Friday, September 18, 2009

တေစၧျဖဴ

Friday, September 18, 2009 Posted by ဂျေဂျူဝိုင်
ငါ့ရဲ့ ခင်မင်မှုဇုံထဲ
မင်းချဉ်းနင်းဝင်ရောက်လာတဲ့အခါ
မင်းအတွက် အဖြူရောင်ဟာ
တစ္ဆေဆန်ခဲ့တယ်
သေချာသိလိုက်ပြီ
ဘူဇွာဝါဒနဲ့ ပုပ်အဲ့နေတဲ့
လူရိုသေ ရှင်ရိုသေ ယဉ်ကျေးမှုကြောင့်
မင်းနဲ့ ငါ
ရှင်ကွဲ ကွဲရဦးမယ်ဆိုတာ
ဒါပေမယ့်
စနေနေ့မှာ ပွင့်တဲ့
ငါ့ရဲ့ အနီရောင်မလေးရယ်
ခုထိ
မင်းအကြောင်း ပြောရတာလောက်
ဘယ်မြစ်ကမှ ရေစီးမသန်ဘူး ။


ဟိုး ၂၀၀၄ က စပ်ခဲ့တဲ့ ကဗျာပါ။ နောက်ဆုံးစာကြောင်းကို တောင်ကြီးက ကဗျာဆရာရဲ့ စာသားလေးကို ခိုးယူထားပါတယ်။