Friday, October 19, 2018

ကမ္ဘာကြီးက မလှဘူးဒိုလာ

Friday, October 19, 2018 Posted by ဂျေဂျူဝိုင်

ငါတို့တတွေဟာ ငါတို့မသင်ကြားရတဲ့
ငိုကြွေးခြင်းတွေ ဒူးထောက်ရခြင်းတွေကို
နေ့တဒူဝ ကမ္ဘာကြီးကို ချချပြနေရတယ်
ကမ္ဘာကြီးက မလှဘူးဒိုလာ။
ငါတို့တတွေဟာ ငါတို့စီရရီချထားတဲ့
ငါတို့ကံကြမ္မာကို လူတကာက ချခွဲ
ဖရိုဖရဲဖြစ်သွားတာကိုပဲ ထိုင်ကြည့်နေရတယ်။
ကမ္ဘာကြီးက မလှဘူးဒိုလာ။
ငါတို့တတွေဟာ ကောင်းကောင်းအိပ်ပျော်မယ်
အိပ်မက်လှလှမက်မယ် နေ့သစ်ကို အားသစ်အင်သစ်နဲ့ကြိုမယ်
ဒီလို ယုံကြည်ခံရတဲ့ ငါတို့ရဲ့ အစီအစဉ်မှာ
စိတ်ရဲ့ ဧည့်သည်အသစ်တွေပါပါလာတယ်
ကမ္ဘာကြီးက မလှဘူးဒိုလာ။
အသစ်မရှိတဲ့ နေ့ရက်အဟောင်းတွေမှာ
တရက်ရက်တော့ နေ့သစ်ရှိလာမလားလို့
ခွန်အားတွေ ထပ်သစ်ရင်းနဲ့ပဲ
မအပ်မစပ်တွေနဲ့ ထပ်ထပ်ပဲ ကျင့်ကြံနေရတယ်
ကမ္ဘာကြီးက မလှဘူးဒိုလာ။
ငါတို့ပြသခဲ့တဲ့ အကြင်နာတရားတွေက
ငါတို့သိခဲ့ကြတဲ့အတိုင်း မဟုတ်ဘူး
ဖြစ်လာရမယ့်အတိုင်း မဖြစ်တဲ့ အမှတ်မထင်တွေပဲ
နည်းကုန် လမ်းကုန်  လှည့်ကွက်တွေ သင်ပေးနေတယ်
ကမ္ဘာကြီးက မလှဘူးဒိုလာ
ငါတို့ကအမြဲရှုံးပြီး သူကချည်းပဲ အမြဲနိုင်နိုင်နေတယ်
ကမ္ဘာကြီးက တကယ်မလှပါဘူး ဒိုလာ။ 

Tuesday, September 5, 2017

အချစ်=သေမင်းတမန်

Tuesday, September 05, 2017 Posted by ဂျေဂျူဝိုင်


မင်းမြင်ခဲ့တဲ့ အရိပ်မည်းဟာ
ကဗျာဆရာတွေ မင်းမိဘတွေ
ဖွဲ့နွဲ့ခဲ့တဲ့ အချစ်ကဗျာပေါ့ ညီမငယ်
မင်းနှလုံးသား မင်းမျက်ဝန်း
ဘာအစွန်းအထင်းမှ မရှိခဲ့ပါဘူး
အခုဆို
ရေကန်ထဲကို ရေမရောက်တာ
ဖုန်းအားကုန်လို့ အားထထသွင်းရတာ
ဒါမှမဟုတ် မင်းအိမ်မှုကိစ္စတစ်ခုခုပေါ့
မင်းလုပ်စရာ မလိုတော့ဘူး
ဘာဆိုဘာမှပေါ့ ညီမငယ်
ဒါပေမယ့်
ညီမငယ်ရယ်
မင်း ဆိုကရေးတီးမှ မဟုတ်တာကွယ်။

စုစုထွေးသို့

Saturday, February 25, 2017

ကလေးပုံပြင်

Saturday, February 25, 2017 Posted by ဂျေဂျူဝိုင်




အမှောင်က ရေဆုံးမိုးဆုံး
ဆုံးမထားတဲ့ ဆိုစကားတွေကို ချခွဲ
ခွဲခြားဆက်ဆံခံရတဲ့ ဘဝရယ်
ရယ်မရ ငိုမရ အနာတရရယ်
ရယ်သံ ငိုသံ သနားသံ လှောင်သံ
သံဆူးကြိုး ကန်သန်း ဆူးငြောင့်များ
များများစားစား တောင်မလို
လိုအပ်ချက်ကို လိုသလို ဆွဲ၍လိုအပ်
အပ်ကျတာကမှအစ ပြဿနာ
နာတတ်မယ်ဆိုတာတောင် နာမရ
ရလာတဲ့ ရစရာတွေက တခုမှ မလို
လိုရမယ်ရ သိမ်းထားမိတာဆိုလို့ ဒဏ်ရာပဲရှိ
ရှိသမျှ ဒါအကုန်ပါပဲခင်ဗျာ
"ဗျာ"