
ရဲဘော်ညက်ထယ်

Wednesday, September 30, 2009 Posted by ဂျေဂျူဝိုင်
ငါ အခြောက်တိုက် တုန်လှုပ်သွားတာ မဟုတ်
နာနာဘ၀ဆိုတာမျိုးလဲ မဟုတ်ပါ
သင်္ဘောဆိပ်ထဲကို
သံရည်ပျော် နွေရတုလို
ရဲရဲငြီးရင်း
ဝင်လာလေပေါ့
ဝီး လှည့်တဲ့ကာ သင်္ဘောကျင်းဖက် တန်းဝင်သွားပေါ့
ရဲဘော် ညက်ထယ်ရယ်လေ
ဒါ သူပါပဲ
ငါ မှတ်မိပါတယ်။
ပန်းကန်ပြားလို အသက်ကယ်ခါးပတ် မျက်မှန်တွေထဲကနေ
ပြူးကြည့်နေလေရဲ့
ဟေး ညက်ထယ်
ငါ ၀မ်းသာသကွာ မင်းခုလို
သံကြိုးတွေနဲ့ ကျောက်ဆူးတွေနဲ့
မီးခိုးတလူလူနဲ့ အသက်ရှင်နေတာ တွေ့ရတော့
ဒီဘက် ကပ်ခဲ့လေကွာ
ရေသိပ်တိမ်လွန်း မထင်ပါဘူး
ဗာတွမ်ကလား ကွ ဟင်
ရေနွေးအိုးတွေ အငွေ့ထောင်းထ နေပါလား
မှတ်မိသေးလား ညက်ထယ်
လူ့ဘ၀တုန်းကလေ
သံတမန်ရထားပေါ်မှာ
မင်းနဲ့ငါ လက်ဘက်ရည်သောက်ခဲ့ကြတာကော
သူများတွေ မေ့မောဟောက်ကောင်းနေချိန်မှာ
ဆွေးနွေးကောင်းခဲ့ကြသပေါ့
ချိတ်နီနီစာအိတ်တွေဆီ
မျက်လုံးက စောင်းငဲ့လို့
ခရီးသွားရင်းက
ရွမ်ကာ ယာကော့ဆန်အကြောင်း ဆွေးနွေး
ဟာသသံနှောပြီး ကဗျာတွေ
ရွတ်သွားလိုက်သေး
အာရုဏ်ကျင်းတော့လည်း အိပ်သွားရော
လက်ချောင်းက
သေနတ်ခလုတ်မှာ ချိတ်ရက်ကလေး
ယီးတီးယားတားတော့
လုပ်မယ်မကြံနဲ့ ကိုယ်လူတို့
တစ်နှစ်လောက်တုန်းကဖြင့်
ဘယ်သူထင်စားမိလိမ့်မလဲ
ငါ မင်းကို သဘောင်္အဖြစ်နဲ့
တွေ့ရလိမ့်မယ်လို့
မင်းပဲ့ပိုင်းထက်မှာ လမင်းဟာ
အိမ် သာလိုက်ပါဘိခြင်း
ကွယ် ၀င်သွားလို့ရမှာ အာကာသကို
နှစ်ခြမ်းခွဲလို့ သွားနေရဲ့။
စင်္ကြံတိုက်ပွဲဆီက
သွေးသံရဲရဲ ၀င်းပနေတဲ့
သူရဲကောင်းလမ်းအတိုင်း မင်းနောက်က
အမြဲထာဝရ လိုက်နေဟန်တူရဲ့
ဒါပေမယ့် ဒါကတော့
အပြော ကို လက်တွေ့ လုပ်ပြလိုက်တာ
သံမဏိအဓိဌာန်နဲ့
လက်သီးကို မြဲမြဲဆုပ်လို့မို့
ငါတို့ အသက်ရှင်နေကြတယ်
ဒီအတွက်
ငါတို့ စက်တိုင်တက်ကြရ
ကျည်ဆံတွေက ရယ်မောနေကြတယ်
ဒါဟာ လူ့လောကကြီး
ဘုံနယ်မြေဖြစ်လားရေးပဲ
ငါတို့ အကြောအချဉ်ထဲမှာ
စီးနေတာက သွေး
ပူနွေးနွေး ရေမဟုတ်ဘူး
ခြောက်လုံးပြူး တဒိုင်းဒိုင်းထဲမှာ
ငါတို့ချီတက်နေကြတယ်
ဒါမှ
သေလွန်တဲ့အခါ
ငါတို့ကို သင်္ဘောတွေ
ကဗျာတွေ
တခြားတည်တံ့မယ့်ဟာတွေနဲ့
ထိန်းသိမ်းထားကြပေလိမ့်မယ်
နှစ်တွေ ခုန်ပျံလွှားနေတဲ့ထဲမှာ
ငါ အသက်ရှင်လို့သာ နေချင်ပေရဲ့
ဒါပေမယ့် အဆုံးမှာတော့ ငါ့ဆန္ဒက
တခြား ငါ မတောင့်တဘူး
ငါ့ရဲ့ နောက်ဆုံးအချိန်ကို
ငါ တွေ့ဆုံလိုက်ချင်တယ်
သေခြင်းကို
ရဲဘော် ညက်ထယ် တွေ့ခဲ့သလိုမျိုး။

မာယာကော့စကီး