Tuesday, September 5, 2017

အချစ်=သေမင်းတမန်

Tuesday, September 05, 2017 Posted by ဂျေဂျူဝိုင်


မင်းမြင်ခဲ့တဲ့ အရိပ်မည်းဟာ
ကဗျာဆရာတွေ မင်းမိဘတွေ
ဖွဲ့နွဲ့ခဲ့တဲ့ အချစ်ကဗျာပေါ့ ညီမငယ်
မင်းနှလုံးသား မင်းမျက်ဝန်း
ဘာအစွန်းအထင်းမှ မရှိခဲ့ပါဘူး
အခုဆို
ရေကန်ထဲကို ရေမရောက်တာ
ဖုန်းအားကုန်လို့ အားထထသွင်းရတာ
ဒါမှမဟုတ် မင်းအိမ်မှုကိစ္စတစ်ခုခုပေါ့
မင်းလုပ်စရာ မလိုတော့ဘူး
ဘာဆိုဘာမှပေါ့ ညီမငယ်
ဒါပေမယ့်
ညီမငယ်ရယ်
မင်း ဆိုကရေးတီးမှ မဟုတ်တာကွယ်။

စုစုထွေးသို့