Tuesday, April 2, 2019

ဟစ်တလာဖြစ်ချင်တယ်

Tuesday, April 02, 2019 Posted by ဂျေဂျူဝိုင်


ပုလင်းတူဗူးဆို့ချင်းချင်းကနေ
ငါ့ပုလင်းက အာမီရမ်အပြင်းစားကွလို့
စက်ရုံတစ်ခုထဲကနေ တံဆိပ်နှစ်ခုနဲ့ ခုန်ထွက်လာပြီး
ညည်းချင်းထပေးရသပေါ့
သည်လိုလည်း ရှိသေးသဟ
သည်လိုလေးလည်း ရှိပြန်သဟ
မှတ်ရ ကျက်ရ ပြန်ဆွေးနွေးရ
သမိုင်းစာအုပ်ထဲ ဘယ်အပိုဒ်ကို မကြိုက်မိသလဲ
အဲဒီအပိုင်းက သင့်ဘဝပဲ
အမှားကို အမှန်ခြစ်ပေးရပြန်တယ်
အချိန်ခရီးသာ သွားနိုင်ခဲ့မယ်ဆိုရင်တဲ့
မွေးကင်းစဟစ်တလာ သတ်မလား
လူသားတစ်ယောက်ဆိုပြီးတော့ ကယ်တင်ခဲ့မလား
သေသင့်သူတွေ သေရမယ်ဆိုပြီး လွတ်ထားမလား
သင့်မျိုးနွယ်တစ်ခုလုံး မတုန်းသွားဘူးဆိုရင်ပေါ့
ငါသာဆို ဟစ်တလာကို အားပေးခဲ့မယ်
တကယ်ဆို
ငါလည်း ဟစ်တလာလို မွေးဖွားလာသင့်ခဲ့တာ မဟုတ်လား
အားလုံးက ဟစ်တလာဖြစ်နေကြတာပဲ
ငါ
စိတ်နဲ့လည်း မျိုးတုန်းအောင် အသတ်ခံရတယ်
အပြောနဲ့လည်း မျိုးတုန်းအောင် အသတ်ခံရတယ်
အလုပ်တွေနဲ့လည်း မျိုးတုန်းအောင် အသတ်ခံရတယ်
ဟစ်တလာတွေနဲ့ ရင်ဆိုင်နေရမယ့်အတူတူ
ဟစ်တလာဖြစ်တာပဲ ကောင်းမယ်။

 Related image