်ခဲ့တဲ့လူသားဟာ
တစ်စေ့တည်းကျန်ခဲ့တဲ့ ငါးမူးစေ့ကလေးအပေါ်မှာ
ရန်မီး မပွားနိုင်တော့ဘူးဗျာ
နောက်ဆုံးငါးမူးစေ့လေးလို့
အမည်ပေးပြီး သိမ်းထားလိုက်တယ်
တစ်ဆက်တည်းမှာပဲ
နှလုံးသားပေါ်ကို မျှော်လင့်ချက်လေးတွေ တဖွဲဖွဲကျလာပြီး
သူမကို နောက်တစ်ကြိမ် ချစ်တယ်လို့ ပြောခွင့်ရမှ ဒီဘ၀မှာ
ငါးမူးစေ့လေးကို သုံးမယ်လို့ စိတ်ဆုံးဖြတ်လိုက်တယ်
(အကြံကောင်းတော့ တစ်ချက်) တကယ်လို့များ
“ဖွ .... ဖွ...” တကယ်လို့များပေါ့လေ
ကံကောင်းလို့ ဒီတစ်သက် သူမနဲ့ ဖုန်းမဆက်ရတော့ဘူးဆိုရင်လည်း ဒီငါးမူးစေ့လေး (နောက်ဆုံး ငါးမူးစေ့လေး) ကို တခြားမှာ မသုံးတော့ဘူးလို့ သန္နိဋ္ဌာန်ချလိုက်တယ်။
ကျွန်တော်ဟာ အကြံကောင်းပေမယ့်
ကံ မကောင်းတဲ့သူပါဗျာ ရက် လ နှစ်တွေရင့်ညောင်း
လက္ခဏာအရေးကြောင်းတွေ မြင့်မားပြောင်းလဲခဲ့ပေမယ့်
သူမကို ဆုံဆည်းဖို့ အခါကောင်းတော့ဖြင့်
ရောက်မလာခဲ့ပါဘူး
ကျွန်တော်ကသာ မျှော်လင့်နေရတယ်
ကံတရာကတော့ဖြင့်
သွားချင်ရာ လျှောက်သွားနေတာပဲ ထင်ပါရဲ့
တစ်ခါတစ်ခါတော့ တစ်နေ့တခြားပိုလှလာတဲ့
ကျွန်တော့်မျက်ရစ်ကလေးကို ကြည့်ပြီး
ကျွန်တော့် မျက်လုံးလေးက ပိုပိုငိုမိတယ်
ကြည့်ပါဦးဗျာ၊ နောက်ဆုံး ငါးမူးစေ့ကလေးတွေဟာ
ချေးတွေတက်လို့ သူ့မှာ အိပ်မက်တွေလည်း မကောင်းဘူးတဲ့
ကျွန်တော့်မှာ ဆက်သွယ်စရာ တယ်လီဖုန်းတစ်ရာရှိရင်
စာအုပ်ထဲမှာ (၉၉) လုံးပဲ မှတ်ထားလေ့ရှိတယ်
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်နာမည်တောင်မှ
သူမရဲ့ ဖုန်းနံပါတ်လောက် အစွဲအလန်းမကြီးလို့ပါပဲ
(ရေးမှတ် မထားတဲ့ တယ်လီဖုန်းနံပါတ်ကလေးကို လွမ်းတဲ့အခါ)
စာအုပ်ထဲမှာရှိတဲ့ တယ်လီဖုန်း (၉၉) လုံးရဲ့ နံပါတ်တွေကို
ကယောက်ချောက်ခြား လျှောက်ကြည့်မိတယ်
နောက်ပြီး ဘယ်သူ့ဆီမှ မဆက်ဘဲ နေမိတယ်
အခု ကျွန်တော်တို့အိမ်မှာ တယ်လီဖုန်းအသစ်ကလေးတစ်လုံး
ရောက်နေတယ်၊ ကျွန်တော်နဲ့ မပတ်သက်ဘူး
မိသားစုရဲ့ တယ်လီဖုန်းဖြစ်ပါတယ်
ဘယ်တော့မှ တယ်လီဖုန်းမဆက်တဲ့ လူတစ်ယောက်အဖြစ်နဲ့
ကျွန်တော် အရိုးထုတ်သွားရတော့မှာလား
ကျွန်တော့်အဖြစ်က ဆိုးပါတယ်
ညဥ့်နက်သန်းခေါင်အိပ်ကောင်းတုန်းပေမယ့်
“ချွန် လွင်လွင်” ဆိုတဲ့ အသံမျိုးကြားရင် လန့်နိုးတယ်
ကျွန်တော့်ရဲ့ နောက်ဆုံး ငါးမူးစေ့လေးများ
အပြင်ထွက်ကျသလားလို့ပါ
တစ်ခါတစ်လေ
သူတပါးလက်ထဲမှာ ငါးမူးစေ့အဟောင်းလေးကို
မြင်ရင်လည်း ကျွန်တော့်ငါးမူးစေ့လေးကို ထိတ်ထိတ်ပျာပျာ
ထုတ်ကြည့်မိတယ်၊ နေထိုင်မကောင်းလို့
အိပ်ရာထဲ လဲနေတဲ့အခါမျိုးမှာတောင်မှ ငါးမူးစေ့လေးကို
ခေါင်းအုံးဘေးမှာ ထားပြီးအိပ်ရမှ
ဘယ်လောက် ၀မ်းနည်းစရာကောင်းသလဲ
နောက်ဆုံး ငါးမူးစေ့လေးအပေါ်မှာ ကျွန်တော်
အစွဲအလန်းကြီးခဲ့တယ်၊ ဥပါဒါန်ကြောင့် ဥပါဒ်ဖြစ်တယ်လို့
ကျွန်တော်တို့ မြတ်စွာဘုရားက ဟောကြားထားပါတယ်
သူမကို ကျွန်တော်က ဥပါဒါန်ဖြစ်ခဲ့ပြီး ငါးမူးစေ့လေးဟာ
ကျွန်တော့်အတွက် ဥပါဒ်ပေးနေပြီလား၊ ဘာပဲဖြစ်ဖြစ်
ငါးမူးစေ့လေးကို လွင့်မပစ်နိုင်ပါ။
မှန်တာပြောသစ္စာ
တစ်ယောက်သောသူက
ရွှေဒင်္ဂါးနဲ့ လှဲမယ်ဆို မလဲနိုင်ပါ
တစ်ယောက်သောသူက
မြို့ရွာတွေနဲ့ လှဲမယ်ဆိုလည်း မလဲပါ
ဘာကြောင့်လဲဆိုတော့
သူမကို ကျွန်တော် နောက်တစ်ကြိမ် ချစ်စကားပြောခွင့်ရမှ
သုံးမယ်လို့ ဆုံးဖြတ်ထားတဲ့
နောက်ဆုံး ငါးမူးစေ့လေးမို့ပါ။
တကယ်လို့များ
ကျွန်တော် အသက်ကြီးသွားခဲ့ရင်လည်း
ငါးမူးစေ့လေးကို သိမ်းထားနေဦးမှာ သေချာပါတယ်
ချေးတက်နေတဲ့ ငါးမူးစေ့လေးနဲ့
အဖိုးအိုကြီး ခါးကုန်းကုန်းပေါ့ဗျာ
ကုန်ကုန်ပြောမယ်ဗျာ
ကျွန်တော် သေသွားရင်တောင်
အဲဒီ ငါးမူးစေ့လေးကို
ကျွန်တော့် အိပ်ကပ်ထဲ ထည့်ပေးလိုက်ကြပါ
သူမက
ကျွန်တော့်ကို
တမလွန်ကျမှ
တယ်လီဖုန်း ဆက်ချင် ဆက်နေဦးမှာမို့လို့ပေါ့ဗျာ။


မောင်သိန်းဇော်ရဲ့ ၁၉၈၆ က , ကဗျာပါ။

နှုတ်ခမ်းလေးရဲ့ အဝေး

Tuesday, September 15, 2009 Posted by ဂျေဂျူဝိုင်
အလွမ်းနဲ့ငေါငေါ
အမည်မသိ ကိုယ့်ပါရမီနဲ့ကိုယ် ထိရှလို့
နာတာကို နာတယ်လို့
မပြောတဲ့ မြေကြီး သီးစရာရှိတာ သီးခဲ့
အတင့်ရဲတဲ့ နှုတ်ခမ်းလေးက
ပွင့်စရာရှိတာ ပွင့်သွားမှာတဲ့။
ထနောင်းဆူးတွေ အထွန့်မတက်နိုင်အောင်
မျက်နှာပေးလေးတစ်ခုနဲ့ ဟန့်တားတဲ့
တိမ်သားဖြူဖြူရေ
သူ့အချစ်ကို တယုတယစွန့်ပစ်ခဲ့တာပါ
တွေ့ဖူးပါတယ်ဆိုပြီး ကိုယ့်မျက်နှာထားကိုယ်
မမြင်ဖူးသလိုလို ပြန်ပြန်ကြည့်နေတဲ့
တိမ်သားဖြူဖြူရေ
ငါ့ရေပြင်မှာ ဆူးတွေ မရှိပါဘူးကွယ်
နှုတ်ခမ်းလေးရယ်
ဝေးနေပေမယ့်
နှုတ်ခမ်းလေးရယ်
တိမ်တွေကို ထားရစ်ခဲ့ပေမယ့်
နှုတ်ခမ်းလေးရယ်
ဓာတ်အားတွေ လွတ်ကျမသွားအောင်
မင်းနဲ့ငါ့
ဆက်ထားမှ ဖြစ်မှာတဲ့
အစောကြီး ပါးလွာနေ့တွေ
ဘယ်လို အနမ်းနဲ့ ဖာထေးမလဲ။

အားလုံး မြစ်ဆီသို့

Tuesday, September 15, 2009 Posted by ဂျေဂျူဝိုင်
စိတ္ကေလး
မလွမ်းအောင် နေလို့မရဘူး
လွမ်းလွမ်းနေ
မပျော်အောင် နေလို့မရဘူး
ပျော်ပျော်နေ
ဟေး ဂျွန်
အချစ်ကို မနိုင်မနင်း
သယ်ဆောင်လာတဲ့
တမျော်တခေါ်အနမ်းရဲ့
ဟိုးအတွင်းဘက်မှာ
အိမ်ဆီ ပြန်ခေါ်မယ့်လမ်း ပါသကွယ့်
အဲဒီမြေ ငါနမ်းလိုက်ပါရစေတော့
လေယာဉ်ကြီးနဲ့မှ မဟုတ်ပါဘူး
ပျံလွှားငှက်ကလေးနဲ့လည်း လိုက်မယ်
ဒီလောကမှာ
ဒီပါးပြင်လေးကို
ဒီနှလုံးသား အရူးအမူးကလေးက
ဘယ့်နှယ်လုပ်လို့မှ
သူစိမ်းပြင်ပြင်
သဘောမထားနိုင်တဲ့အတွက်
ဂျွန်ရေ
စိတ်ကို ဖမ်းကြပေရော
အနမ်းဆိုတာ ခိုးယူလို့ မရနိုင်ဘူးလား
သူက သိပ်လှတယ်
မျက်လုံးတွေ
အကြည့်တွေ မသိအောင်တစ်မျိုး
သိအောင်တစ်မျိုး လှသူပေါ့
အနယ်အမှုံထနေတဲ့ ညအပြာက
ကြယ်သားနုနုထွတ်ထွတ်တွေကိုမှ
စွဲမက်သတဲ့
သက်တန့်တွေ ကြယ်တွေ
ပန်းပွင့်တွေ သဘာဝလောကကြီးရဲ့
ကိုယ်နေခါးကျတွေ ဘယ်လိုလှလှနေပေမယ့်
သူကလေးကမှ ဣနြေ္ဒရတာပါ သူ့မှာ
စကားလုံးတွေလည်းလှတယ် ပြီးတော့
တသွင်သွင်စီးဆင်းလို့
ဂျွန်ကို ပြောလိုက်ပါ
ငါတို့ မြစ်ဆီသွားဖို့ မလိုတော့ဘူး။

မောင်သိန်းဇော် ရဲ့ ၁၉၉၅ ခုနှစ်က ကဗျာ။

မိမိကိုယ်မိမိ ခိုးယူပေါင်းသင်းခြင်း

Tuesday, September 15, 2009 Posted by ဂျေဂျူဝိုင်
သံစူးထားတဲ့
၂၅ နှစ်သားလေး
ကောင်းကင်နှစ်ထပ်နဲ့နေတယ်
သမံတလင်းတွေ ကွဲအက်
တစ်ချက်ချင်း အသက်ရှုသံတွေ
သွန်ပစ်နေတာ
အမေရေ
ကျွန်တော်နဲ့ ကျွန်တော်
မိုင်ပေါင်းများစွာ ဝေးကွာရ
ကျွန်တော်နဲ့ ကျွန်တော်
နှစ်ပေါင်းများစွာ ခွဲခွာရ
အိပ်မက်တွေ
တစ်ချို့ မွေးကင်းစမှာ သေဆုံး
အားလုံးအတွက်
ကျွန်တော် ကိုယ်လွတ်ရုံးသွားတာလား
တစ်ခါမှ
မရောက်ဖူးတဲ့ မနက်ဖန်
မျက်လုံးထဲက တောင်တွေဆီ
သွားဖို့
အခေါက်ခေါက်အခါခါ အမှောင်များ
ဘယ်လို ခုတ်ထွင်လင်းကျင်းပ
(ရိပ်ခနဲ)
ကောင်းကင်ပေါ် ငှက်တစ်အုပ်
ကျပ်ကျပ်တည်းတည်း
ပျံ သန်း သွား…။



မောင်သိန်းဇော်ရဲ့ ၁၉၈၇ က ကဗျာ။

မန္တာန်

Tuesday, September 15, 2009 Posted by ဂျေဂျူဝိုင်
လူသူမနီးတဲ့ စိတ်အာရုံ
ပန်းကလေး ရောယောင်ပြီး
စကြာဝဠာ ပွင့်ပုံဆန်း
ငိုသံရယ်မောသံ
ငါ့ကိုယ်ခန္ဓာထဲ
မှောင်အတိ နှစ်သန်းပေါင်းများစွာ
ကမ်းပါးတွေ မြစ်အတိုင်း ကွေ့ကောက်သမို့
မှားယွင်းမှု အပေါင်းရဲ့ ကောင်းကင်ကို
နှလုံးသားအောက် ဆွဲသွင်းရင်း
အတိုက်စားခံ မိခင်လှေတွေ
သင့်ဆီ ပြန်လာတဲ့အခါ
ဘယ်တော့မှ သင့်ဆီကို
ပြန်လာမှာ မဟုတ်တဲ့
ရေပေါ်ကပေါ့။

တစ်ညသ၌

Tuesday, September 15, 2009 Posted by ဂျေဂျူဝိုင်
တရှိန်ထိုး မှောင်စဉ်
ထပ်၍ မြန်လို့ မရနိုင်တဲ့
အမြန်ဆုံး
အကာလရဲ့ စန္ဒယားတစ်လုံးနှယ်
ဖြတ်သန်းရမယ့် နေရာတစ်ချို့
အ ဝေး ဆုံး ထား ရစ်
လျှပ်စီးလျက်လိုက်သလို ၀င်းခနဲ
ဘယ်အရပ်ကို သွားနေတာလဲလို့
လွမ်းဆွတ်စွာ သူမမေးခင်
ဘယ်တော့ရောက်မှာလဲ
လွတ်ဆွတ်စွာ သူအရင်မေးမိ
ကားမီးတစ်ထိုးစာ အလင်းထဲ။

Saturday, September 5, 2009

သီချင်းမပါတဲ့ သီချင်း

Saturday, September 05, 2009 Posted by ဂျေဂျူဝိုင်
ငါ့အိမ္နံရံမွာ ငါကုိယ္တုိင္ဝွက္ထားတဲ့
သမုဒယအပြည့်နဲ့ မင်းပုံရိပ်တွေ မဆွေးမမြေ့
အဲဒီနံရံတွေကနေပဲ စူးထက်တဲ့ နှုတ်ခမ်းနဲ့
င့ါရင်ကို ခွင်းခွင်းနေတဲ့ စကားမျှားစိမ်းတွေ
ကြည့်စမ်း လူသူကင်းဆိတ်နေတဲ့
ဟောဒီ လေဟာပြင်ရင်ခွင်မှာ
မင်းရယ်သံတွေ စစ်အင်အားအပြည့်နဲ့
ချဉ်းနင်းပြီး အပမီနေတဲ့ စိတ်တစ်ခုထားခဲ့
မပျော်တတ်တော့ပါဘူးကွယ်
မငြင်းဆန်နိုင်တဲ့ သမားရိုးကျဇာတ်ထုတ်မှာ
ကိုယ့်ခြေထောက်ကိုပဲ ရိုက်ချိုးတော့မယ်
ဖောက်ထားတဲ့လမ်းတွေက ကြမ်းတုန်းပဲမဟုတ်လား
သိတာပေါ့ ဂစ်တာအိုရဲ့ ညအချိန်ခိုးငိုချိန်ဟာ
ခပ်ရိုင်းရိုင်းနွေတွေ မဆုံးမချင်း
သီချင်းအသစ်ကို မစီးဆင်းစေနိုင်ဘူးဆိုတာ
ကြယ်စင်တွေ ချော်လဲကျတဲ့ညမှာ
မြင်းကောင်ရေအား ခပ်များများနဲ့ တမ်းတစိတ်တွေ
ခပ်ကြမ်းကြမ်းပဲ င့ါကို ဆွဲခေါ်သွားဦးမှာ
ငါ သိတာပေါ့ အနီရောင်မလေး။

Friday, September 4, 2009

အနီရောင်မလေးသို့ ကဗျာတိုများ

Friday, September 04, 2009 Posted by ဂျေဂျူဝိုင်
နင့်ဆီလာဖို့
အမှောင်တစ်ရာ
တံတိုင်းတစ်ရာထက်
နင့်ရဲ့ ဟင့်အင်းတစ်ရာက ဆိုးတယ်
နင်နဲ့ ဝေးရမှာကို
ငါ သိပ်ကြောက်နေတာ နင်သိသားနဲ့။




နင်မချစ်တတ်ပါဘူး တဲ့
ဒါမျိုးကျတော့ နင်တတ်တယ်
ရင်ခုန်သံကို
ဘယ်လိုထိန်းချုပ်ရမယ်ဆိုတာကိုတော့
နင် သင်ပေးတာ မဟုတ်ဘူး။



နင် ငါ့ကိုပြန်မချစ်နိုင်ဘူးဆိုတာ
ဘုရားသခင် အမှန်တရားကို သိတာထက်
ငါ ပိုသိတယ်
ဒီဘ၀မှာ နင့်ကြောင့်
ငါ ငိုလို့ပြီးနိုင်မှာမဟုတ်လဲ
နင့်ကိုပဲ ငါချစ်နေမယ်။



နင့်ကို တစ်ရက်တစ်ခါ
မတွေ့ ရဘူးဆိုရင်
ပြာပူတောထဲ ခုံချမိတဲ့ငါးတောင်
ငါ့လောက် ပူမယ် မထင်ဘူး။

Wednesday, September 2, 2009

နေလိုပူနေသော အနီရောင်မလေးသို့

Wednesday, September 02, 2009 Posted by ဂျေဂျူဝိုင်
အချစ်ကိုအချစ်နဲ့ ချစ်ဖို့
မင်းဆီမှာ အချစ်တွေရှိပေမယ့်
အချစ်ရဲ့ အရှုံးဝန်ထုပ်ကို ထမ်းပိုးထားရပါလား
ရိုးသားမှုပြည့်နေတဲ့ ကောင်မလေး။
ရိုးသားမှုကို ရိုးသားကြောင်းပြဖို့
မင်းဆီမှာ ရိုးသားမှုတွေ ရှိနေပေမယ့်
ရိုးသားမှုရဲ့ အတ္တ၀န်အိုကို ထမ်းပိုးထားရပါလား
အလွမ်းနဲ့စိတ်တွေပိုင်းပြတ်နေတဲ့ ကောင်မလေး။
အလွမ်းကို အလွမ်းနဲ့ လွမ်းဖို့
မင်းဆီမှာ အလွမ်းတွေရှိနေပေမယ့်
အလွမ်းရဲ့ အယူခံမရှိသိက္ခာကို ထမ်းပိုးထားရပါလား
မငိုတတ်ပါဘူးဆိုတဲ့ ကောင်မလေး။
ငိုချင်တာကို ငိုချင်စိတ်နဲ့ငိုဖို့
မင်းဆီမှာ ငိုချင်စရာတွေ ရှိနေပေမယ့်
ငိုခြင်းရဲ့ အားပေးသူမဲ့မေးခွန်း(၁၀၀၀)ကို ထမ်းပိုးထားရပါလား
အဓိပ္ပါယ်မဲ့ကုန်ပြီဆိုတဲ့ ကောင်မလေး။
အဓိပ္ပါယ်ကို အဓိပ္ပါယ်နဲ့ အဓိပ္ပါယ်ဖွင့်ဖို့
မင်းဆီမှာ အဓိပ္ပါယ်တွေ ရှိနေပေမယ့်
အဓိပ္ပါယ်ရဲ့ လှပတဲ့ ဒဏ်ရာကို ထမ်းပိုးထားရပါလား
သိပ်ချစ်တတ်လွန်းတဲ့ ကောင်မလေး။

ကျွန်တော်နဲ့ ညကြီးမင်းကြီး ဖုန်းပြောလို့ အဆူခံရတဲ့ ကောင်မလေးသို့။