အဓိပ္ပါယ်လွဲနေတဲ့ မေ့မရမှုက
ငါ့ရင်ဘတ်ထဲ ခုန်ဝင်သွားတယ်။
မင်းနှုတ်ခမ်းထက်က င့ါရင်ခွဲမယ့်စကားကို
တစ်နေရာရာမှာ အသေအဖြစ် ထားခဲ့ပါ
ဒါမှမဟုတ် ဧရာဝတီမြစ်ထဲ ပစ်ချလိုက်ပါ
အချစ်တွေ နှလုံးထဲ ယိုစီးလာတာနဲ့အမျှ
ဒဏ်ရာက ညနဲ့အတူ ပိုပိုနက်လာတယ်။
ငါ့ရဲ့ အိမ်တိုင်ရာရောက် အလွမ်းတွေ
ပျောက်ဆုံးသွားတဲ့ သိမ်မွေ့အိပ်မက်တွေ
မကြာမကြာ ကွဲရှသွားတဲ့ တမ်းတသံမှာ
ခုထိ နေရောင်နဲ့ မထိအောင် ၀ှက်ခံရတုန်း
ဘယ်သူ ဖျတ်ဖျတ်လူးနေတဲ့ နှလုံးသားကို မြင်ဖူးလဲ။
(ကဗျာက ကောင်းလဲ ကောင်းဘူး)