Tuesday, September 9, 2008

ပုံမှန်တစ်ခွက်

Tuesday, September 09, 2008 Posted by ဂျေဂျူဝိုင်
ငါနဲ့ ငါကြား အက်ကြောင်းတွေ ပိုထင်းထင်းလာ
သိစိတ်က တစ်ခုခုလုပ်စဉ်
မသိစိတ်က ကမ်းပါးစွန်းမှာ
တပျော်တပါးပြေးလွားဆော့ကစား
မီးခိုးနံ့တွေ
အသားကို မီးလောင်နံ့တွေ
ထိတွေ့ကိုင်တွယ်လို့မရတဲ့ ဒြပ်တွေ
ရင်ဆို့နေတဲ့ အကြည့်တွေ
မိုးမစဲ၊ ခ၀ါမချ
ဆရာဝန်မက
ရှင်နောက်ဆုံးခရီးးကို သွားရဖို့ အဆ ၂၀ နီးလာပြီ
ရှင့်နှလုံး တော်တော်ပုပ်နေပြီ
ရှင်က လူဖြစ်ရှုံးအောင်နေထိုင်သူပဲ
ဟား ဟား ဟား
ကြားလိုက်ရတဲ့ ဆရာမရဲ့ ဟာသ
ငါတို့အားလုံးရဲ့ ရန်သူဟာ ဘယ်သူလဲ. . .လို့
သိပ္ပံပညာရှင်ကြီးတစ်ယောက်ရဲ့ မေးခွန်းက
အိန္ဒိယကျောင်းသူလေးတစ်ဦးကဖြေတယ်
“ဆင်းရဲမွဲတေမှု”. . .။