
ပွင့်ပွင့်လင်းလင်း

Sunday, September 20, 2009 Posted by ဂျေဂျူဝိုင်
မလွမ်းလောက်တဲ့
အလောသုံးဆယ် နှုတ်ခမ်းပါးတစ်စုံ
မငုံဘဲနဲ့ လက်ရဲဇက်ရဲ ပွင့်တတ်တဲ့ပန်း
ဟောဒီကောင် ရင်ဘတ်ကြမ်းပြင်မှာ
ခြေရာမထင်နိုင်ဘူး လွယ်လွယ်နဲ့
တဖွဲ့တနွဲ့ကြွေကျရအောင်လည်း
ဝဲ၀ဲလာတတ်တဲ့ နင့်မျက်ဝန်း
ကြီးကြီးကျယ်ကျယ် မခန်းနားသေးဘူး
ခပ်သြသြခွန်းတုံ့သံလေးနဲ့
ငါ့စိတ်ကို ကဲ့ကဲ့ပြီး ယူတတ်ရုံနဲ့တော့
မြစ်နှစ်စင်းဆုံဖို့ ဝေးသေးတယ်
ကောင်မလေး
ရွေးချည်မှုဆိုတာ
တွေဝေခြင်း သံသရာလည်ပြီးမှ ရောက်တယ်
ငြင်းဆန်ဖို့ဆိုတာ
လက်ခံသိမ်းပိုက်ပြီးမှ ဖြစ်တည်ပေါက်ဖွားတယ်
မျက်နှာဆိုတာ
စိမ်းစိမ်းကြည့်ပြီးမှ လွဲလို့ရတယ်
ကဲ
င့ါရင်ကို ခွဲကြည့်စမ်း
အလွမ်းဆိုတာ ရှိနိုင်ရင်
ပြတင်းတံခါးမှာ ငါထိုင်မငေးဘူး
နင်လူးရုံနဲ့ နောက်ကျူရအောင်
ငါ
နဝေတိမ်တောင် ရေအိုင် မဟုတ်ဘူး။


ခမ်းမွန်လဗ်