
ခက်တယ်

Monday, September 28, 2009 Posted by ဂျေဂျူဝိုင်
မျက်ရည်မိုးတွေ နင့်အောင်ရွာမယ့်
အဆုံးသတ်ကို သူမသိစေချင်
သော့ပျောက်နေတဲ့ ညမှောင်မှောင်ထဲက
ကိုယ့်အဖြစ်ကို သူမသိစေချင်
တယောအိုထဲ သိမ်းထားတဲ့ သံစဉ်လို
ဝေးနေပြီးသားကို သူမသိစေချင်
မစိုက်ပျိုးဘဲ ရိတ်သိမ်းနေရတဲ့
ကိုယ်နာကျင်မှုကို သူမသိစေချင်
အမှားကို အမှန်ပါလို့ ဖြေလိုက်တဲ့
ကိုယ့်ရင် ခြစ်ရှနေတဲ့ဆူးကို သူမသိစေချင်
မေ့နိုင်စွမ်းမဲ့ မီးစွဲလောင်နေတဲ့
အိပ်မက်ကလည်း လန့်နိုးစေချင်
အယူခံမဲ့ နဂိုရ်ဝေးပြီးသား သစ်ပင်
ပြန်မရမှာစိုးတယ်လို့ ၀န်ခံချင်
အမြဲရှုံးစစ်ပွဲထဲက
သူ့ကိုလည်း ပျော်နေစေချင်
ဒဏ်ရာနဲ့ တစ်ထပ်တည်းကျနေတဲ့
ကံကြမ္မာကို အပြစ်ဖို့မှုကိုလည်း ပြီးစေချင်
ဒီအတိုင်း မျက်စိစုံမှိတ်ထားရတဲ့ဘ၀ကို
သံသရာဆုံးသည်ထိ သယ်ယူသွားချင်။