
နှုတ်ခမ်းလေးရဲ့ အဝေး

Tuesday, September 15, 2009 Posted by ဂျေဂျူဝိုင်
အလွမ်းနဲ့ငေါငေါ
အမည်မသိ ကိုယ့်ပါရမီနဲ့ကိုယ် ထိရှလို့
နာတာကို နာတယ်လို့
မပြောတဲ့ မြေကြီး သီးစရာရှိတာ သီးခဲ့
အတင့်ရဲတဲ့ နှုတ်ခမ်းလေးက
ပွင့်စရာရှိတာ ပွင့်သွားမှာတဲ့။
ထနောင်းဆူးတွေ အထွန့်မတက်နိုင်အောင်
မျက်နှာပေးလေးတစ်ခုနဲ့ ဟန့်တားတဲ့
တိမ်သားဖြူဖြူရေ
သူ့အချစ်ကို တယုတယစွန့်ပစ်ခဲ့တာပါ
တွေ့ဖူးပါတယ်ဆိုပြီး ကိုယ့်မျက်နှာထားကိုယ်
မမြင်ဖူးသလိုလို ပြန်ပြန်ကြည့်နေတဲ့
တိမ်သားဖြူဖြူရေ
ငါ့ရေပြင်မှာ ဆူးတွေ မရှိပါဘူးကွယ်
နှုတ်ခမ်းလေးရယ်
ဝေးနေပေမယ့်
နှုတ်ခမ်းလေးရယ်
တိမ်တွေကို ထားရစ်ခဲ့ပေမယ့်
နှုတ်ခမ်းလေးရယ်
ဓာတ်အားတွေ လွတ်ကျမသွားအောင်
မင်းနဲ့ငါ့
ဆက်ထားမှ ဖြစ်မှာတဲ့
အစောကြီး ပါးလွာနေ့တွေ
ဘယ်လို အနမ်းနဲ့ ဖာထေးမလဲ။