မလွမ်းအောင် နေလို့မရဘူး
လွမ်းလွမ်းနေ
မပျော်အောင် နေလို့မရဘူး
ပျော်ပျော်နေ
ဟေး ဂျွန်
အချစ်ကို မနိုင်မနင်း
သယ်ဆောင်လာတဲ့
တမျော်တခေါ်အနမ်းရဲ့
ဟိုးအတွင်းဘက်မှာ
အိမ်ဆီ ပြန်ခေါ်မယ့်လမ်း ပါသကွယ့်
အဲဒီမြေ ငါနမ်းလိုက်ပါရစေတော့
လေယာဉ်ကြီးနဲ့မှ မဟုတ်ပါဘူး
ပျံလွှားငှက်ကလေးနဲ့လည်း လိုက်မယ်
ဒီလောကမှာ
ဒီပါးပြင်လေးကို
ဒီနှလုံးသား အရူးအမူးကလေးက
ဘယ့်နှယ်လုပ်လို့မှ
သူစိမ်းပြင်ပြင်
သဘောမထားနိုင်တဲ့အတွက်
ဂျွန်ရေ
စိတ်ကို ဖမ်းကြပေရော
အနမ်းဆိုတာ ခိုးယူလို့ မရနိုင်ဘူးလား
သူက သိပ်လှတယ်
မျက်လုံးတွေ
အကြည့်တွေ မသိအောင်တစ်မျိုး
သိအောင်တစ်မျိုး လှသူပေါ့
အနယ်အမှုံထနေတဲ့ ညအပြာက
ကြယ်သားနုနုထွတ်ထွတ်တွေကိုမှ
စွဲမက်သတဲ့
သက်တန့်တွေ ကြယ်တွေ
ပန်းပွင့်တွေ သဘာဝလောကကြီးရဲ့
ကိုယ်နေခါးကျတွေ ဘယ်လိုလှလှနေပေမယ့်
သူကလေးကမှ ဣနြေ္ဒရတာပါ သူ့မှာ
စကားလုံးတွေလည်းလှတယ် ပြီးတော့
တသွင်သွင်စီးဆင်းလို့
ဂျွန်ကို ပြောလိုက်ပါ
ငါတို့ မြစ်ဆီသွားဖို့ မလိုတော့ဘူး။
မောင်သိန်းဇော် ရဲ့ ၁၉၉၅ ခုနှစ်က ကဗျာ။