Saturday, February 25, 2017

ကလေးပုံပြင်

Saturday, February 25, 2017 Posted by ဂျေဂျူဝိုင်




အမှောင်က ရေဆုံးမိုးဆုံး
ဆုံးမထားတဲ့ ဆိုစကားတွေကို ချခွဲ
ခွဲခြားဆက်ဆံခံရတဲ့ ဘဝရယ်
ရယ်မရ ငိုမရ အနာတရရယ်
ရယ်သံ ငိုသံ သနားသံ လှောင်သံ
သံဆူးကြိုး ကန်သန်း ဆူးငြောင့်များ
များများစားစား တောင်မလို
လိုအပ်ချက်ကို လိုသလို ဆွဲ၍လိုအပ်
အပ်ကျတာကမှအစ ပြဿနာ
နာတတ်မယ်ဆိုတာတောင် နာမရ
ရလာတဲ့ ရစရာတွေက တခုမှ မလို
လိုရမယ်ရ သိမ်းထားမိတာဆိုလို့ ဒဏ်ရာပဲရှိ
ရှိသမျှ ဒါအကုန်ပါပဲခင်ဗျာ
"ဗျာ"