ကျွန်တော့်မြို့လေး ကျကျန်ရစ်ခဲ့
သိပ်တော်ပြီး ရိုကျိုးတတ်သူနဲ့ ဆွေးနွေးတဲ့အခါ
တိမ်တွေဟာ အနေရခက်ငုပ်လျှိုး
ကိုယ်ကျင့်တရား မကောင်းတဲ့ရာသီမှာ
ပွင့်တဲ့ပန်းက ရာဇ၀င်တွင်ရစ်ချင်တယ်လို့
သွေးဆိုးနဲ့ ခြယ်သထားတဲ့ ကမ္ဘာကြီးက
အမှန်တရားကင်းမဲ့စွာ အသက်ရှင်
ကျွန်တော်တစ်ယောက်တည်း မှားနေပြန်ပြီ
မိုးကောင်းကင်က နိမ့်နိမ့်လေးပါလားလို့
သူ့ကိုယ်သူ တွေ့ရှိချိန်မှာ
အ၀ီဝိက သူ့ရင်ဘတ်ကို ဆက်ဆက်ဖွင့်
နာရီတွေ ချိုးဖျက်သွားတဲ့ မိုင်တိုင်တွေအားလုံး
ကလေး လုလင် ကုန်သည် ယောဂီတစ်ဦးဦး
ကမ်းခွာခံရတဲ့ ရေနဲ့ ကုန်းအစပ်လေးပါဘဲ
ဒါပေမယ့်
သေငယ်စောနဲ့ မျှောနေတဲ့ မျက်နှာကြက်လေးဟာ
နောက်ဆုံးထွက်သက်အထိ ကြမ်းပြင်ကို အုပ်မိုး
တယုတယအခြွေခံရတဲ့
ပွင့်ကြွေတွေကလွဲရင် အားလုံးပျော်နေကြမှာပဲ
အမှောင်ထဲက ဂျေဂျူဝိုင်တစ်ယောက်ကသာ...။