Wednesday, September 2, 2009

နေလိုပူနေသော အနီရောင်မလေးသို့

Wednesday, September 02, 2009 Posted by ဂျေဂျူဝိုင်
အချစ်ကိုအချစ်နဲ့ ချစ်ဖို့
မင်းဆီမှာ အချစ်တွေရှိပေမယ့်
အချစ်ရဲ့ အရှုံးဝန်ထုပ်ကို ထမ်းပိုးထားရပါလား
ရိုးသားမှုပြည့်နေတဲ့ ကောင်မလေး။
ရိုးသားမှုကို ရိုးသားကြောင်းပြဖို့
မင်းဆီမှာ ရိုးသားမှုတွေ ရှိနေပေမယ့်
ရိုးသားမှုရဲ့ အတ္တ၀န်အိုကို ထမ်းပိုးထားရပါလား
အလွမ်းနဲ့စိတ်တွေပိုင်းပြတ်နေတဲ့ ကောင်မလေး။
အလွမ်းကို အလွမ်းနဲ့ လွမ်းဖို့
မင်းဆီမှာ အလွမ်းတွေရှိနေပေမယ့်
အလွမ်းရဲ့ အယူခံမရှိသိက္ခာကို ထမ်းပိုးထားရပါလား
မငိုတတ်ပါဘူးဆိုတဲ့ ကောင်မလေး။
ငိုချင်တာကို ငိုချင်စိတ်နဲ့ငိုဖို့
မင်းဆီမှာ ငိုချင်စရာတွေ ရှိနေပေမယ့်
ငိုခြင်းရဲ့ အားပေးသူမဲ့မေးခွန်း(၁၀၀၀)ကို ထမ်းပိုးထားရပါလား
အဓိပ္ပါယ်မဲ့ကုန်ပြီဆိုတဲ့ ကောင်မလေး။
အဓိပ္ပါယ်ကို အဓိပ္ပါယ်နဲ့ အဓိပ္ပါယ်ဖွင့်ဖို့
မင်းဆီမှာ အဓိပ္ပါယ်တွေ ရှိနေပေမယ့်
အဓိပ္ပါယ်ရဲ့ လှပတဲ့ ဒဏ်ရာကို ထမ်းပိုးထားရပါလား
သိပ်ချစ်တတ်လွန်းတဲ့ ကောင်မလေး။

ကျွန်တော်နဲ့ ညကြီးမင်းကြီး ဖုန်းပြောလို့ အဆူခံရတဲ့ ကောင်မလေးသို့။