Tuesday, September 24, 2019

ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ

Tuesday, September 24, 2019 Posted by ဂျေဂျူဝိုင် ,


ငါ့ဆီမှာ ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ အများကြီးရှိတယ်
တချို့ ဟာဒ်ဒစ်က ဗိုင်းရပ်ကိုက်သွားတာ
တချို့ ဟာဒ်ဒစ်က မသုံးတာကြာလို့ သုံးမရတော့တာ
တချို့ ဟာဒ်ဒစ်က သုံးနေရင်းကို ကြောင်လာတာ
ဘယ်လိုဖြစ်ဖြစ် ပျက်သွားတဲ့ ဟာဒ်ဒစ်က သုံးမရတော့ဘူး
Girl Generation သီချင်းပြန်နားထောင်ချင်လည်း မရတော့ဘူး
မောင်ချောနွယ်ကဗျာတွေလည်း ပြန်ဖတ်လို့မရတော့ဘူး
ရှားပါးစာအုပ်ဆိုပြီး ကြေညာခံရတဲ့ pdf လည်း ပျောက်ကုန်ပြီ
တချို့သူငယ်ချင်းနဲ့ တွဲရိုက်ထားဖူးတဲ့ ဓာတ်ပုံတွေလည်း ပျက်ကုန်ပေါ့
အရေးကြီးတဲ့ Documentary တွေ ပြန်ရချင်လည်း မရှိတော့ဘူး
ဒါပေမယ့် ဒါတွေအားလုံး ငါပြန်ရချင်လား မရချင်လား
မသေချာဘူး Drop box ထဲဝင်ပြီး Cloud storage ရှိသမျှထဲ ဝင်ပြီး
Google drive ထဲဝင်ပြီး တချို့ဖိုင်တွေ ခုထိ ဖျက်လို့ မပြီးသေးဘူး
ကဲပါလေ sky net ကိုဖွင့် Buddha လိုင်းကိုဖွင့်
လာတဲ့ တရားနားထောင်တာပဲ ကောင်းမယ်။
“ဟ ဘာတွေ လာနေတာလဲ”
ငါ့ဆီမှာ ပျက်နေတဲ့ ဟာဒ်ဒစ်အဟောင်းတွေ အများကြီးရှိတယ်။