
ဟိုဘက်ကမ်း

Sunday, September 21, 2008 Posted by ဂျေဂျူဝိုင်

လာမိတ်ဆွေ
သောင်မမြင်တဲ့လမ်း
ကမ်းမမြင်တဲ့ အနီးရှိ အဝေးဆုံးခရီး
တက်မကြီးကြီးနဲ့ခတ်
စိတ်ဓာတ်ကျမယ့်စကား
ကမ်းစပ်မှာထားခဲ့
သံယောဇဉ်ကြိုးအဆွေးတွေကို
အဝေးဆုံးချည်တိုင်မှာစွပ်ခဲ့
ရူးသွပ်မှုအရေခွံတွေကို
ဟို သောင်စပ်မှာ ချွတ်ခဲ့
ပေါ့ပါးလန်းဆန်း
ကမ်းက ခွာမယ်
မြန်မြန်သွက်သွက်
ကမ်းက ထွက်မယ်
အို မိတ်ဆွေ
ရှေ့မှာကာဆီး
သတိထားပြီးရှောင်
ကျောက်ဆောင်လေလား
ရေခဲတောင်လား
ငါးမန်းဆူးတောင်လား
ချွန်းချွန်းထက်ထက်နဲ့
တို့အသက်ကိုလုမယ့်
မိုးသက်လေပြင်းတွေ
အို မိတ်တွေ
လှော်ထားခတ်ထား
အနရယ်ကြားမှာပျော်
မုန်တိုင်းထန်လည်းပျော်
လှိုင်းထန်လည်းပျော်
အားတင်းလှော်ထား
စိတ်မကားစားနဲ့
မကြာခင်ညဥ့်နက်လာလိမ့်မယ်
လေပြင်းမုန်တိုင်း ငြိမ်သက်လာလိမ့်မယ်
အရုဏ်တက်ဖို့ နီးလာလိမ့်မယ်
မျှော်လင့်ချက် ခရီးရောက်လာလိမ့်မယ်
အားတင်းလှော်လေ... အိုမိတ်ဆွေ။