
အာဒမ်မစားခဲ့တဲ့ပန်းသီး

Monday, September 21, 2009 Posted by ဂျေဂျူဝိုင်
ခ်စ္သူ
မင်းအိမ်ရှေ့ ငါဖြတ်လျှောက်တိုင်း
မင်းကို ငါအရမ်းတွေ့ချင်တယ်
မင်းအိမ်ရှေ့ ငါဖြတ်လျှောက်တိုင်း
မင်းငါ့ကိုတွေ့မှာ အရမ်းစိုးတယ်
မင်းတို့ ရပ်ကွက်က ဖုန်ထူလွန်းတယ်
မင်းရဲ့ အတွေးအခေါ်က ပိုဖုန်ထူလွန်းတယ်
ငါဟာ ပျံသန်းလို့မရတဲ့ ပေဖူးငှက်မဟုတ်ဘူး
ငါဟာ မစီးဆင်းနိုင်တဲ့ မြစ်ရဲ့လျှို့ဝှက်မျက်ရည်မဟုတ်ဘူး
ငါဟာ ကိုင်းကူးမှားတဲ့ အိပ်မက်အကျိုးအပဲ့မဟုတ်ဘူး
ငါဟာ ရန်လိုနေတဲ့ ယုန်ကလေးမျှသာဖြစ်တယ်
ဒါကြောင့်
ငါ ပန်းသီးကို မစားခဲ့ဘူး
ဒီလိုနဲ့ ငါ့ကိုယ်ငါ
လေဖိအားနည်းရပ်ဝန်းတွေ ဖြစ်လို့
မုန်တိုင်းတစ်ခုလုံး
ဒိုင်ယာရီထဲ ညှပ်သိမ်းနေရတယ်
ခုတော့
မင်းပါးမဟုတ်တဲ့ ပါးကို နမ်းတိုင်း
ငါ့ရင်တစ်ခုလုံး တောမှားတယ်။