Monday, February 8, 2010

ထိုနှစ်ရက်

Monday, February 08, 2010 Posted by ဂျေဂျူဝိုင်
အလွမ်းနဲ့ လောင်ကျွမ်းနေတဲ့ နှစ်ရက်လုံးလုံး
ကျွန်တော် အစိမ်းရောင် အ၀ိုင်းလေးကို စောင့်ကြည့်နေတယ်
ကျွန်တော့် အပြုံးတွေကို နံရံမှာ ရိုက်ကပ်ထားပြီး
သူမရဲ့ ဆက်သွယ်မှုအားလုံးကို စောင့်ကြည့်နေတယ်
ဘေးမှာ သီချင်းသံတွေ ကြားနေရတယ်
သီချင်းတွေက ကျွန်တော့်အလွမ်းနဲ့ မလိုက်ဖက်ဘူး
ဘယ်မှာ ဘယ်သူ ဘယ်အရာ ဘာမှ စိတ်မ၀င်စားဘူး
“ချစ်သူ” လို့ ခေါ်လိုက်တဲ့အခါ “ဝေ” လို့ထူးမှ
ပပထူလို့ မင်းကုသလဲရာက ထသလို ထလိုက်တယ်။