မင်းမြင်ခဲ့တဲ့
အရိပ်မည်းဟာ
ကဗျာဆရာတွေ
မင်းမိဘတွေ
ဖွဲ့နွဲ့ခဲ့တဲ့
အချစ်ကဗျာပေါ့ ညီမငယ်
မင်းနှလုံးသား
မင်းမျက်ဝန်း
ဘာအစွန်းအထင်းမှ
မရှိခဲ့ပါဘူး
အခုဆို
ရေကန်ထဲကို
ရေမရောက်တာ
ဖုန်းအားကုန်လို့
အားထထသွင်းရတာ
ဒါမှမဟုတ်
မင်းအိမ်မှုကိစ္စတစ်ခုခုပေါ့
မင်းလုပ်စရာ
မလိုတော့ဘူး
ဘာဆိုဘာမှပေါ့
ညီမငယ်
ဒါပေမယ့်
ညီမငယ်ရယ်
မင်း ဆိုကရေးတီးမှ
မဟုတ်တာကွယ်။
စုစုထွေးသို့