Tuesday, October 6, 2009

ပြောင်းလဲမှု သီအိုရီ

Tuesday, October 06, 2009 Posted by ဂျေဂျူဝိုင်
အကျင့်စာရိတ္တပိုင်းမှာ
ပထမတော့ လူက အကျင့်ကို ဖန်တီးတယ်
နောက်တော့ အကျင့်က လူကိုဖန်တီးတယ်
ချစ်မေတ္တာပိုင်းမှာတော့
ကမ္ဘာအစပိုင်းမှာ အချစ်က လူကိုဖန်တီးတယ်
ခုချိန်မှာတော့ လူက အချစ်ကို ဖန်တီးတယ်
ကောင်လေးတွေလည်း
ငါးမျှားချိတ်က အစာဖြစ်ချင်လာတယ်
ကောင်မလေးတွေလည်း
တစ်ကိုယ်ရေစာ ပင့်ကူအိမ်လေးရက်ဖွဲ့တယ်
အဲဒီမှာတော့
လာဟပ်မိတဲ့ ငါးဖြစ်ဖြစ်
နှောင်မိတဲ့ အင်းဆက်ကောင်ဖြစ်ဖြစ်
အချစ်သက်တမ်း ရှည်ကြာခိုင်မြဲဖို့အတွက်
အမြီးလေးတော့ နည်းနည်းရှည်ရမယ်။