သက္ကာယတစ်ခုကြောင့်ပဲ
အလေ့ကျပေါက်နေတဲ့ သူ့မှာ
ဒီရုပ်ဒီရည်ကလေးနဲ့
အသည်းကွဲနေရလို့တဲ့
ဟောဒီမှာ
ယောင်ချာချာဖြစ်နေတဲ့ နှစ်ပရစ္ဆေဒတွေ
လွမ်းပ
ကံတရားရဲ့ မျက်လုံးထဲ
အသူတရာနက်တဲ့ အပြုံးတွေ ရှိတာ သိလျှက်နဲ့
သူ
ခုန်ချ
လွမ်းပ
ဘာမှ မပြောဘဲ နောက်ဆုတ်သွားတာ
အတုန်းအရုန်းတွေကြား
ရွတ်ရွတ်ချွန်ချွန်
လွမ်းပ
အနမ်းရေ
နှလုံးသားထဲ
ဘာလို့ ညာညာပြီး
ညနေစောင်းချင်ရတာလဲ
နေ့တွေလည်း ၀မ်းနည်းစွာ ပြန်သွားခဲ့
သူ့မှာ ကမ္ဘာမရှိတော့။
မောင်သိန်းဇော်