Tuesday, August 18, 2009

အသံတိတ္တီးလံုးမ်ား

Tuesday, August 18, 2009 Posted by ဂျေဂျူဝိုင်
လေးဖြူရဲ့သီချင်းဟောင်းကို နားထောင်ရင်း
စီးကရက်ကို ခပ်ပြင်းပြင်းရှိုက်ဖွာရင်း
မောက်စ်ဝီးလ်လေးကို လိမ့်ဆင်းရင်း
ငါ မောင်ချောနွယ်၊ အောင်ချိမ့်နှင့် အောင်ဝေးတို့ရဲ့
ကဗျာတွေကို အသစ်လို ဖတ်နေတယ်
ငါ့ရင်ထဲ ပြည့်နေတဲ့ မင်းအကြောင်းတွေကို
ခလုတ်လေးတစ်ခုနှိပ်ပြီး ဖျက်ပစ်လိုက်လို့ရရင်
အကောင်းသား ဒါပေမယ့် အခု
မင်းနာမည်ပဲ Screen အပြည့် ရေးမိတယ်။
မင်းနဲ့ငါနဲ့ နေ့လည်ခင်းက
တဖြည်းဖြည်းမှောင်လာတာကလွဲလို့
အသစ်စက်စက် အိပ်မက်ကို
လှုပ်နှိုးပစ်လိုက်ရတာကလွဲလို့
င့ါအ၀ိဇ္ဇာချည်တိုင်မှာ
မင်းအပြုံးတွေ အမြဲသစ်လွင်နေတာကလွဲလို့
အသိရခက်တဲ့ အကြည့်နက်နက်တွေထဲ
မင်းရဲ့နားလည်မှုကို ငါနားမလည်ခဲ့ဘူး
ငါ့ရဲ့နားလည်မှုကို မင်းနားမလည်ခဲ့ဘူး
ဒါနဲ့ အဲဒီမေ့မရတဲ့ အချစ်ထဲ
ငါ့တစ်ယောက်တည်း ငုတ်တုတ်ထိုင်ကျန်ရစ်ခဲ့။