
အလမ္ပါယ်

Thursday, August 12, 2010 Posted by ဂျေဂျူဝိုင်
ရႊီ.. !!!

ပုလွေသံက
မိတ် ရှာနေတဲ့ မြွေတစ်ကောင်ရဲ့ တွန်သံလို
စူးစူးရှရှနိုင်လွန်း....။

ညှို့တတ်တဲ့ မြွေတစ်ကောင်ကို
နောက်ထပ် မြွေတစ်ကောင်က ထပ် ညှို့....။

ပါးပျဉ်းခွက်လေးကို
ယို့ယို့ပြီး နွဲ့နွဲ့ယိမ်း....... တိမ်း...။

ပုလွေနဲ့ မြွေ
ဘယ်သင်းက ဘယ်သင်းကို ထိမ်းကျောင်းသလဲ..?

မေးလို့ မြန်းလို့မှ မဆုံးသေး
“ ဟေ့လူ ! ခင်ဗျားမျက်နှာမှာ အကြေးခွံတွေ..”
“ ဟုတ်လား.. ဒါနဲ့ ခင်ဗျားမျက်ဆန်ကရော ဘာကြောင့် နီစွေးနေ..?။

အမြီး တိုတို .. ရှည် ရှည်
မြွေဟာ မြွေပဲ...။

ပုလွေသံကတော့
မြွေတစ်ကောင်လိုပဲ အလျားလိုက် တွန့်ငင်ပြီး
အာရုံဆီကို တရွတ်တိုက် ပွတ်....သပ်.......ဝင်
မနှစ်မြို့စရာပေမယ့်
ဘယ်မြွေမှာမှ တံခါးရွက်နဲ့ သော့ခလောက် မရှိကြဘူး....။

ဒါ...
မြွေတစ်ကောင်ကို
နောက်ထပ်မြွေတစ်ကောင်က ရွံရှာဖွယ် ညှို့တာပဲ
ပြီးတော့...
အထွေးလိုက် အထွေးလိုက် ညှို့ချက်မှာ ရစ်ပတ်ကြ
ရမ္မက်ကြောတွေ ဆွဲဆန့် လိမ်ခေါက် ကျုံ့ဝင်ကြ
ကျောရိုးရှည်တွေ ပို..ပိုပြီး
ရှည်မျောထွက်လာအောင် တောခွေးအ လိုမျိုး အူတွန်ကြ.../

အမြီး တိုတို.. ရှည်ရှည်
မြွေဟာ မြွေပဲ..
မြွေလို နေထိုင်ရင်လည်း မြွေပဲ....။

ရွှီ.. !!!

မိုးကေခမ်း

Tuesday, August 10, 2010

အဆိပ်သင့်နေတဲ့ကဗျာ

Tuesday, August 10, 2010 Posted by ဂျေဂျူဝိုင်
ဘာမွမဟုတ္ဘူး...
အကြည့်လေးတစ်ချက်ပဲ အလွဲလွဲအချော်ချော်ဖြစ်နေကြတာ
ပြီးတော့လည်းပြီးသွားမှာတွေပဲ
ခဏလေးပွင့်ခွင့်ရနေတာကိုများ
သူက လှတယ်, ငါက လှတယ်နဲ့ နားရှက်စရာ
သူများကို လက်ညှိုးမထိုးခင် ကိုယ့်ကိုယ်ကို အရင်စစ်ဆေးဦး
ခင်ဗျားတို့က အပေါ်ယံအရေပြားလောက်နဲ့ပဲ ဘ၀ကိုအဆုံးသတ်မှာလား
အဲဒီငါးခုံးမတွေကြောင့်ပဲ တစ်လှေလုံးပုပ်ပုပ်နေရတာ
ဘာဖြစ်လို့လဲ...
စင်အောက်ကိုရောက်နေလို့သိမ်ငယ်နေတာလား
မနာလိုစိတ်လောက်ရွံစရာကောင်းတာ ဘာမှမရှိဘူး
လာပါ...
မျက်နှာချင်းဆိုင်ပါ...
ရဲရဲပြောပါ...
ခင်ဗျားနောက်ကျောမှာဝှက်ထားတဲ့ဓားက
ခင်ဗျားနောက်ကျောကိုစိုက်ဝင်နေတာ ကြည့်မကောင်းဘူး
အားလုံး``ပုထုဇ္ဇနော ဥမ္မတ္တကော´´တွေချည်းပဲ
ကိုယ့်ကို လက်ခုပ်တီးပေးနေတာကြိုက်သလောက်
သူများကို လက်ခုပ်တီးပေးရမှာပျင်းတဲ့လူ
ဒီလောက်ပဲလား...
ခင်ဗျားရဲ့ရှင်သန်နေထိုင်မှုက ဒီလောက်တင်ပဲလား
လူဖြစ်ခွင့်ခဏရတုန်းလေး
လူလိုသူလိုအသက်ရှူသွားပါဦး
ဟိတ်... ဒီမယ်...!!!
မြွေပွေးတိုင်းအဆိပ်ရှိတဲ့အကြောင်း...
ဘယ်ကျမ်းဂန်မှသွားဖတ်နေစရာမလိုဘူး
အသက်လှလှရှူပါ...
အိပ်ရေးလှလှအိပ်ပါ...
မနာလိုစိတ်ကို ခပ်ထုတ်နိုင်သလောက်ခပ်ထုတ်ပစ်ပါ
ပန်းပွင့်တိုင်းမမွှေးတဲ့အကြောင်း
ခင်ဗျားနဲ့တွေ့မှပိုသေချာသွားတယ်
စကားများများပြောချင်ရင် စာပြန်သင်လိုက်ဦး
ကိုယ့်ကိုယ်ကို အရင်ဂရုစိုက်
အကြည့်ကို ဖြောင့်ဖြောင့်တန်းတန်းထား
နင်းထားတဲ့မြေကြီးဟာ အားလုံးနဲ့သက်ဆိုင်တယ်။


ထွန်းလင်းသစ်(ကန့်ဘလူ)

Monday, August 9, 2010

စာမျက်နှာ (၁၃)

Monday, August 09, 2010 Posted by ဂျေဂျူဝိုင်
ပြင်ပက ရာသီဥတုကို သူ့ကိုယ်ထဲဆွဲထည့်
ညဉ်းငွေ့မှုက လူတွေရဲ့ စိတ်ကို သူ့ကိုယ်ထဲဆွဲထည့်
တောက်လောက်မှုက ဒေါသကို သူ့ကိုယ်ထဲဆွဲထည့်
အမှိုက်ပုံက ဖြူစင်တဲ့ နှလုံးသားကို သူ့ကိုယ်ထဲဆွဲထည့်
ညစ်ညမ်းမှုက လေထုကို သူ့ကိုယ်ထဲဆွဲထည့်
မကောင်းသတင်းက ငါ့ကို သူ့ကိုယ်ထဲဆွဲထည့်
အစာမကြေ ရင်ပြည့်ရင်ကယ်မှုတွေက
အသိဉာဏ်မဲ့နှုတ်ခမ်းတွေကို သူ့ကိုယ်ထဲဆွဲထည့်
ဒီလိုနဲ့ သေမင်းဟာ ငါ့ခြံစည်းရိုးကို ကျော်ဝင်လာခဲ့
ပျက်အစဉ် ပြင်ခဏထဲမှာ
နာမည်ပျက်တာ မပါလောက်ဘူး
မျက်စိထဲ စူးနေတဲ့ ပါးမွေးကို
ဘာနဲ့မှလည်း နှုတ်လို့မရဘူး
နားလည်မှုအပြည့်နဲ့ အမြဲခွင့်လွတ်နေမယ့် ငါ့ကို
ချစ်သူက နားလည်ခွင့်လွတ်တော့မှာ မဟုတ်ဘူး
အမြဲရှုံးနေတဲ့ ငါ့အတွက် အရှုံးထဲက ထပ်ရှုံးရာမှာ
အခုရှုံးတာလောက် ထပ်ရှုံးစရာလည်း မရှိတော့ဘူး

Friday, August 6, 2010

ကျားသားမိုးကြိုးကိစ္စ

Friday, August 06, 2010 Posted by ဂျေဂျူဝိုင်
ကျားသားမိုးကြိုး ဒီခေါင်းစီးနဲ့ကဗျာကို
ဘယ်သူရေးတာပါလိမ့် ပိုင်စိုးဝေ၊ စိုင်းဝင်းမြင့်
ဟင့်အင်းကျားသားမိုးကြိုးပဲ မမှတ်မိဘူး
မပြတ်သားဘူး၊ မဆုံးဖြတ်ဘူး၊ မသုံးသပ်ဘူး
ဒါပေမယ့် ဒါက ကျားသားမိုးကြိုးကိစ္စ
တချို့နယ်ကတော့ ကိစ္စဆိုရင် လူသေတာပဲ
သေလို့ သေတဲ့လူက မြေကြီးဖြစ်တာပေါ့
ရှင်ကျန်တဲ့သူ ရွှေထီးမဆောင်းတာတော့
ဆောင်းတွင်း မဟုတ်လို့ ဖြစ်ချင်ဖြစ်မှာပေါ့
ဒါက ကျားသားမိုးကြိုးကိစ္စပဲ
ကျားသားမိုးကြိုးက ဒါမျိုးသိချင်မှ သိမယ်
မသိမှုနယ်မှာ သိမှုသိပ်မကြွယ်တော့
ငါ့အရိပ်မှာ မနေရင် ငါ့အဆိပ်နဲ့ သေစေချင်တယ်
ဒိတ်အောက်ရင် အမောဖောက်တဲ့စကားနဲ့
လက်ညိုးငေါက်ငေါက်ထိုးချင်တယ်
၂၀၁၂ မှာ တကယ် ကမ္ဘာပျက်မှာလား
ငါ စော်ကားမော်ကားလုပ်ထားတာ ငါးခု ရှိတယ်
နှစ်ခုပဲ ခုထိ ငါ့ဆီပြန်ရောက်သေးတယ်
ကျန်တဲ့သုံးခုတော့ တုံးခုသင့်ရင် ခုရမယ်
ဖြစ်သူအဟောင်း ငါ့အတွက် ငါဝမ်းသာပေမယ့်
ပြုသူအသစ်ဖြစ်တဲ့ ဓားစာခံတချို့အတွက်
ယဇ်ပူဇော်ပွဲထဲက ဘုရားလောင်းဆိတ်လို ငိုမိတယ်
အင်္ဂလိပ်ဗေဒင်အရ ၃၇ ဂဏန်းကျပြီး
မြန်မာဗေဒင်အရ ထွန်းကြွယ်အဆုံးမှာကျတဲ့နှစ်
ဒီလောက်ပဲဖြစ်တာ ကံကောင်းတယ်
ဆုတောင်းမိတာ တစ်ခုရှိတယ်
ကျန်တဲ့သုံးခုလည်း ၀ဋ်အဖြစ်သာ လာခဲ့ပါလို့
၂၀၁၁ သြဂုတ် ၃၁ ရက်နောက်ဆုံးထားပြီး
ဝဋ်အဖြစ်လာခဲ့ကြပါ၊ မြန်မြန်သာလာပါ
ဒါဟာ တကယ့်ကျားသားမိုးကြိုး။

Wednesday, July 28, 2010

ကျပ်မပြည့်တဲ့ကမ္ဘာ

Wednesday, July 28, 2010 Posted by ဂျေဂျူဝိုင်
သူတည်းတစ်ယောက်၊ ကောင်းမှုရောက်ဖို့ဆိုတာ
သူတစ်ယောက်က ဘယ်တစ်ယောက်လဲ
ဘယ်လောက်ထိ ကြီးမားကျယ်ပြန့်တဲ့ ကောင်းမှုလဲ
မယားတစ်ယောက် ကောင်းစားဖို့ ကောင်းမှုလား
တစ်ယောက်သူမှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာဆိုတာ
ဘယ်တစ်ယောက်က ပျက်ပေးရမလဲ
ကုသိုလ်ကောင်းမှုလုပ်မိတဲ့သူက ပျက်ပေးရမလား
ဘယ်သူ တရားပျက်ပျက် ကိုယ်မပျက်နဲ့တဲ့လား
သူများပျက်တဲ့တရားက ကိုယ့်ကိုလာဖျက်တဲ့အခါ
မဆီမဆိုင် ကိုယ်ကပျက်ရတာတွေကို တရားချတဲ့စကားလား
ကိုယ့်အမှားပေါ်မှာစိုးတာနဲ့ သူများကို လိုက်မှားခိုင်းတဲ့သူတွေ
များသထက် များလာတဲ့ ဟောဒီကမ္ဘာဟာ
တကယ်တော့ ကျပ်သိပ်မပြည့်ဘူး
ကျပ်မပြည့်တဲ့ ဟောဒီကမ္ဘာက ကျပ်မပြည့်ရုံပဲလားဆိုတော့
မူးလို့ ရှူစရာ မူးစေ့ ပဲစေ့တောင် မရှိဘူး
လိမ်သူနဲ့ အလိမ်ခံသူကြား
အမှန်တရားကို ပြောမိတဲ့အမှားဟာ
ငါ့ကို သတ်တဲ့ မြှားတွေ ဖြစ်လာလိမ့်မယ်လို့ မထင်မိတာလည်း
ငါ့ရဲ့ မဟာအမှားတော်ပုံ ဖြစ်ခဲ့ရတယ်တဲ့
ကိုယ့်လိပ်ပြာကိုယ်လုံနေရုံနဲ့ မပြီးတော့ဘူးဆိုရင်လည်း
ရတယ်လေ၊ သက်သေတွေ ငါ့လက်ထဲမှာ ခုထိ ရှိတုန်းပဲ
ငါက လူ့ဘ၀တွေကို ကြည့်ခဲ့တယ်
ရှေးဘ၀ နောက်ဘ၀တွေ လူ့သက်တမ်းတွေကို ကြည့်ခဲ့တယ်
ရုပ်နာမ် ဖြစ်ပျက်ဓာတ်တွေကို ကြည့်ခဲ့တယ်
ကံအရာကို ငါနားမလည်ဘူးလို့ ကြိတ်မှိတ်ခဲ့တယ်
“မင်းသိပ်အ,တာပဲ”ဆိုရင်လည်း ပြုံးပြခဲ့တယ်
ခုတော့ ညကြီးမင်းကြီး မီးအိမ်ကိုင်လာတဲ့
မျက်မမြင်ဒုက္ခိတကို သူတို့ ၀င်ဝင်တိုက်ပြီး
သူတို့ပဲ နာမည်ဖျက်သွားတာ ကြားရဖန်များလာတော့
“ဓားတရား” ကို ဟောကြားချင်လာတယ်
ပျက်သွားတာ ရုပ်လား နာမ်လား စဉ်းစားတော့
ပရမတ်မဟုတ်တဲ့ ပညတ်တရားတွေကြောင့်
ဒေါသတွေ ပွားမိတဲ့ကိုယ့်ကိုယ်ကိုလည်း
အကြိမ်ကြိမ် သနားနေမိပြန်တော့တယ်။

Tuesday, June 22, 2010

ပစ္စုပ္ပန်ဟာ ထွက်ပြေးသွားတဲ့ချစ်သူ

Tuesday, June 22, 2010 Posted by ဂျေဂျူဝိုင်
ကုသိုလ်၊ ပညာ၊ ဥစ္စာ

ဒါက တစ်နေ့ တစ်ခုခုရအောင်ယူရမယ့် အရာသုံးခု

ဒါန=ကိုယ့်အတွက် စားစရာတောင်မရှိ

သီလ= လောလောဆယ် အရက်မူး

ဘာဝနာ = ကုသိုလ်တစ်ခါမှ မပြုဖူး

ထို့ကြောင့် ကုသိုလ်မရနိုင် ပယ်။

ပညာ = သင်တန်းကြေးမရှိ

ဥစ္စာ = အရင်းအနှီးမရှိ

ထို့ကြောင့် ပညာနှင့် ဥစ္စာကိုလည်းပယ်

ပယ်ရလွန်းလို့ ကိုယ်က အပါယ်ဘုံသား

လူလား နွားလား အိပ်စားကာမတူ

တူပေမယ့် ပေမရှိ သံမရှိ

မရှိတာလည်း ရှိမရှိ မသေချာ

သေချာအောင် သံသယကို ဖယ်လိုက်တော့

အဖယ်ခံလိုက်ရတဲ့ သံသယတွေက

သူ င့ါသတ်မလား၊ ငါ သူ့သတ်မလား

ဘေးဘယတွေနီးလာပြီလို့ခံစား

ဘာမှ မဖြစ်သလို ဟန်ထား

ကမ္ဘာ့ဖလားဘောလုံးပွဲကြည့်

ကြည့်ရင်း

ဒီတစ်သက် ဒီတစ်ကိုယ်

ကိုယ့်အသင်းကိုယ် ပြန်အားပေးရပါဦးမလား။

Thursday, June 17, 2010

တစေ့တစောင်း

Thursday, June 17, 2010 Posted by ဂျေဂျူဝိုင်
ငါရောက်နေတဲ့နေရာဆိုတာ မရှိဘူး

ငါသွားမယ့်နေရာဆိုတာ မရှိဘူး

လောကဓံက ရှစ်ပါးဆိုရင်

ငါ့အတွက် ရှစ်ပါးလုံး `ဒုက္ခ´ ပဲ

အချိန်ဟာအရေးကြီးတယ်၊ အဖိုးတန်ပဲ၊ ရွှေပဲ

ဒီစကားကို ငါပြောခွင့်ရရင်

ကမ္ဘာကြီးအခု မီးထလောင်မယ်

ဘာဖြစ်ချင်လဲဆိုတဲ့ မေးခွန်းအတွက်

ငါ့မှာအဖြေရှိခဲ့ရင်

အခု တတိယကမ္ဘာစစ်ထဖြစ်မယ်

ဒီတိုင်းသာဆိုရင်

အာရုံခြောက်ပါးမှာ စိတ်တွေ အနာဖြစ်ပြီး

အတောမသတ်ငါရူးတော့မယ်

ပူလွန်းလို့နှုတ်ခမ်းနဲ့မထိအောင်သောက်ရတဲ့

အရက်တွေ အစာမရှိတဲ့အူကို ဘယ်လောက်လောင်စေမလဲ

ပြောနေကျစကားနဲ့ အူကို ပြောလိုက်တယ်

`မြန်မြန်သေလည်း အေးတာပဲ

`မင်းကို ထမင်းမှ ၀အောင် မကျွေးနိုင်တာ´

မသေရုံတမယ် ငါ့ကို ထမင်းကျွေးထားတဲ့မြို့

ကျောချစရာကို အမြဲဖွက်ထားတယ်

ကိုယ့်ကိုကိုယ်လေးစားစရာမရှိတဲ့ လူအန္ဓအတွက်

တာဝန်ကျေပွန်တတ်တဲ့ ကံကပေးအပ်ခဲ့တာကို

ဘယ်မျက်လုံးနဲ့ ငိုပြီးတိုင်တည်တိုင်တည်

တမာပင်အောက်က ကြက်ဟင်းခါး

ဘယ်တော့မှ ချိုမှာ မဟုတ်သလို။

တစ်စက္ကန့်

Thursday, June 17, 2010 Posted by ဂျေဂျူဝိုင်


ဘာမှဖီးလိမ်းပြင်ဆင်မထားတဲ့

ရွက်ကြမ်းရေကြိုအပျိုစင်ညတစ်ခုမှာ
မြို့ကြီးတစ်မြို့ရဲ့ တိုက်ခန်းတစ်ခုထဲက
ပြတင်းပေါက်လေးမှာ မေးထောက်ပြီး
ငေးနေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ မြင်ကွင်းတည့်တည့်
မျက်ခွံကို သာမန်လေး ပင့်တင်လိုက်ချိန်
မထင်မရှား ကြယ်လေးတစ်ပွင့် ခိုးကြွေတယ်
ချက်ချင်း
ချက်ချင်းထက်မြန်တဲ့ ချက်ချင်း
အဲဒီထက်ပိုမြန်တဲ့ ချက်ချင်း
ကြယ်တစ်ပွင့် ကြွေချိန်အတွင်း
ရစရာတွေမရနိုင်တဲ့ ဘဝ
ဖြစ်ချင်တာတွေ မဖြစ်နိုင်တဲ့ဘဝ
မသင်ယူလို့ မတတ်မြောက်ခဲ့တာ မဟုတ်
အခြေခံသဘောတရားကိုတောင်နားမလည်နိုင်တဲ့ဘဝ
မကျေနပ်တာတွေကို ရယ်ပြပေးနေရတဲ့ ဘဝ
မရှိဖူးတဲ့ ချစ်သူ အထားခံခဲ့ရသလို ညရဲ့
လွမ်းချင်တာကို မလွမ်းရတဲ့ ဘ၀ထဲက
ဖောင်ဖျက်ရအောင်လည်း ကမ်းမကပ်နိုင်
တိုက်ပွဲဆိုပြန်တော့လည်း ဘာအတွက်မှန်း
ဘယ်သူ့အတွက်မှန်း ဘာကြောင့်မှန်း
လမ်းတွေရှိပေမယ့် သွားလို့မရ
အချိန်က လုံ့လစိုက် လုံ့လစိုက်
အချိန်က အရေးကြီး အရေးကြီး
အမြင့်က တွန်းချမယ် တွန်းချမယ်
အနိမ့်က ဆွဲချမယ် ဆွဲချမယ်နဲ့
ရပ်ထားတဲ့ ခြေတစ်ဖ၀ါးစာမှာ
ဟန်ချက်က ဘ၀ကို ညှိမပေးနိုင်ဘူး
ဖြတ်သန်းခဲ့ရတဲ့ နေ့တွေညတွေက
ရေမရတဲ့ တောင်စဉ်
ရေခမ်းခြောက်တဲ့ အင်းအိုင်
အချစ်၊ အောင်မြင်မှု၊ ပျော်ရွှင်မှုဆိုတာ
ကြားဖူးနားဝ ပုံတိုပတ်စ
မတိုက်ခိုက်ပဲ သိမ်းပိုက်ခွင့် ရတာကလည်း
ဝမ်းနည်းမှု၊ အားငယ်မှု၊ အထီးကျန်ဆန်မှု
ရသင့်တာလေးကို ရှာခဲ့လည်း မရ
ဖြစ်သင့်တာလေးကို လုပ်ခဲ့လည်း မဖြစ်
ဒါကပဲ အနိစ္စလား
ဒါကပဲ ဒုက္ခလား
ဒါကပဲ အနတ္တလား
ဘ၀ပေးကုသိုလ် အဖြစ် ယူလိုက်မယ်
တရားဒေသနာအဖြစ်မှတ်လိုက်တယ်
ချက်ချင်း
ကောင်မလေး ပြတင်းပေါက်က ခွါခဲ့တယ်။



ချစ်စွာသော ညီမလေးငယ်နန့်စန္ဒာထွန်းသို့ အမှတ်တရ ရေးပေးပါတယ်

Sunday, June 6, 2010

စနေနေ့ညနေ ခြောက်နာရီ

Sunday, June 06, 2010 Posted by ဂျေဂျူဝိုင်

ဘယ်ကမှန်း မသိတဲ့လူတွေနဲ့
ဘယ်ကမှန်းမသိတဲ့လမ်းဆီကနေ
အပြုံးတွေ ကိုယ်စီယူလာပြီး
ကြည်နူးမှုတွေ စီရရီကို
စနေနေ့ညနေ ခြောက်နာရီမှာ ဖျန်းပက်လိုက်တယ်
ဘယ်တော့မှ ညိုးနွမ်းမသွားဘူး။

ဘယ်တော့မှ မကုန်ဆုံးနိုင်တဲ့ ကုသိုလ်ကို
ဘယ်တော့မှ မပျက်နိုင်တဲ့ ညီညွတ်မှုတွေနဲ့
မောင်ရင်း နှမရင်းလို သူငယ်ချင်းတစ်စု
ခင်မင်မှုကို သံမဏိလိုချိတ်ဆက် ဆက်ရင်း
တံမျက်စည်းကို တစ်ချက်ချင်းခတ်တယ်။

ရင်ပြင်တော်တစ်ခုလုံး သန့်ရှင်းသွားသလို
သူငယ်ချင်းတွေရဲ့ ရင်တွေ သန့်ရှင်း
ညနေခင်းတစ်ခုလုံး ပီတိတွေ လင်းဖြာတယ်
အကုသိုလ်တွေလည်း ကင်းကွာတယ်။

`စနေနေ့ ညနေကို မျှော်ရတာ အမောပဲ´
သူငယ်ချင်းတွေ ဒီလို ပြောဖြစ်တယ်
ဘယ်တော့မှ မေ့မရတဲ့ညနေတွေ
ဘယ်တော့မှ ပြောလို့ပြီးမှာမဟုတ်တဲ့ ညနေတွေ
လူ နတ်ချစ်တဲ့ ညနေတွေ
သံသရာကို တိုတောင်းစေခဲ့တယ်။

ဓာတ်ပုံများကို ဤနေရာ တွင်တင်ထားပါသည်

Monday, May 24, 2010

ငါ တစ်ကောင်ကို မျှားကြည့်ခြင်း

Monday, May 24, 2010 Posted by ဂျေဂျူဝိုင်








ငါးမျှားချိတ် တလှုပ်လှုပ် တခါခါ ဖြစ်လာတော့
ကျွန်တော့် မကောင်းကြောင်းကို အားနဲ့ အင်နဲ့
အပေါ်ကို မရမက ဆွဲတင်လိုက်တယ်
ဒီနေရာက ကိုယ်ရည်သွေး တီးလုံးတွေ တီးတဲ့ နေရာလား
ဒီစာမျက်နှာက ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်လား
အမဲရိုးကို ကိုက်ပြီးအော်တဲ့ အသံက
အဝေးကို ရောက်နိုင်မယ်လို့ ထင်လား
တိရစ္ဆာန်တောင်မှ ကိုယ့်စည်းနဲ့ ကိုယ်နေတာ သိလား
သင်တို့က လူကြီးလူကောင်းဆန်တဲ့ လူယုတ်မာလား
ဘ၀ဆိုတာ ရေပွက်ပမာ ဆိုတဲ့ စကားထဲက
ခင်ဗျားတို့ လိုချင်တာ ငွေကြေးလား ဂုဏ်လား
ပင်လယ်ကြီးလောက် ကြီးကျယ်ချင်သလား
ကောင်ကင်ကြီးလောက် ခမ်းနားကြည့်ချင်သလား
ဘဂ္ဂဒက်မှာ အခုထကွဲမယ့် ဗုံးဟာ ခင်ဗျားတို့လား
ကိုယ့်မျက်လုံးနဲ့ ငိုတာ အားမရသေးဘူးလား
အနိုင်ရလိုမှုမှာ ဂုဏ်မရှိဘူးဆိုတာကော သိလား
စိတ်ကောင်းရှိဖို့က ပထမဆိုတာ ကြားဖူးလား
ဒီတစ်ခါ တံလျှပ်ထဲ
ငါးမျှားချိတ်တံ ထပ်မပစ်ချမိဖို့တော့ လိုလိမ့်မယ်။

Sunday, May 16, 2010

.......................................

Sunday, May 16, 2010 Posted by ဂျေဂျူဝိုင်
အို .. အမိငဲ့
နင်ဟာ ငါ့ အာရုံအလင်းကို ညှိထွန်းသူ
ငါ့ ကန္တာရအပူကို မျှယူငြှိမ်းသတ်လို့
ငါ့ အိပ်မက်တွေကို ပင်လယ်ဆီဆောင်ကျဉ်းတဲ့
တစ်စင်းတည်းသောမြစ်...။

အို .. အမိငဲ့
ထာဝရသစ်လွင်သော မြတ်နိုးခြင်းတရားမှာ
အရာရာတိုင်းကို တို့အတူ ပျိုးစိုက်ခဲ့
မိုး မလိုက်ရင်လည်း နေပါစေကွယ်
ဒီအချစ်တွေနဲ့ပဲ
တောလုံးညွတ်အောင် စိမ်းလန်းကြမယ်...။

အို .. အမိငဲ့
ဘုရားသခင် ဆိုသူရယ်
တားမြစ်ထားသော သစ်သီးရယ်နဲ့
မြွေတစ်ကောင်ရယ်.. နင် ရယ်
ကမ္ဘာဦးကတည်းက
မျိုးနဲ့ရိုးနဲ့ မျက်စိသူငယ် နားသူငယ် ငါ ရယ်
အဲဒီဥယျာဉ်တော်ထဲမှာပေါ့...။

ငါ့ နံရိုးလေးဖြစ်လို့
ငါ့ အရေပြားဖြတ် အသားဖြတ်
ငါ့ အသွေးနဲ့ အကြောမွှာတွေကိုဖြတ်
အရိုးထိ ဆတ်ဆတ်တုန်အောင် နှင်းအပ်ခဲ့ရပြီးသောနောက်...
ငါ့အား ဖန်ဆင်းသူကို ဆန့်ကျင်လို့
အဆိပ်သီးဆိုတာကို ၀ံ့ဝံ့ရဲရဲ ဆွတ်ယူစားသုံးလို့
ရွံရှာဖွယ် သွေးဆောင်ဖျားယောင်းခြင်းကို လက်ခံသိမ်းဆည်းလို့
နင့် နှုတ်ခမ်းလေး အတိမ်းအဖွဲ့လောက်မှာပဲ
ယိမ်းကာ နွဲ့ကာ ကခုန်ရဲခဲ့သောနောက်...

အို .. အမိငဲ့
နင့် လိုအင်လေးအတွက်နဲ့
ထာဝရအသက်ကို ငါ စွန့်လွှတ်ခဲ့ရ
မစင်ကြယ်ခြင်းဆီ ငါ ခုန်ဆင်းခဲ့ရ
မြေကြီးသို့ ကျိန်စာမှာ ငါ နာပျော်တတ်ခဲ့ရ
ငါ့သား ငါ့မြေး ငါ့သွေး ငါ့ အသက်
ငါ့ အဆက်ဆက်ကို ကျွန်ဇာတ်သွင်းခဲ့ရ
ငါတို့ရဲ့ ဧဒင်က စခဲ့တယ် အမိငယ်...။

အို .. အမိငဲ့
ကောင်းကင် မြေကြီး ဟင်းလင်းပွင့်တော့မှ
ကိုယ့်အနူးညံ့ဆုံးဆီ ကိုယ်တိုင်ထိုးစိုက်ခဲ့မိသော
ကျမ်းစာလာ သံငုတ်ဟာ ပြုတ်မတဲ့
ငါ့သံငုတ်ကိုတော့ နင်ပဲ ဖြုတ်နိုင်မယ် အမိငယ်..
ငါ့ စီရင်ခြင်းနေ့မှာတော့
ငါ့ ရှေ့က ကျောက်သားပလ္လင်ပေါ်မှာ နင့်ကိုပဲ တွေ့ချင်ရဲ့အမိငယ်...။

အို .. အမိငဲ့
နင်သဲ့ယူပြီးစီးသော ငါ့ဘ၀အလုံးမှာ
ငါ့ရှုံးနိမ့်ခြင်းတွေက တိမ်ပုခက်တွေလို အရောင်တလက်လက်စုံလင်ပြီး
နောက်ဆုံးစားပွဲက စပျစ်ရည်ထက်ကို ပိုမိုချိုမြိန်လိမ့်မယ်
ဒီလိုပဲ ငါယုံကြည်ရဲခဲ့ပါရဲ့...။

အို .. အမိငဲ့
အဆုံးအစမဲ့ အထက်အဇဋာမှာ
ငါဟာ ချစ်ခြင်းတရားကို ကြယ်တွေလို ချိတ်ဆွဲထားရဲ့
နင့် လိုဘပြည့်အောင် ခူးဆွတ်လှည့်ပါကွဲ့။
ဘ၀ ဟာ ကြိုးတစ်ချောင်းဆိုခဲ့ရင်လည်း
နင့်ကြိုးတစ်စကို ငါ့ ကြိုးတစ်စနဲ့ ယှက်ငင်တော့
သုံးလွန်းတင်တဲ့ သံယောဇဉ်
သံသရာပြင်ထိအောင်သာ ချည်နှောင်ပါတော့ အမိငယ်...။

အို .. အမိငဲ့
ငါ့အတွက်မတော့ အချစ်ဆိုတာ
ဘယ်သမုဒ္ဒရာမှာမှ မနစ်မြုပ်နိုင်သော
နျူကလီးယားစွမ်းအင်သုံး အခိုင်ခံ့ဆုံးလှေသင်္ဘောဖြစ်တယ်
ငါ ယုံကြည်အပ်သောအရာတိုင်းကို ယုံကြည်တတ်ဖို့အတွက်
ငါ့ ယုံကြည်ချက်တွေကို အသက်သွင်းပေးသော အရာဖြစ်တယ်
ငါ့ တည်ရှိခြင်းကို အသိအမှတ်ပြုပေးတဲ့
ပန်းနုရောင် မွေးစာရင်းစာရွက်လေးလည်း ဖြစ်တယ်
ငါ သောက်ချိုးလိုက်တိုင်း ပျိုမြစ်ခြင်းကို ပေးတဲ့
ပြာလဲ့လဲ့ နတ်ရေကန်တစ်စင်းလည်း ဖြစ်ပါတယ်...။

အို .. အမိငဲ့
တည်ပြီးခဲ့လေသော ပန္နက်
လောင်းချပြီးခဲ့လေသော ရေစက်
ဘယ်လိုအခြေအနေဖျက်ဖျက် သွေမပျက်ဘူး။
လေလှိုင်းထဲက
နင့် အသံလေး ကြားရုံနဲ့ ရူးတတ်ဖို့
ငါ့ရင်ဘတ်ကို ငါ တူးဖော်ယက်ဆွခဲ့
နင်သိရဲ့လား..
အဲဒါက တအားနာတယ်...။

အို ..အမိငဲ့
နာကျင်ခြင်းတွေနဲ့ ယမန်နေ့ကို
လိုလိုချင်ချင် လွမ်းတတ်နေတုန်းမှာ
နာကျည်းခြင်းများနဲ့ ဒီကနေ့က ဆိုက်ဆိုမြိုက်မြိုက်ရောက်ရှိလာ
မနက်ဖြန်မှာရော ငါ့ အနာ တွေက
အဖေးအသားတက် ကျက်လေမလား..?
နင့် နှုတ်ခမ်းပါးလေးနဲ့ပဲ ငါ့အသက်ကိုချိတ်ဆက်ထား
နင် ထားမသွားခင် ငါအရင်သေနိုင်တယ် ဆိုတာ နင် သိရဲ့လား..?
အား!!!!!! နာလိုက်တာဟာ...။

အို .. အမိငဲ့
နင့် ယဲ့ယဲ့လေး အပြုံးမှာ
ငါ့ ရင်ဘတ်က ပန်းတွေ တအုံးအုံးကြွေတတ်တာ
ဒါ ငါတွေ့ရှိသော ဆွဲငင်ခြင်းနိယာမအသစ်ပဲ..
ငါ့ ပတ်လမ်းတိုင်းရဲ့ တစ်ခုတည်းသော ဗဟိုချက်ဟာ နင်ပဲ..
ငါ့ကို စုပ်ယူမယ့် တွင်းနက် လှတပတလေးဟာလည်း
နင့် မျက်ဝန်းနက်ကလေးပဲ...
ကဲ...
သိမ်းလှည့်ဆည်းလှည့်
ဟောဒီကလေကချေ ဘ၀အလုံးဟာ
နင့် ခြေရင်းတည့်တည့်မှာ
သံသရာထိ ရုံးအားမဲ့နေပြီပဲ အမိငယ်ရယ်...။ ။




မိုးကေခမ်းကို ကျွန်တော်နဲ့ ပတ်သက်ပြီး ကဗျာစပ်ပေးပါဆိုတော့ သူစပ်ပေးလိုက်တဲ့ ကဗျာပါ။

Saturday, May 1, 2010

မိုးမြေမဆုံး လွမ်း

Saturday, May 01, 2010 Posted by ဂျေဂျူဝိုင်
မှားယွင်းနေတဲ့ နေ့နာရီဟာ
သောက်နေကျ ပုံမှန်ဆိမ့်ဆိမ့်တစ်ခွက်
ဘယ်ပညာနဲ့ ထွင်းထု အဆုံးသတ်သတ်
ဟောဒီ ပန်းပုရုပ်ဟာ တဖြည်းဖြည်းဘီလူး
ဘဏ်ကို ဓားပြတိုက်ရင် ထောင်ဒဏ်
ဘ၀ကို ဓားပြတိုက်ရင် တံတွေးခွက်ဒဏ်
စူးခနဲ ပိုပိုအောင့်လာတဲ့ နှလုံးကို
ဘယ်နတ်ဒေ၀ါလက်နဲ့မှ ဖုံးအုပ်ကုသလို့မရ
ချက်ချင်းဆိုသလို မျက်မှောင်မိုးသည်းကြား
မျက်မုန်းကျိုး မိုးမုန်တိုင်းတိုက်ခတ်မလား
နံရံကို ထိုးလို့နာတဲ့ လက်သီးနဲ့
ဘ၀ကို ချောက်ထဲ တွန်းချပေးနိုင်မလား
မပြီးဆုံးသေးတဲ့ နေ့ရက်ကနေ
တကယ်ချစ်ရဲ့လား မေးခွန်းမှာ ခွေခေါက်လဲကျ
အားလုံးကို ငိုပြဖို့ ရယ်ပြဖို့ နေပြဖို့ဆို
ကိုယ်က အိုးမဲ့ အိမ်မဲ့ နေထိုင်ဖို့မဲ့ ဗလာ
ပင်လယ်ပြင်မှာ ကိုယ့်ခဏခဏ သင်္ဘောမှောက်တယ်
အရမ်းချစ်တယ် ဆိုတဲ့ ကောက်ရိုးတစ်မျှင်သာ မရှိရင်
ကိုယ်ဟာ တိုက်ပိတ်ခံထားရတဲ့ အကျဉ်းသား။

Friday, April 30, 2010

ငါ့ရဲ့ အဝေးက အနီးဆုံးကောင်းကင်

Friday, April 30, 2010 Posted by ဂျေဂျူဝိုင်
အဝေးကို လှမ်းငေးကြည့်လိုက်တယ်
မြေကြီးနဲ့ကောင်းကင်
တပူးတွဲတွဲစကားပြောကြရဲ့
ပင်လယ်ဟာကောင်းကင်ကြောင့်ပြာတယ်
ဘယ်လိုမှ မဖြစ်နိုင်ဘူးကောင်မလေး
မင်းကိုချစ်လို့ ဒီစကားကိုငါပြောတယ်
အဝေးကနေ နီးစပ်နေကြတဲ့ရင်ဘတ်နှစ်ခု
အလွမ်းငွေ့တွေနဲ့ဝိုင်းပတ်ကာရံထားတယ်
မေ့မေ့မောမောနဲ့ ပျော်နေခဲ့တာမဟုတ်ပါဘူး
ရင်ဘတ်ကိုဆုတ်ဖြဲပြီးပြုံးရိပ်သန်းပြနေရတာ
ငါတို့နှစ်ယောက်ကြား အမှန်တရားတွေဖြတ်ဖြတ်ပြေးတိုင်း
ငါ့ကိုယ်ငါ ပျောက်ဆုံးပစ်လိုက်ချင်တယ်
မင်းရဲ့ငိုသံတွေကြားမှာ
ပြိုဆင်းကျခဲ့ရတဲ့ငါ့ရဲ့မျက်ရည်ငွေ့တွေ
ဆွေးဆွေးမြေ့မြေ့ပဲထိုင်ငေးနေလိုက်ရတယ်
လောဘတကြီးပိုင်ဆိုင်ချင်ခဲ့ပါရဲ့
လမင်းမသာတဲ့ညဥ့်နက်နက်မနက်ဖန်တွေ
ကောင်းကင်ရောင်ပျောက်သွားတဲ့ပင်လယ်လို
ကိုယ့်ကိုယ်ကိုပြာလွင်ဖို့မဖြစ်နိုင်တဲ့အဖြစ်မှာ
ငါလေ....
``မင်း ကို သိပ် ချစ် တာ ပဲ´´
အဝေးကပဲကြိုးညှိနေရတယ်။


ထွန်းလင်းသစ်ကို ကဗျာစပ်ပေးပါလို့ပြောတော့ သူက အမှန်အတိုင်း စပ်ပေးသွားတယ်။


အလွမ်းနင့်နင့်..နဲ့... အဆင့်အဆင့် အမြင့်အမြင့်ကနေ.. တရင့်ရင့်.. ကြွေ

Wednesday, April 21, 2010 Posted by ဂျေဂျူဝိုင်
(၁)

အလွမ်းတွေကို
အလွမ်းအတိုင်း ထားရှိရင်း
ဆူလွယ်နပ်လွယ် ပန့်ခ် သီချင်းတစ်ပုဒ်ကိုပဲ ညဉ်းနေမိ

အိုကွယ်..
ချစ်သူ့ မျက်ဝန်းကလေးကို သတိတရနဲ့
ချစ်သူ့ ရင်ညွန့်ထက်က လော့ကတ်သီးလေးရယ်
ချစ်သူ့ လက်ကောက်ဝတ်က နတ်ဘုရားဆင်းတုရယ်ကိုပဲ
သဲကြီးမဲကြီး နာလိုခံခက်ဖြစ်နေရ
အနှိုင်းအဆ ဟာ ဒီလောက်လေးပါပဲ ချစ်သူ...



(၂)

ချစ်သူရယ်လေ..
ပူတယ်...
ဟောဒီ မန္တလေးဟာ ပူတယ်..
ကိုယ့် ရင်ထဲမှာလည်း ပူနေတယ်..
ကိုယ်တို့နှစ်ဦးရဲ့ ရှေ့ခရီးဟာလည်း မီးလိုပဲ ပူနေမတဲ့လား..?
ကိုယ် မထိကိုင်ဖူးသေးတဲ့ ချစ်သူလက်ဖ၀ါးလေးထဲမှာ
ကိုယ့် ဘ၀ရဲ့ အရာရာကို ဆုပ်ကိုင်ထားပြီး
အေးငြိမ်းသောခရီးဆီ နင် ထွက်ခွာသွားသင့်ပြီပဲ ချစ်သူလေးရယ်...

“ထားခဲ့တော့ပါ
ရင်မှာ နာလည်း
ကိုယ့် အသဲကို
ကွဲဖို့ အသင့်
ခင်းဆင့်မယ်...” တဲ့
အလျားလိုက် ဖြန့်ခင်းပေးထားသော သံယောဇဉ်မှာ
အသာအယာပဲ ဖြတ်လျှောက်သွားလိုက်ပါကွယ်
ချစ်သူ့ ဖ၀ါးနုနုနယ်နယ် အန္တရာယ်ကင်းစေရခြိမ့်မယ်...



(၃)

ချစ်သူရယ်လေ..
တစ်ယောက်ဆီတစ်ယောက်က
ရောက်ရှိချင်ရက်နဲ့ ဝေးနေရခြင်းဟာ
ကိုယ်လိုကောင်အတွက် ပိုပြီး “နာ” ရတယ်
ကိုယ်လိုလူအတွက် အိပ်မက်ထဲထိ “သေ” ရတယ်
ကိုယ်လို နှလုံးသားအတွက် ဗဟိုချက်ဆီ ကွက်တိ “ထိ” ပါတယ်..

“ဂျေဂျူဝိုင်ဆိုတာ ဆိုတာ
ဘ၀နဲ့အချစ်မှာ ဥပစ္ဆေဒကကံနဲ့ နတ်ဖြစ်သွားတဲ့ သတ္တ၀ါ” ... တဲ့
ဒါဟာ တကယ်ပဲ ချစ်သူလေး
အလွမ်းအဆွေးတွေ ရာနှုန်းများများနဲ့
ကိုယ့် ဘ၀ပေါ် ၀ဲဝဲကျလာတဲ့ ဓားချက်တိုင်းမှာ
ကိုယ့် ခံနိုင်ရည်ဟာ ထိုင်းမှိုင်းလာခဲ့ရ...

ချစ်သူပေးအပ်သမျှ ချိုမြိန်ခြင်းတွေနဲ့တင်
ကိုယ့်ရင်ဘတ်ရဲ့ ကိုလက်စထရော အချိုးအစားကလည်း
မတန်တဆပဲ များ များ လာခဲ့ရ...

ချစ်သူရေ..
ဝင်သက်လေ ထွက်သက်လေ အထိအခတ်တိုင်းမှာ
ချစ်သူ့ ခေါ်သံလေးဟာ ငြိလာကပ်ပါ
အဲဒီလို အခါများမှာ အသက်ရှူကြပ်လာ
အလွမ်းဆိုတာ..
အယ်လ်ကိုဟော ဆချိုးများများနဲ့ ဒရာဘယ်လ် ဘီယာ
ကိုယ် ယစ်မူးတတ်ခဲ့တာလည်း ကြာပြီပဲကွယ်...



(၄)

ချစ်သူရယ်လေ..
ကိုယ်လေ တိတ်တိတ်လေး
အတွေးထဲမှာ ခိုးခိုးပြီး စိတ်ကူးယဉ်

“ ချစ်သူ သတိမထားမိလိုက်ပဲ
ချစ်သူ့ ဆံနွယ်ဖျားကနေ ခြေဖ၀ါးလေးဆီအရောက်
တောက်လျှောက်စီးဆင်းခွင့်ရသော ရေစက်မှုန်ကလေး ဖြစ်ချင်..”

“ချစ်သူ့ လွတ်လပ်ခြင်းတွေအတွက် ချစ်သူ အနှံ့အပြားဆီ ထိကပ်ခွင့်ရတဲ့
ညဥ့်လွှာရုံ အ၀တ်အထည်ပါးပါးလေး ကိုယ် ဖြစ်ချင်..”

ဒါမှ မဟုတ်ရင်လည်း..
“ချစ်သူ နံနက်တိုင်းလိုလို စားဖြစ်တဲ့ ကြာဇံကြော်ထဲက
ဆတ်တောက် ဆတ်တောက် နင် ၀ါးမိတဲ့ မုန်လာဥနီဖတ်လေး ဖြစ်ချင်..”

“ချစ်သူ ချော့သိပ်လိုက်ရင် ချက်ချင်းပဲ အိပ်ပျော်သွားမယ့်
ငိုသံကျယ်ကျယ် ကလေးလေး ကိုယ် ဖြစ်ချင်..”

ဒီလိုပဲ တိတ်တိတ်လေး ခိုးခိုးပြီး စိတ်ကူးယဉ်
ချစ်သူ... မသိဘူး...


(၅)

ချစ်သူရယ်လေ..
ကိုယ်တို့နှစ်ယောက်ရဲ့
ဥပဒေမဲ့ အပြာနုရောင်ချစ်ခြင်းတရားခွင်မှာ
ကိုယ်ဟာ ချစ်သူကို စီရင်ပိုင်ခွင့်ပေးထားသလို
ချစ်သူကလေးကလည်း ကိုယ့်ကိုပဲ စီရင်ချက်ချစေချင်တယ် ဆိုတာ
ကိုယ်နားမလည်သော ဘာသာစကားကို နားထောင်ရင်း ကိုယ် နားလည်လာ..

ကိုယ်တို့ တစ်ဦးစီအတွက် တစ်ဦးက
ဝင်ရလွယ်ပြီး ထွက်ရခက်တဲ့ ၀င်္ကပါ တဲ့လား..?
ကိုယ်တို့ လှလှပပလေး မှားခဲ့ကြပြီ ထင်ပါရဲ့ကွယ်...



(၆)

“လူဖြစ်လာတာက ပထမအမှား
လူလိုခံစားတတ်တာက ဒုတိယအမှား..” တဲ့
ဒီလိုဆို...
တတိယအမှားဟာ ကိုယ့် မှန်ကန်ခြင်းတရားပဲပေါ့
နင့် နှလုံးသားမှာ ဖြစ်တည်တယ်လေ...

ချစ်သူရေ..
ခြေခင်းလက်ခင်း သာ သာ ၊ မသာ သာ
အလွမ်းတစ်ခုက အလွမ်းတစ်ခုကို ဆာလောင်လို့
ကုန်းမြေတစ်ပြင်က ဟိုဘက်ကုန်းမြေတစ်ပြင်ကို ဆာလောင်လို့
ဆာလောင်ခြင်းအထပ်ထပ်က ကိုယ့် ရင်ဘတ်တည့်တည့်ကို ဆာလောင်လို့
ည ည များဆို ယောင် ယောင်ပြီး စမ်းကြည့်မိ
ချစ်သူကလေး ရှိမှ မနေပဲကို...

အဝေးမှာ..
လေပြည်လာရာအရပ်ဆီ ဆန့်ထုတ်ထားတဲ့ ကိုယ့် လက်ဖ၀ါး
ချစ်သူ ခံစားတတ်ရင် နာကျင်ရပစေ ကိုယ်ကျေနပ်နိုင်ရဲ့
ဘာကို ပေးဆပ်ရမလဲ..?
ဘယ်လောက်အထိ ပေးအပ်ရမလဲ..?
ဘယ်အခြေအနေရောက်အောင် ကိုယ့်ကို သယ်ဆောင်သွားမှာလဲ..?
ဒီလိုနွေတွေပဲ ကိုယ့်ဆီတဖွဲဖွဲရွာသွန်းလို့
ကိုယ့်အရိပ်မှာ ချစ်သူ စိတ်တွေပဲ အခါခါ ထွန်းကားတယ်...



(၇)

ချစ်သူရယ်လေ..
ချစ်ခြင်းတရားမှာ
အရာရာဟာ မြင့်မြတ်သွားစတမ်း ဆိုရင်လည်း
ကိုယ့်ဘ၀ထဲက ကြက်ခြေခက်များစွားကို
သူရဲကောင်းတံဆိပ်လိုပဲ ၀ံ့ဝံ့ကြွားကြွား ကိုယ် ခံယူလိုက်ချင်ရဲ့..
တစ်နေ့ ထိမှန်လာမယ့် ကံတရား ကျည်ဆန်မှာပဲ
သံသရာတစ်ပြင်လုံး အုံးအုံးမြည်အောင် ကွဲပျက်လိုက်ချင်ရဲ့..
မြတ်နိုးခြင်းများစွာနဲ့ တွန်းဖွင့်ခဲ့မိသော ပန်းနုရောင်တံခါးချပ်ကို
ကိုယ် ကိုယ်တိုင်ပဲ ဂျက်ချထားလိုက်ချင်ရဲ့ကွယ်...

ကောင်မလေးရေ..
Love you... , Need you...
လွယ်လွယ်ကူကူနဲ့ ကိုယ်ပြောခဲ့တာ မဟုတ်သလို
Forget me... , Leave me...
ဒီလိုပြောဖို့လည်း ကိုယ့်မှာ မလွယ်ကူပြန်တဲ့နောက်
အလိုလိုကွယ်ပျောက်လွင့်ပါးသွားရှာမယ့်
တိမ်တွေသွားရာ ညဥ့်လမ်းမမှာ
အလွမ်းအစအနတွေ ဖွဖွခြွေရင်းပဲ ဆက်လျှောက်
ဘယ်ဆီကိုပဲ ရောက်ရောက်ပေါ့ကွယ်...



(၈)

ချစ်သူရယ်လေ..
အခြေအနေဆိုတာကို ပြောင်းပြန်လှန်ပစ်ဖို့
ဘယ်ပရောဖတ်ရဲ့ ဟောညွှန်ချက်ကို ကိုယ် ယုံစားရပါ့..
အိုလံပီယာတောင်ကုန်းထက်က
ဘယ်နတ်ဘုရားရဲ့ယဇ်ပလ္လင်မှာ ကိုယ့်ရှင်သန်ခြင်းကို ပသတင်မြှောက်ရပါ့..

ရယူလိုခြင်း တစ်ဆယ့်ငါး ရာခိုင်နှုန်း
ပေးဆပ်လိုခြင်း သုံးဆယ့်ငါး ရာခိုင်နှုန်း
ကိုယ့် မသိနိုင်ခြင်းက လေးဆယ့်ကိုး ရာခိုင်နှုန်း
ကိုယ်တို့ ဆုံဆည်းခွင့်က မစို့မပို့ တစ်ရာခိုင်နှုန်း
ဒါကိုမှ ကိုယ် ပြုံးပြုံးလေး နေထိုင်နိုင်တယ် ဆိုရင်လည်း
နောက်ဆုံးထွက်သက်ရဲ့ ပထမအပြုံးပဲ ဖြစ်ပါလိမ့်မယ်...



(၉)

“လာမယ့်ဘေး ပြေးတွေ့လိုက်စမ်းပါ ဂျေဂျူဝိုင်ရာ..” တဲ့
အစ်ကိုရေ.. အဲဒီကောင်မလေးဟာ ဘေး မဟုတ်ဘူး အစ်ကိုရဲ့
မြတ်နိုးခြင်းတရားတွေနဲ့ သွန်းခတ်ထားသော ပွင့်လွှာဓားတစ်လက်
လက်ကိုင်ရိုးမှာ သူမ ခေါ်သံလေးကို စွပ်တပ်ထားလေရဲ့..

အဲဒီဓားတစ်လက်ရဲ့အေးစက်စက်ဂုဏ်သတ္တိမှာ
ထိတွေ့မိလိုက်တိုင်း အသိနဲ့ စောင့်စည်းခြင်းဟာ အရှင်လတ်လတ် ကျောက်သားဖြစ်ရတယ်
အဲဒီကျောက်သားတွေကပဲ တဖျပ်ဖျပ်လှုပ်ခါအိကျတတ်လာပြီး
သူမ ရှိရာအရပ်ဆီ ဦးညွှတ်စီးဆင်းရပြန်တယ်...

တခါတရံ များစွာမှာလည်း
နှစ်ပေါင်းတစ်ထောင်ကြာ သိမ်းဆည်းထားတဲ့ ၀ိုင်တစ်ခွက်လိုပဲ
ရှိန်းခနဲ ဖိန်းခနဲ အနှိုးအဆွ .. ဘ၀နဲ့မာနကို ရုန်းကြွအောင် အားခွန်ပေးတယ်
အဲဒီဓားတစ်လက်ရဲ့ စေညွှန်ရာ အရပ်မျက်နှာမှာ
သစ္စာတရားနဲ့ အခြားအခြားသော စိတ္တဇလိုအပ်ချက်တွေ ပြည့်စုံနေမလား လို့လည်း
ရင်ကွဲပက်လက်အိပ်မက်တွေနဲ့ အိပ်စက်တတ်လာပါတယ် အစ်ကိုရေ...



(၁၀)

ချစ်သူရယ်လေ..
လာမယ့် နွေနှောင်းမှာ ကိုယ်ဟာပြက္ခဒိန်ကို လှန်လှောရပေဦးမယ်
လူလူသူသူခံစားတတ်ခြင်းလမ်းမထက်က
ကိုယ့် နှစ်ဆယ့်ရှစ်ကြိမ်မြောက် ညစာစားပွဲမှာ
ဘ၀ဟာလည်း အကြမ်း အနု အယုအယ အစအနောက်အကြောက်အကန်
ဟန်မျိုးစုံ ပဉ္စလက်တရားမှာ ထုသားနေသား ကျနလာရပေဦးမယ်
SS.တပ်ဖွဲ့မှူး “ဂျင်နရယ် ဟင်းမလား” ကပြောတယ်
“ယုံကြည်ချက်နဲ့ လျှောက်တဲ့လူဟာ အလောင်းကောင်တွေပေါ် ခွကျော်သွားရဲရမယ်..” တဲ့
ကိုယ့်မှာတော့ ယုံကြည်တာတွေ ရှိပေမယ့်
ဘယ်အလောင်းကောင်ကိုမှ ခွကျော်မသွားချင်သလို
လဲနေတဲ့အလောင်းကောင်တွေထဲမှာလည်း ကိုယ် မပါဝင်ချင်ဘူး...

အဝေးက မျက်ခွံမို့မို့လေးရေ...
တိမ်တွေ ဘယ်ဆီ ရွေ့တယ်... ချစ်သူရှိရာ ရွေ့တယ်
မိုးတွေ ဘယ်ကို ညှို့တယ်... ဟို့.. အရှေ့ယွန်းယွန်းကို ညှို့တယ်
နက္ခတ် တာရာ ဘယ်မှာ စုံတယ်... ကိုယ့် ရင်ဘတ်မှာ စုံတယ်
လေပြေ ဘယ်နား ပွတ်သပ်သွားတယ်... ဆံနွယ်မျှင်ကြား ပွတ်သပ်သွားတယ်
သစ်ရွက် ဘယ်လို ကြွေမယ်... ချစ်သူဆိုတဲ့ တေးသွားရိပ်ခို အလိုလိုကြွေတယ်
တံခါးတွေ ဘယ်အချိန်ပိတ်မယ်... ချစ်သူပြန်လာတော့မှ ပိတ်မယ်
ဂျေဂျူဝိုင် ဘယ်တော့ အိပ်မယ်
ချစ်သူလေး .. သိပ်..မှ... အိပ်...တော့....မယ်.....လေ.......။




ကေခမ်းရဲ့ကဗျာပါ။
နည်းနည်းလေးတော့ ကိုယ့်နာမည်ယူလိုက်ပါတယ်

Monday, April 12, 2010

ဇယား

Monday, April 12, 2010 Posted by ဂျေဂျူဝိုင်
တရားကျဖို့ကောင်းလိုက်တာ
“တရားတွေကျတော့
မတရားတွေ တက်လာတာပေါ့ကွ”
နဝေတိမ်တောင် ထအော်တယ်
တရားကျနေတာကို ကျွန်တော်
ဖွတ်ထွက်လာတဲ့အထိ ကြည်ညိုခဲ့မိတယ်
တရားအေးရိပ်ဆိုပြီးတော့
အဆိပ်ဆေးတိုက်ကျွေးတာ
စားခဲ့ဖူးတယ်
ဒါကို
အရူးတွေက သဘောတူ
အပေါတွေက လေးခုမြောက်
အပြစ်ပေါ် ပစ်တင်ပေး
ပြီးတော့
သန္ဓေကန်းအတွက်
အလင်းကို လက်နဲ့ ပြသလို
ပါးစပ်နဲ့ပြောတဲ့ အမှန်တရားကို
လက်နဲ့လိုက်စမ်း
နောက်ဆုံး
“ရှင်တို့ ပျင်းနေမယ်ထင်လို့
ကျွန်မ မျောက်က ကပြတာပါ” တဲ့
ဆေးတစ်ခွက်နဲ့ ပျောက်တဲ့ရောဂါ
သိပ်ရှားတယ်။

Friday, April 2, 2010

ငိုမိတယ်

Friday, April 02, 2010 Posted by ဂျေဂျူဝိုင်
“အွန်လိုင်း” လို့ကြားလိုက်တာနဲ့
ကိုယ့်စိတ်တွေ ဖမ်းလို့ မရတော့ဘူး
တော်တော်ဝေးတဲ့အထိ
တော်တော်မြင့်တဲ့အထိ
စိတ်ကို “သတိ” လို့ဆွဲပြီး
ငြိမ်ငြိမ်နေခိုင်းလို့ မရဘူး
“ရ” ကိုမရမကဆွဲထည့်ပြီး
သတိရ
အချိန်ရှိတိုင်းသတိရ
သတိရတိုင်း
အလွမ်းတွေက အပိုင်းပိုင်းကျိုးကျတာ
အသုံးမကျတဲ့ကောင်
အလကားကောင်ဆိုတဲ့
ကိုယ့်ရင်ဘတ်ထဲအထိ

Friday, March 26, 2010

ပျော်နေတာကောင်းတယ်

Friday, March 26, 2010 Posted by ဂျေဂျူဝိုင်
ပျော်နေတာ ကောင်းတယ်
ခရမ်းချဉ်သီး၊ သရက်သီး၊ ငရုတ်သီး
သခွားသီး၊ ဖရဲသီး၊ ငှက်ပျောသီး
ပျော်နေတာ ကောင်းတယ်
ငါ ဒါမလုပ်ရင် သူတို့ငါ့ကို ကဲ့ရဲ့မှာ
ဖြစ်သွားဖို့ အဓိကပဲ ငါလုပ်ပြမယ်
ပျော်နေတာ ကောင်းတယ်
ဒီနေရာမှာ ငါ့ကိုအပြစ်တင်လာကြပြီ
သူတို့ပါးစပ်ပိတ်အောင် ဟိုနေရာနေပြမယ်
ပျော်နေတာ ကောင်းတယ်
ရာဂံ ဥပနိဿယ နဲ့
ကိုယ်ချစ်တဲ့ ယောက်ျား ကိုယ်ချစ်တဲ့မိန်းမကြောင့်
ကိုယ့်ဘ၀ကိုယ်တောင် သနားဖို့မေ့လောက်အောင်
လှေကားချပြီး အဆင်းရဲကြတယ်
ပျော်နေတာ ကောင်းတယ်
ကျွန်မက စေတနာအရင်းခံနဲ့ ပရဟိတလုပ်နေတာရှင့်
ကျွန်တော်က သိစေတော့ရယ်လို့ ဘာသာရေးတွေ ရေးနေတာ
ကျုပ်တို့တစ်ဖွဲ့လုံး လုပ်သမျှ ကိုယ်ကျိုးလုံးဝ မပါခဲ့ဘူး
ပျော်နေတာ ကောင်းတယ်
လူမရှိတဲ့ လမ်းမှာ
ပျော်ပြရတာဖြစ်ဖြစ်
ပျော်ဟန်ဆောင်ရတာဖြစ်ဖြစ်
ပျော်နေတာ ကောင်းတယ်။


ချစ်သူဖြစ်ပြီးနောက်ပိုင်း

Wednesday, March 24, 2010 Posted by ဂျေဂျူဝိုင်
ချစ်ရေ ပြန်ပြောပါဦး
“မင်းနဲ့ ချစ်သူဖြစ်ရတာ” လို့လေ
အဲဒါလေးပဲ ခဏခဏကြားချင်တယ်
ဘာတဲ့ ပင်လယ်ပြင်မှာလှိုင်းလုံးစီးရသလိုပဲတဲ့လား
ချစ်ခြင်းရဲ့ ဖြစ်ရိုးဖြစ်စဉ်ထက်
ကံစမ်းမဲ နိုက်ရသလို
ဝိုင်ကို မစို့မပို့သောက်လိုက်ရသလို
ခုပဲ အသည်းကွဲသီချင်းထဆိုရမလို
ချစ်သူတွေ ဖြစ်ရတာ
လရောင်ဖြာကျတဲ့ညလို မအေးချမ်းဘူးလား
ခြားထားတဲ့ အလွှာပါးပါးက
တဖက်မြင်မှန်ပါးလို ဖြစ်နေသလား
ပိုးသားတစ်ဖက် သံမဏိတစ်ဖက်နဲ့
အနမ်းကို ထက်ခြမ်း ခြမ်းပြီး
ခွဲစိပ်ကြည့်ရသလို ဖြစ်နေလား
စိတ်ကို ယုံကြည်မှုအပေါ် ချထားလိုက်ပါ
ချစ်သူ တစ်ယောက်တည်းအပေါ်ကိုသာ
တန်ဖိုးတွေ ကာလတွေ ဘယ်လိုပြောင်းပြောင်း
ရွှေဟာ ရွှေအဖြစ်က မပြောင်းသလို
မောင်
မပြောင်းလဲတဲ့ အချစ်နဲ့ ချစ်နေတယ်။

Tuesday, March 23, 2010

ကံကြမ္မာနဲ့ ကိုယ်တို့နဲ့

Tuesday, March 23, 2010 Posted by ဂျေဂျူဝိုင်
မနေ့က အလွမ်းအားပြင်းပြင်းနဲ့
မြှားတစ်စင်း ကိုယ့်နှလုံးသားကို စိုက်တယ်
မြှားကို ပြန်နှုတ်ဖို့ ကိုယ့်ကိုကိုယ် ပြန်ရှာတာလည်း မတွေ့ဘူး
ချစ်သူကို ခရီးမှာ လိုက်ပို့ဖို့
တစ်နေ့လုံး မအားမလပ်ခြင်းတွေက
စိတ်ကို စပ်ဖျင်းဖျင်းဖြစ်စေတယ်
ချစ်သူကို အားနာတဲ့စိတ်က
ကိုယ့်အပြစ်ကို ပိုအကာအကွယ် မဲ့စေတယ်
အချစ်နဲ့ ချစ်တတ်တဲ့ ချစ်သူကို
ကိုယ်က အချစ်တွေ ပြန်မပေးနိုင်မှာ စိုးနေရတဲ့အထဲ
အတိအကျလွဲချော်တတ်တဲ့ကိုယ့်ကို
အတိအကျ မုန်းပစ်ချင်စိတ်ပြန်ပေါ်တယ်
ကံကြမ္မာက ဒီချစ်သူနှစ်ဦးအပေါ်
နည်းနည်းလောက် ကျီစယ်ကြည့်တာလည်း ဖြစ်နိုင်တယ်
မရပါဘူးလေ
ဒီချစ်သူနှစ်ဦးရဲ့ နှလုံးသားရပ်ဝန်းက
အချစ်နဲ့ သုံးရာသီလုံး ကြည်လင်နေတာ။
ဂျေဂျူဝိုင်ရဲ့ ရင်ခုန်သံက မဆုမွန်ဖြစ်သလို
မဆုမွန်ရဲ့ ရင်ခုန်သံက ဂျေဂျူဝိုင်ဖြစ်နေတာ
ကံကြမ္မာက မသိလိုက်ဘူးနေမှာ။

Monday, March 22, 2010

ရေမဆေးကျောက်များ

Monday, March 22, 2010 Posted by ဂျေဂျူဝိုင်
စစ်ဖြစ်ခါနီး မဟုတ်ဘူး
စစ်ဖြစ်နေတာ
ကိုလိုနီတွေ ၀င်လာတာ မဟုတ်ဘူး
ဘ၀ကို ကိုလိုနီလက်ထဲ ထိုးအပ်ထားတာ
လွတ်လပ်ရေးဆိုတာ
ပိုက်ဆံအိပ်ကိုင်ပြီး ၀င်လာနိုင်သူကိုခေါ်တာ
မြန်မာဆန်ဆန်လေး
အနောက်တိုင်းဆန်ဆန်လေး
ရေဆေးငါးလေး
ဒီခန္ဓာကိုယ်ဟာ မဟာစီးပွားရေး
ဘ၀ရဲ့ ခြေတစ်ချစာတွေ
ဘ၀ရဲ့ ကျောတချစာတွေ
မျက်တောင်တဆုံးမှာ အဆုံးစီရင်တယ်
မှုန်ဝါးဝါးအလင်းကို
မီးဝင်းနေတဲ့ မျက်လုံးနဲ့
ခန္ဓာကိုယ်အစိတ်အပိုင်းကို ငါးစာချတယ်
အခန်းတံခါးပိတ်လိုက်ရင်
မီးလျှံတွေက ပိုတောက်တယ်
မသန်မစွမ်းညပါတီတွေက
ရတနာသိုက်မြေပုံအညွှန်းအောက်
မျက်တွင်းဟောက်ပက်
၁၈ နှစ်အောက် ပွင့်တဲ့ပန်းများ
အသေအပျောက်များတဲ့ အသိဉာဏ်များ
ရှုံးပြီးသား အသင်းထဲ
ပင်နယ်တီများစွာကို စောင့်နေတယ်
တစ်ပတ်တစ်ခါ UNDP မှာ ဆေးစစ်လို့
Positive ဖြစ်ကြောင်း မဖြစ်ဖို့
ဗုံးခိုကျင်းဟောင်းထဲ ၀င်ပုန်းရတဲ့
ဒုက္ခကလည်း စစ်ပွဲပဲ
ထွန်းထားတဲ့ ဖယောင်းတိုင်မီးကုန်တော့
ခွေတွေအူတာ နာနာကျင်ကျင်
ထမင်းဝိုင်းဆိုတာ လမ်းမှား
အ၀တ်အစားဆိုတာ လမ်းမှား
နေဖို့ထိုင်ဖို့ဆိုတာ လမ်းမှား
အမှားအတွက်နောင်တဆိုတာ လမ်းမှား။

Friday, March 19, 2010

အရင်ကထက်ပို

Friday, March 19, 2010 Posted by ဂျေဂျူဝိုင်
အရင်လို ချစ်သေးရဲ့လား
အဲလို မေးတတ်တဲ့နှုတ်ခမ်း
အနမ်းတစ်ရာနဲ့ ဒဏ်ခတ်ချင်တယ်
အရင်လို မချစ်တော့ဘူး မထင်လိုက်နဲ့
ကောင်းကင်ကြီး မပြောဘဲနေလိမ့်မယ်
ချစ်တယ် အရိုးခံချစ်တယ်
ချစ်သူအကြောင်းတွေးနေတဲ့အခါ
အနာဂတ်ကို အလင်းနဲ့မြင်ရတယ်
ကောက်သင်းရနံ့တွေလည်းမွှေးလို့
လေပြေညှင်းလည်းသာလို့
တလောကလုံးပန်းခင်းလို လှလို့ပေါ့ချစ်ရယ်
အဲချိန်မှာ
အရင်လို မချစ်တော့ဘူးလာဟင်ဆိုတော့
ရင်ထဲကပူလောင်
အားလုံးမှောင်ကျသွားတယ်
ချစ်တယ် အရင်ကထက် ပိုပိုချစ်တယ်
ချစ်သူက မချစ်တော့ဘူးဆိုလည်းချစ်တယ်
ချစ်သူက ချစ်နေတယ်ဆိုလည်းချစ်တယ်
တစ်ရက်ကို ဆတိုးနှုန်းတစ်ထောင်နဲ့
အရင်ကထက် ပိုပိုချစ်တယ်

Tuesday, March 16, 2010

သစ္စာ

Tuesday, March 16, 2010 Posted by ဂျေဂျူဝိုင်
တကယ်ချစ်တာကော ဟုတ်ရဲ့လား
မေးတတ်လိုက်တာ
တည့်တည့်ရောက်လာတဲ့သူကို
ဘယ်သွားမလဲလို့
အမေးခံလိုက်ရသလိုပဲ
အချစ်ကြောင့်
ဘာကိုမှ ဂရုမထားဘဲ
ဒူးထောက်ထားချိန်မှာ
ဘာလုပ်နေတာလဲလို့
အမေးခံလိုက်ရသလိုပဲ
မောင့်အချစ်က
ကန်ရေပြင်ထဲ ခဲပစ်ချလိုက်သလို
“ပလုံ” လို့ မြည်ရုံလေးမဟုတ်ဘူး
ဟောဒီ စင်္ကြာဝဠာထဲ
ကမ္ဘာကြီးတည်နေသလို ချစ်တာ
မငိုနဲ့ ၀မ်းလည်းမနည်းနဲ့
ဒီအချစ်လှောင်ချိုင့်ထဲကနေ
မောင် ဘယ်ကိုမှ ထွက်မပြေးဘူး။

Sunday, March 14, 2010

ချမ်းသာကိုယ်စိတ် မြဲစေသောဝ်

Sunday, March 14, 2010 Posted by ဂျေဂျူဝိုင်
ပြဿနာပဲ
ငါ မသိတဲ့ငါ့ကို
မျက်နှာဘယ်လိုရှိလဲ
ဆံပင်ပုံစံဘယ်လိုထားလဲ
ဘယ်လိုဝတ်စားလဲ
ခြေသည်းလက်သည်းပုံမှန်ညှပ်ရဲ့လား
ငါစိတ်မ၀င်စားဖူးတဲ့ငါ့ကို
လာလာမေးကြတယ်
ငါနဲ့ပတ်သက်ရင် ဘာသိကြလဲ
နည်းနည်းလောက် လက်တို့ကြည့်တယ်
သိ မသိကို မသိက မသိ
သိ မသိကို သိက သိ
စတဲ့ ဂါထာတွေမန်းမှုတ်ကြတယ်
ဒီလိုနဲ့ ကိုယ့်အတ္တကို ထိပါးမှာစိုး
ကိုယ့်မာနကို တိုက်စားမှာစိုး
တိမ်အသင့်အတင့်ဖြစ်ထွန်းရုံနဲ့
မလိုအပ်တဲ့မိုးတွေ မလိုအပ်ပဲရွာတယ်
ဘာမြူဒါအကြောင်း သိရင် ...“သြော်”...
အမေဇုံတောလျှို့ဝှက်ချက်သိရင် ...“သြော်”...
လူမရောက်တဲ့ပင်လယ်အောက်အကြောင်းသိရင် ...“သြော်”...
အမေရိကန်က စစ်ကြေငြာရင် ...“သြော်”...
ဘင်လာဒင်ကို ဖမ်းမိရင် ...“သြော်”...
...“သြော်”... ဘာများလဲလို့
အဲဒီအထူးအဆန်းကို
ငါက အထူးအဆန်းမှတ်နေတာဆိုပြီး
...“သြော်”... ဘာမှလည်းဟုတ်ဘူး တဲ့
ကိုယ့်ကိုများ
အပ်ဖျားတစ်ထောက်စာ လာစော်ကားရင်
နှမ်းတစ်စေ့စာ အပေါ်ရောက်သွားရင်
“ဘာကွ”
ဘယ်မလဲ ဓား ဘယ်မလဲစကား
သဲကိုးဖြာလား မန်ကျည်းကိုးပင်လား
ကုန်းချောရမလား သွေးထိုးရမလား
ဒီလို
ငါ့ရဲ့ ဝေသာလီပုဏ္ဏားလေးတွေ
နှစ်နှစ်လီလေး လေးနှစ်လီရှစ်
ရှစ်နှစ်လီဆယ့်ခြောက်နဲ့
အဆိပ်များများသောက်ထားကြ
သူတို့ကို
ဒီအရပ်က တောင်၊ ဒီအရပ်ကမြောက်လို့
အိမ်မြှောင်ထောက်ပြလို့တော့
အော် ဒီအရူးနှယ်
မိုးကြိုးကို ထန်းလက်နဲ့ကာတယ်လို့ ပြောမယ်
ကဲ ငါ့ကိုယ်ငါ စိတ်ဝင်စားစား မစားစား
ခုချိန်ကစပြီး
ဇာတိခေတ်ပြိုင်ကွင်းမှာ
စကားတွေ ဓားတွေအစား
ယောနိသော မနသိကာရကို စိတ်ဝင်စားမယ်
လက်ရှိအနေအထားကိုပြောရရင်
လောလောဆယ်ပို့နေတဲ့ မေတ္တာတော့ခါးတယ်
အမှန်တရားတွေ ပါဝင်လို့။


15.3.2010 10:10 AM

အလွမ်းမိတဲ့ရင်

Sunday, March 14, 2010 Posted by ဂျေဂျူဝိုင်
ကိုယ့်ခံစားချက်ကိုယ် ဖြန့်ခင်းကြည့်တာပါ
ဘယ်နေရာ,ဘယ်အရပ်မှာ ငါရောက်နေနေ
အလွမ်းတွေတစ်ထပ်ပြီးတစ်ထပ်နဲ့
ရင်ဘတ်ဟာ အားနွဲ့လွန်းတယ်။

ပြန်ပြန်တွေးစရာမလိုလောက်အောင်
အစဉ်အမြဲရှိနေတဲ့အရိပ်ယောင်ပေါင်းများစွာ
ငါ့ရင်မှာ ဝေ့၀ဲလွန်းတယ်။

ဘယ်လိုဘယ်ပုံစံနဲ့ သူပွင့်ခဲ့တဲ့ပန်းတွေဖြစ်ပါစေ
ယုံကြည်မြတ်နိုးစွာနမ်းရှိုက်မိတဲ့ငါမို့
တစိမ့်စိမ့်တွေးနေ,ဆွေးနေရမှာပါပဲ။

မျက်ရည်မြစ်ကျိုးမှာစိုးလို့
ရယ်မောစရာတစ်ချို့တစ်ဝက်နဲ့ကာရန်ခဲ့ပေမယ့်
တစ်သွင်သွင်လျှံတက်စီးမျောရပေါင်းများပြီ။

ဘယ်လိုမှမနီးနိုင်မယ့်အဝေးကကောင်းကင်
တစ်မျှော်တစ်ခေါ်ငေးကြည့်ပျော်မောနေရုံကလွဲလို့
လေမဝှေ့အောင်ပဲဆုတောင်းနေရတယ်။

အချစ်ဆိုတာ...
တစ်ချို့အတွက် ဖြတ်သွားဖြတ်လာ
တစ်ချို့အတွက် ရင်ကွဲနာ
အသေအချာအဓိပ္ပါယ်ကွဲတယ်။

အားလုံးကိုနားလည်ထားပါတယ်
ဒီနေရာမှာနက်ရှိုင်းလွန်းတဲ့မြစ်ဟာ
ဟိုနေရာမှာ ပေါ့ပေါ့ပါးပါးလေးစီးတယ်။

ထွန်းလင်းသစ်(ကန့်ဘလူ)
သူငယ်ချင်းရဲ့ကဗျာပါ။ ကြိုက်လို့ပါ။

Monday, March 8, 2010

အွန်လိုင်းအချစ်

Monday, March 08, 2010 Posted by ဂျေဂျူဝိုင်
ကီးဘုတ်လေးတွေဟာ
မရပ်မနား သွားလာနေကြတယ်
မမှီမကမ်းဖြစ်ကြတာ ရှိတယ်
အနမ်းအကြောင်း ပြောကြတဲ့အခါ ရှိတယ်
မျက်မှောင်ကုတ်တဲ့အခါရှိတယ်
ပြုံးနေတဲ့အခါ ရှိတယ်
ပျော်မဆုံးမော်မဆုံးတဲ့အခါ ရှိတယ်
ငေးရီသွားရတဲ့ အခါရှိတယ်
ကဏ္ဋကောစ လုပ်မိတာ ရှိတယ်
စိတ်ပျက်လက်ပျက်ထိုင်ကြည့် နေမိတဲ့အခါ ရှိတယ်
စိတ်ရှိလက်ရှိ ချက်နေမိတဲ့အခါ ရှိတယ်
သက်ပြင်းမော ချရတဲ့အခါရှိတယ်
အေးစက်သွားတဲ့အခါ ရှိတယ်
အားပါးတရ ပြုံးတဲ့အခါ ရှိတယ်
ဘေးကျပ်နံကျပ် ဖြေရတာ ရှိတယ်
ရင်ထဲ ထိသွားတဲ့ စကားတွေ ရှိတယ်
မော်နီတာထဲ ခေါင်းစိုက်လုလုအခါ ရှိတယ်
“ဖြစ်ရမယ် ဖြစ်ရမယ်” လို့ စကားကို
အတူတူ ပြောမိတဲ့အခါ ရှိတယ်
ကတိတွေ ပေးကြတဲ့အခါ ရှိတယ်
သစ္စာတွေ ဆိုမိတဲ့အခါ ရှိတယ်
အဲဒီလို အသွယ်သွယ်သော
ကျွန်တော်နဲ့ သူမရဲ့ သိမှုနယ်ပယ်ထဲမှာ
အချစ်ဟာ အမြဲ စင်ကြယ်နေတယ်။

Saturday, March 6, 2010

ကုရာမဲ့ဝေဒနာ

Saturday, March 06, 2010 Posted by ဂျေဂျူဝိုင်
(၁)
အခ်စ္ဟာ
သမားတော်လည်းဖြစ်တယ်
(၂)
အချစ်ဟာ
ဆေးတစ်ပါးလည်းဖြစ်တယ်
(၃)
အချစ်ဟာ
ဝေဒနာလည်းဖြစ်တယ်
(၄)
ဒါပေမယ့်
အချစ်သမားတော်ဟာ
အချစ်ဆေးရဲ့
အချစ်ဝေဒနာသည်ကို
ဘယ်တော့မှ ပျောက်အောင်
ကုသမပေနိုင်ရှာဘူး။


ဒေါင်းနွယ်ဆွေရဲ့ ကဗျာကို တင်ပေးလိုက်ပါတယ်။

အချစ်ကားလေး

Saturday, March 06, 2010 Posted by ဂျေဂျူဝိုင်
နှလုံးသားပေါ် အနမ်းတွေ အပြည့်အသိပ်
ကျူးပစ်နတ်နန်းကို ဦးသုံးကြိမ်တိုက်ပြီး
အကြင်နာတွေနဲ့ မောင်းခဲ့တယ်
အလွမ်းကင်းသော မုန်းခြင်းမရှိသော
တွေ့ဆုံကြုံကွဲ ဖြစ်မြဲဓမ္မတာ
ကင်းရာ လွတ်ရာ ချစ်သူ ရင်ခွင်ဆီသို့။

Wednesday, March 3, 2010

ကောင်းကင်နေလနက္ခတ် စုံတဲ့နေ့

Wednesday, March 03, 2010 Posted by ဂျေဂျူဝိုင်
တိမ်တွေ လွတ်ရာ ကင်းရာ စီးမျောသွား
အဆုံးမှာ အစမှာ အလယ်အလတ်မှာ
ကြယ်တစ်ချို့ကို မာယာနဲ့လာမျှားပြီး
လကို သမ္မာကျမ်းစာတွေနဲ့ လာစားတယ်
ခဏတော့
လောကဟာ အိုင်စတိုင်းဆံပင်ပုံစံနဲ့
လေပြေတွေမှာ ၀င်ရောက်ဖြားယောင်းတယ်
မျှော်မြင်သိပညာရှင်တွေ ဆင်ခြင်သိပညာရှင်တွေ
လမ်းမပေါ် သူတို့ပညာကို ချပြတယ်
အင်္ကျီသစ်ကိုဝတ်ပြီး ဖုန်ခါတယ်
အ၀တ်အစုတ်တွေနဲ့ ဘ၀ကို ဖုန်လာသုတ်ပေးတယ်
ရောင်ပြန်ဟပ်မှုတွေက များလွန်းလေတော့
ကောင်းကင်ဟာ သူ့ကိုသူ ပြာဖို့မေ့သွားတယ်
အခိုက်အတန့်လေးပါပဲ
တစ်ဝက်တိတိမှာ ရပ်နေရာကနေ
ပန်းတွေ ဆက်လက်ပွင့်တယ်
ဆက်လက်ဆက်လက်ပွင့်တယ်
လေပြေဟာ လန်းဆန်းလာတယ်
ပန်းရနံ့တွေဟာ လန်းဆန်းလာတယ်
သိမ်သိမ်မွေ့မွေ့နူးနူးညံ့ညံ့လန်းဆန်းလာတယ်
ကြည်လင်မှုတွေဟာ တဖြည်းဖြည်းတောက်ပလာတယ်
လူနှစ်ယောက်ရဲ့ နှလုံးသွေးထဲ
ပွင့်နေသော ပန်းများ
မွှေးပျံ့နေသော ရနံ့များ
ကြည်လင်နေသော အလင်းများ
ဖြည်းဖြည်းချင်းစီ ဖြည်းဖြည်းချင်းစီ
ကျေးဇူးတော်များနှင့်အတူ
လက်ချင်းချိတ်ပြီး ၀င်လာကြတယ်
အဖိုးအန ဂ္ဃထိုက်တဲ့
ရယ်သံလေးတွေ ကြည်နူးသံလေးတွေ
ကောင်းကင်ရဲ့ကျောကုန်းမှာ မျက်နှာလေးအပ်ပြီးခိုစီး
ကမ္ဘာကြီးတစ်ခုလုံး အနမ်းနဲ့လင်းဖြာသွားတယ်။


(၁၃) ကြိမ်မြောက်သို့ ဂုဏ်ပြုခြင်း

Friday, February 26, 2010 Posted by ဂျေဂျူဝိုင်
မင်းအရင်သွားနှင့်လို့ မပြောဘူး
ငါ အရင်သွားနှင့်မယ်လို့ မတွတ်တိုးဘူး
မင်း နင် ငါ ခင်ဗျား တူတူညီညီသွားခဲ့တာ
စက္ကန့်တွေ စက္ကန့်တွေ
လက်နက်လို ခြိမ်းခြောက်စရာဆိုလို့
သူ့မှာ “ဒက်” ခနဲ “ဒက်” ခနဲ ခပ်တိုးတိုးမြည်သံပဲရှိ
ကြည့်စမ်း သေဆုံးသွားတဲ့ သက္ကရာဇ်တွေ
တွက်ကြည့်လိုက်တော့ (၁၃) နှစ်တောင်မှ
သူ့တတတ် ငါတအားနဲ့
ကြိုးစားထိန်းသိမ်းနိုင်ခဲ့ကြ
ငါတို့ “ပအိုဝ်းအမျိုးသားပွဲတော်”
အရှင်ရာဇိန္ဒဆိုတဲ့ ရဟန်းတော်က စခဲ့တယ်
သူလည်း သူ့ရဲ့ လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကျော်က
လူသံ သူသံကြားထဲ ကျကျန်နေတဲ့
ပွဲတော်နေ့ကို အသက်ဆက်ခဲ့တာ
ခုဆို
မြန်ပြည်တစ်ဝှမ်းက ပအိုဝ်းအချင်းချင်းသွေးနီး
တစည်းတလုံးတည်းဆိုတဲ့အကြောင်း
မောင်းခတ်နိုင်ပြီ


(၁၃) ကြိမ်မြောက် မန္တလေးပအိုဝ်းအမျိုးသားပွဲတော်သို့ ဂုဏ်ပြုကဗျာ


အ၀ိဇ္ဇာကြယ်တစ်ပွင့်

Thursday, February 25, 2010 Posted by ဂျေဂျူဝိုင်
ဆြဲထားတဲ့ အစီအစဥ္မွာ
မနက်ဖြန်ပါတယ် သဘက်ခါပါတယ်
မရောက်တဲ့လမ်းကို လျှောက်ကြပေမယ့်
မြင်ရာမြင်ရာ ကောက်ရိုးမျှင်လို့ ထင်ကြတယ်
ကိုယ်ပိုင်ဆိုင်သမျှတွေကို ရုပ်သိမ်းပြီးနောက်
ပြန့်ကျဲသွားတဲ့စိတ်ကို ကောက်လို့မရတော့ဘူး
လျှော်ချည်လို နေထိုင်ကြတဲ့လူတွေကို
အလိမ်မခံကြပါရစေနဲ့လို့ ဆုတောင်းပေးလည်း အပိုပဲ
အလိမ်ခံရတဲ့အတွက် ရင်နာပေးမိလည်း အပိုပဲ
သယံဇာတတွေ ပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံမှာ
သာသနာကိုလည်း သယံဇာတအဖြစ်
အသုံးပြုကြတာ ဆန်းတော့မဆန်းဘူးပေါ့လေ
ဆန်းနေတာက ငါ
အ၀ိဇ္ဇာကြယ်တစ်ပွင့်လို့ ကြေငြာပြီးခါမှ
ပုထုဇ္ဇန ဥမ္မတက တွေကြားထဲ
ရူးနည်း ရူးဟန်တွေမှားနေကြောင်း
ဖွင့်ပြောမိရတယ်လို့လေ
စာတစ်ကြောင်းအတွက် အသက်ထွက်မတတ်
ကြောက်နေတဲ့ သူငယ်ချင်းကိုလည်း
စိတ်တိုမိပြန်သေးသတဲ့
သေသပ်လှပသော အမှားများ
ရေလိုအေးပြီး ပန်းလိုမွှေးသော မာယာများ
ဆိုးဆေးအထပ်ထပ် ဆိုးထားသော သာဌေယျများ
ဖြောင့်တန်းနေသော ၀င်္ကပါလမ်းများ
လူမိုက်တို့သည် အကျိုးမပေးသေးသမျှ
ဟူသော ဘုရားဟော အဆုံးအမများ
လူသားတို့အား အထပ်ထပ်ပိတ်ဖုံးတဲ့ မောဟများ
ကျွန်တော်နဲ့ ခပ်လှမ်းလှမ်းက သစ္စာ
ပို၍ ပို၍ ဝေးရာသို့သာ သွားခဲ့လေသောကြောင့်
အ၀ိဇ္ဇာကြယ်တစ်ပွင့်ဟု ကြေငြာထားသလို
ကိုယ့်ကိုယ်ကို ပိုမှန်အောင် နေထိုင်ပါတော့မည်
မသိသင့်သောအရာများကို မသိချင်တော့
သိသင့်သောအရာများကိုလည်း မသိချင်တော့။

ဒီကဗျာကို www.jjqqyy.com မှာတင်မလို့ပါ။ ဒါပေမယ့် အဆင်မပြေလို့ ဒီမှာပဲ တင်လိုက်ပါတယ်။


နတ်ဆိုးရဲ့ဝိုင်

Tuesday, February 23, 2010 Posted by ဂျေဂျူဝိုင်
ခေါင်းစီးက ခေါင်းကြီးသတင်းပဲ
ဂျေဂျူဝိုင်ဘာလဲဘယ်လဲ
ငယ်ကျိုးငယ်နာတွေ ဖော်ပြရမလား
မစားရ၀ခမန်းတွေ ရေးပြရမလား
အဓိပ္ပါယ်မဟုတ်တာတွေကို
အဓိပ္ပါယ်လုပ်ပေးရမလား
ထင်ယောင်ထင်မှားတွေကို
မြင်ယောင်မြင်မှားဖြစ်အောင် ပြင်ပေးရမလား
ပွင့်ပွင့်လင်းလင်း လျို့ဝှက်တာနဲ့
လျို့လျို့ဝှက်ဝှက်ပွင့်လင်းမှုမှာ
တစ်နှင့်တစ်ပေါင်းသလို နှစ်ရမလား
စပျစ်ဝိုင်အကြောင်း
မက်မန်းဝိုင်အကြောင်း
ဂျေဂျူဝိုင်အကြောင်း
ချိုတယ်လို့ဆိုကြပေမယ့်
တကယ်တော့ ခါးတယ်
ထုံးစံအတိုင်း ခင်ဗျားတို့
နည်းနည်းလေးဆိုပြီးတော့
အလကားရတာနဲ့ မြည်းကြည့်တာကိုက
မှားတာပဲ။


သော့ပေးထားသော နှင်းဆီ

Monday, February 22, 2010 Posted by ဂျေဂျူဝိုင်
လွန်ခဲ့သောနှစ် သစ်ပင်များဆီက
ညစ်ထေးတဲ့ ကျွန်တော်ရနံ့
ကမ္ဘာကြီး ပျို့အန်လောက်ရဲ့
လူသားတွေရဲ့
ဆူညံတဲ့ အရေခွံပါးပါး
ကျွန်တော် စိတ်ဝင်စားဆဲပေါ့

တစ်လဆိုတဲ့ အလေးချိန်
အချစ်စိတ် ပြဒါးတိုင်
မုသားရည်ချိန်သီး
အလွမ်းသိပ်သည်းဆနဲ့ ငါ
ဝါယာကြိုးများ တွန့်လိမ်လျက်
ယူရေနီယံလို
နာမ်ဓာတ်မဲ့ကင်း
တင်းရင်းတဲ့ မျက်နှာပေါ်မှာ
အနာဂတ်ဟာ ကိုယ်ဖော့ဆဲ

ဟုတ်ကဲ့
နှင်း မသဲမီ
မျဉ်းတစ်ကြောင်းဆက်ဆွဲ
လက်ထဲက သန့်ရှင်းမှု
ခုခံမှုများ ပူနွေးလျက်

ညနေခင်းတေးများနဲ့
ဆွေးမြေ့ဖွယ် နံရံပေါ်
အတောင်ပံမဲ့ ပျံသန်းခြင်းများ
ပျားရည်မြစ်ကို တူးဆွဲဆဲ

မျက်ရည်စက်ဆိုတာ
အသက်နဲ့ လက်ထပ်ထားတဲ့
ဒုတိယ မယားတဲ့
တခါးပေါက်ကို တွန်းဝင်လာတယ်
ဒါသဘာဝပဲ
အေးခဲတဲ့ ဓာတ်ပြားပေါ်မှာ
အမှတ်အသားတစ်ခုထိ
မှားယွင်းမှု ရှိခဲ့ပြီဆိုတာ

ရေချိုးပြီးရင်
ဝိညာဉ်ကလည်း ရှင်းစွာနဲ့
အင်္ကျီရဲရဲ ဆွဲဆန့်ပါ
သွေးသားများ အသစ်လဲ
အထဲက ခွေးသွားစိတ်
ခလုတ်အသစ် ပြန်နှိပ်ပေါ့

ကကြမ္မာရထားဟာ
ငါးမိနစ်နောက်ကျပြီးမှ
တံတားကို ကျော်လာတယ်
မင်္ဂလာပါ
နာရီများခင်ဗျာ
ခင်ဗျားတို့အတွက်
ဝိုင်တစ်ခွက်
ကောင်းကင်ရနံ့ထွက်ဆဲပါ။


“မြေချစ်သူ”ရဲ့ ကဗျာပါ။ အစပိုင်း သက္ကရာဇ်နေရာမှာ အနည်းငယ် ပြောင်းလဲပြီး တင်လိုက်ပါတယ်။ ကျွန်တော့်ရဲ့ like poem လေဘယ်နဲ့ပေါ့။


လူတစ်ယောက်ပျောက်ဆုံးခြင်း

Sunday, February 21, 2010 Posted by ဂျေဂျူဝိုင်
Click ဆိုတာလေးကို
အဘိဓာန်အဖွင့်က “ကလစ်” ဟူသောမြည်သံ
ကျွန်တော့်ရဲ့အဖွင့်က ညည်းငွေ့ဖွယ်ဖျောက်တဲ့အသံ
အခု
Click ဆိုတဲ့အသံကို နှလုံးသားအဖွင့်က
“မဆုမွန်” တဲ့
ကလူကလူဆိုတဲ့ အမှတ်တရလေးကနေ
စံပယ်တွေလည်းမွှေးခဲ့တယ်
ချယ်ရီတွေလည်း စွေးခဲ့တယ်
နှလုံးသားရဲ့အနီးစပ်ဆုံးနေရာကနေ
အရိုးသားဆုံး ယုံကြည်မှုစီးဆင်းရာအထိ
ကျေးဇူးတရား ဥယျာဉ်တော်လေးဆောက်ပြီး
အချိုမြိန်ဆုံး ချစ်ခဲ့ကြတယ်
ပတ်ဝန်းကျင်က ချပြခဲ့တဲ့ ကဲ့ရဲ့စရာရယ်
လူတွေ တမင်ရှာဖွေခဲ့ကြတဲ့ ဝေဖန်မှုရယ်ကြား
ကျွန်တော့်ချစ်သူလေးဟာ
ကျားမလေးအလား အချစ်ကို စစ်လိုကြေငြာချစ်ခဲ့တယ်
အဲတုန်းကများလေ
နှလုံးသားရဲ့ အသိနဲ့ ချစ်တတ်တဲ့ကောင်မလေးဆိုပြီးတော့
မိုးကုတ်စက်ဝိုင်းကြီးတုန်ပြီးဖျားသွားသလားထင်ရတယ်
ချစ်သူရယ် မောင်လေ
ကိုယ့်ကိုယ်ကို ဂျေဂျူဝိုင်လို့မေ့သွားပြီး
မဆုမွန်အပိုင်သိမ်းထားတဲ့လူအဖြစ် နေထိုင်တော့တယ်။


ဆုတောင်း

Thursday, February 18, 2010 Posted by ဂျေဂျူဝိုင်
ရုတ်တရက်ဆိုတော့
ကျွန်တော့်နှလုံးသားမှာ ချော်ရည်ပူတွေ
စီးဆင်းသွားတယ်
“မ, နေမကောင်းဘူးမောင်” တဲ့။
အဝေးက ချစ်သူကို အေးအေးဆေးဆေး နေစေချင်တဲ့ စိတ်ရယ်
နွေးနွေးထွေးထွေးအားပေးစကား ပြောချင်တဲ့စိတ်ရယ်
ကျွန်တော့်စိတ်ကို မီးပုံရှို့တယ်
ရင်ဂိုရဲ့ အတောင်ပံပါရင် မင်းဆီကို သီချင်းစာသားကို
အေးစက်စက်ဓားနဲ့
နောက်ကျောကို တည့်တည့်ထိုးခွဲလိုက်တယ်
စိုင်းထီးဆိုင်ကလည်း သူ့ LiveShow တစ်ခုမှာပြောတယ်
“အခု သံလွင်မြစ်ကို တံတားလေး ထိုးလိုက်ပါပြီ”တဲ့
အဲလို ပျောက်ဆုံးနေတဲ့ လမ်းထိပ်မှာ
ရပ်စောင့်နေရတဲ့ဘဝ
ကိုယ့်ရဲ့ အညတရအဖြစ်ကိုလည်း ရင်နာတယ်
အခု မောင့်စိတ်မှာ
ချစ်သူကျန်းမာရေးကို ခြောက်တဲ့တစ္ဆေနဲ့
စိုးရိမ်မှုတွေ တဖွဲဖွဲကြွေနေပေါ့
ထပ်ထပ်ဆောင်းနေတဲ့ ဆုတောင်းက
“ချစ်သူ မြန်မြန်နေကောင်းပါစေ” ရယ်လို့။


အချစ်

Wednesday, February 17, 2010 Posted by ဂျေဂျူဝိုင်
အချစ်တွေ သူ့ဘာသာသူ နေနေပါစေ
အေးအေးဆေးဆေးနေပါစေ
ဘာကြောင့်ချစ်လဲလို့ မမေးနဲ့
သူ့တန်ဖိုးတွေ့ လျော့ကျသွားလိမ့်မယ်
ဘာနဲ့တူတယ် ဘယ်လောက်လို့ နှိုင်းမပြနဲ့
ခင်ဗျားတို့နှိုင်းတာတွေက
အချစ်ဆိုတာကို စော်ကားရာကျတယ်
ဘယ်ထိချစ်မှာလဲလို့ မမေးနဲ့
အရိုးထဲထိလား နောက်ဘ၀ထိလား
ဟင့်အင်း ချစ်နေချိန်အတွက် အချစ်မှာ
ဘာအကန့်မှ မပါဝင်ဘူး
မင်းအချစ်က အေးမြလား ပူလောင်လား
ဟင့်အင်း မမေးလိုက်နဲ့ အချစ်ကို
အချစ်ဟာ ရာသီဥတုမဟုတ်ဘူး။
ချစ်တယ်လို့ ပြောဖို့ စကားလုံးတွေ တန်းစီနေပေမယ့်
ဘယ်စကားနဲ့မှ ချစ်ကြောင်းပြဖို့ မလုံလောက်ခဲ့အောင်
အချစ်ဟာ လုံလောက်တယ် ပြည့်စုံတယ်။

စိုးတယ်

Wednesday, February 17, 2010 Posted by ဂျေဂျူဝိုင်
ချစ်သူက ရေးထားတယ်
သူ့ရဲ့ အတွေးလေးကိုပေါ့
“ဂျေဂျူဝိုင်နဲ့ တွေ့တဲ့နေ့” တဲ့
ကျွန်တော် စိုးရိမ်တတ်လာတယ်
ခေါင်ရည်ရှာမရမှာ မဟုတ်ဘူး
ပန်းခင်းရှာမတွေ့မှာ မဟုတ်ဘူး
ကောင်းကင် မကြည်လင်မှာ မဟုတ်ဘူး
ချစ်သူက ပြောတယ်လေ
မောင်နဲ့တွေ့ရင်
မောင့်ကျောပြင်မှာ မျက်နှာလေးအပ်ပြီး
ဖက်ထားချင်တယ်တဲ့
ကျွန်တော် အစိုးရိမ်ဆုံးက ဒါပဲ
ချစ်သူက မျက်နှာလေးအပ် ဖက်ထားရင်း
ကျွန်တော့်ကျောပြင်လေးကို
သူမ ခိုးခိုးနမ်းနေတာ
မသိလိုက်မှာ သိပ်စိုးတယ်


အချစ်ဖြင့် စီရင်သည်

Monday, February 15, 2010 Posted by ဂျေဂျူဝိုင်
အချစ်ဇာတ်လမ်းတွေမှာပါတဲ့
အလွမ်းနဲ့ ကြေကွဲခန်းကို
မောင်တို့ ဖြတ်သန်းရဦးမယ် ချစ်သူ
မောင်တို့ပြုစုပျိုးထောင်နေတဲ့
အနာဂတ်ခရီးလမ်းမှာတော့
ဝေးကြစတမ်းမပါဘူးပေါ့ချစ်သူ
ဒါပေမယ့်
အယူအဆတွေ တိုက်မိရင် ရှိမယ်
အပူသောကတွေ ချိတ်မိရင် ရှိမယ်
အဲဒီအခါ
အပေးအယူမျှစေကြမယ်လေ
ခြေလှမ်းတိုင်းဟာ
ငြိမ်းချမ်းရေးအတွက်ပဲပေါ့ ချစ်သူ။

တစ်ချိန်ချိန်ကျရင်
ပန်းဝါတွေကြွေနေတဲ့လွင်ပြင်မှာ
မောင်က ကဗျာလေးတွေ ရွတ်ပြမယ်
ချစ်သူက မောင့်မျက်နှာလေးငေးရင်း
နားထောင်ပေးပေါ့ကွယ်
အဲဒီအခါ
လေပြေတွေထဲမှာ
မောင်ကြိုက်တဲ့ ကောက်သင်းရနံ့လေးလည်းပါမယ်
ချစ်သူကြိုက်တဲ့ ပန်းခင်းလည်းပါလာလိမ့်မယ်
စမ်းချောင်းတွေရဲ့ စီးဆင်းသံလည်းပါလိမ့်မယ်
ကောင်းကင်လည်း မောင်တို့ပုံရိပ်ကို ထွင်းထုလိမ့်မယ်ချစ်သူ။

ပတ်ဝန်းကျင်ဆိုတာ
မလိုတမျိုး လိုတမျိုးနဲ့
သွေးဆိုးအထိုးသွင်းခံထားရတော့
မောင်တို့ကို ခါးအောင်တမျိုး
မုန်းအောင်တသွယ်
အစွယ်တွေ ထုတ်ပြကြလိမ့်မယ်
မစိုးရိမ်နဲ့
မောင် တိုးပြီးချစ်မယ် ချစ်သူ။

ဘုရားဟောထားတာက
အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာ တဲ့
အဲဒီအသိဟာ
ချစ်သူအတွက် ရင်ခုန်တာကို
မကျော်လွားနိုင်ဘူး
သံသရာဆိုတာထက်
ချစ်သူမချစ်တော့မှာ
မောင်ပိုကြောက်ပါတယ် ချစ်သူ။

နှလုံးသားဟာ
သံလိုမမာပေမယ့်
ချစ်သူကိုချစ်တဲ့ အချစ်ဟာ
သံမဏိထက်မာတယ်
ချစ်သူအတွက်
တစ်ချက်ရင်ခုန်တာ မဟုတ်ဘူး
တစ်သက်ရင်ခုန်နေမှာမို့
ချစ်သူအတွက် အချိုမြိန်ဆုံးဟာ
မောင့်ရင်ခုန်သံပါလို့ ပြောလိုက်ပါချစ်သူ။

စကားသက်သက်မဟုတ်ဘူး
သစ္စာတရားအချက်တွေနဲ့
ချစ်သူနဲ့ ဝေးရရက်မှာ
ကျမ်းအစောင်စောင်ရွက်ပြီးပြောရရင်
စိတ်ထွက်ပေါက်မဲ့အောင်လွမ်းတယ်
အခက်အခဲတွေ ဝေးတဲ့တစ်နေ့မှာ
ထပ်မခွဲကြေးတွေနဲ့
အသက်ပေးပြီး ချစ်ကြမယ်နော် ချစ်သူ။

ခုချိန်မှာ
နေရာဒေသအရ
ဝေးနေကြပေမယ့်
မောင့်ဘေးမှာ
ချစ်သူရဲ့ ပုံရိပ်လေးတွေ ရှိနေသလို
ချစ်သူရဲ့ ဘေးမှာလည်း
မောင့်ရဲ့ ၀ိညာဉ်လေးတွေ
အမြဲရှိနေမယ်ဆိုတာ
ယုံထားလိုက်ပါ ချစ်သူ။

ဘာပဲဖြစ်ဖြစ်
စိတ်ပျက်စရာမတွေးနဲ့
အားတက်စရာပဲတွေး
ငါ့ဘေးမှာ မောင့်ဝိညာဉ်လေးရှိတယ်
ဘယ်အရေးတော်ပုံကြောင့်မှလည်း
မောင်တို့ မဝေးစေရဘူး
ထပ်ခါ ထပ်ခါပေးဖူးတဲ့ကတိကိုပဲ
ထပ်ခါ ထပ်ခါ ပြန်ပေးပါရစေ
ဘာဖြစ်ဖြစ် အမြဲချစ်နေမယ်
ကဗျာခေါင်းစီးလေးလိုလည်း
ချစ်သူအတွက်ဆိုရင်
မောင့်အချစ်တွေနဲ့ စီရင်မယ်ချစ်သူ။


ခိုင်မြဲစေရာ

Sunday, February 14, 2010 Posted by ဂျေဂျူဝိုင်
ငါတို့ နေကြရတာက
တစ်ယောက် တစ်နေရာ
နေရာနဲ့ အချိန်ကွာဟမှုရှိတယ်
နားလည်မှု ကွဲလွဲနိုင်တယ်
နိုင်ငံခြားလို့ ဆိုလိုက်တာနဲ့
ကိုယ့်နိုင်ငံထက် အစစသာတယ်
ဒီမှာက facebook ရဲ့ loading ကိုစောင့်ရ
blogspot ကို ကျော်ရခွရ
ပြောကြ ဆိုကြရင်း နည်းလည်မှုတွေက
မတော်တဆမှုတွေ ဖြစ်သွားနိုင်တယ်
ငါတို့ ရွှေနိုင်ငံတော်ရဲ့ ကွန်နက်ရှင်က
ဝမ်းပျက်ဝမ်းလျှောရောဂါသည် လမ်းလျှောက်နေပုံနဲ့
ဒီလို ဒီလို
အပျက်အပျက် တွေက သိပ်များတယ်
ငါတို့ နှခေါင်းသွေးထွက်လို့ မဖြစ်ဘူး
အမှိုက်တွေက မီးခဏခဏလောင်တယ်
ငါတို့ ပြဿာဒ်ကို ကူးလို့ မဖြစ်ဘူး
ချစ်သူရေ
ဘာနဲ့မှ ငါတို့ ဝေးလို့မရအောင်
ငါတို့အချစ်တွေနဲ့ ငါတို့ကို
ပြန်လည်ချည်နှောင်ထားမှ ဖြစ်မယ်။


တရားစီရင်သောနေ့

Saturday, February 13, 2010 Posted by ဂျေဂျူဝိုင်
အမှားတွေအကြောင်း အလွဲတွေအကြောင်း
ကျွန်တော့်များများစားစား ပြောစရာ မရှိပါဘူး
ကျွန်တော့ဘ၀ဟာ အမှား ကျွန်တော့်ဘ၀ဟာ အလွဲလေ
အဲလို လွဲမှားနေတဲ့ အလွဲအမှားများစွာကြားမှာ
“မ ကိုတကယ်ချစ်တာမှ ဟုတ်ရဲ့လား” လို့ မေးရလောက်အောင်
ကျွန်တော့်အလွဲအမှားတွေ လှုပ်ခါမှုအားပြင်းခဲ့တယ်
အနမ်းနဲ့ သိပ်မထိုက်တန်တဲ့ကောင်
အလွမ်းနဲ့ တင်းပြည့်ကျပ်ပြည့် အိမ်ပြန်ခဲ့ရသားပဲ
မြသန်းတင့်က သူ့စာအုပ်တစ်အုပ်မှာ ရေးဖူးတယ်
“ချစ်ခြင်းအနုပညာ” တဲ့
ပန်းချီဆရာတစ်ယောက်က ပြောဖူးတယ်
အတတ်ပညာ မရှိတဲ့ကောင်တွေရဲ့ လုပ်ရပ်ကို
အနုပညာလို့ ခေါ်တယ် တဲ့
သင်ပေးကြပါဦး ကျွန်တော့်ကို
ချစ်ခြင်းဆိုတဲ့ အတတ်ပညာတွေကို။


ချစ်ခြင်းဖွဲ့အချစ်

Friday, February 12, 2010 Posted by ဂျေဂျူဝိုင်
ကျွန်တော့် ချစ်သူဟာ ချိုမြတဲ့ တေးတစ်ပုဒ်ဖြစ်တယ်
ကျွန်တော့် ချစ်သူဟာ မွေးကြူတဲ့ ပန်းတစ်ပွင့်ဖြစ်တယ်
ကျွန်တော့် ချစ်သူဟာ ငြိမ်းချမ်းရေး ငှက်ကလေးဖြစ်တယ်
ကျွန်တော့် ချစ်သူဟာ အဆိပ်ပြင်းတဲ့ ကျားမလေးလည်းဖြစ်တယ်
ချစ်သူရဲ့ အမည်နာမကို တေးတစ်ပုဒ်လိုလည်း အမြဲဆိုညည်းတယ်
ချစ်သူရဲ့ အမည်နာမကို ပန်းကလေးလိုလည်း အမြဲအလှကြည့်တယ်
ချစ်သူရဲ့ အမည်နာမကို ငှက်ကလေးလိုလည်း ပျံသန်းစေတယ်
ချစ်သူရဲ့ အမည်နာမကို ကျားမလေးလိုလည်း အားပေးတယ်
ချစ်သူကို ချစ်ရတာ တေးတစ်ပုဒ်လိုလည်း ချိုမြတယ်
ချစ်သူကို ချစ်ရတာ ပန်းတစ်ပွင့်လိုလည်း မွှေးကြူတယ်
ချစ်သူကို ချစ်ရတာ ငှက်ကလေးလိုလည်း လွတ်လပ်တယ်
ချစ်သူကို ချစ်ရတာ ကျားမလေးလိုလည်း ချစ်ရတယ်။


ညညအိမ်ရှေ့က

Thursday, February 11, 2010 Posted by ဂျေဂျူဝိုင်
ည ဆယ်နာရီခွဲရင် ရေခဲချောင်းရောင်းသည်လာတယ်။ မယုံမရှိနဲ့ ၃၁ လမ်းက လူတွေ အကုန်မေးလို့ရတယ်။ ဖြစ်မှ ဖြစ်ရလေ ပြောတော့ ရေခဲချောင်းက တော်တော် ရောင်းရနေတယ်။ ဗေဒင်ဆရာက ရောင်းခိုင်းလို့လား။ လူတွေက နေ့မှန်း ညမှန်း အေးမှန်း ပူမှန်း မသိတော့တာလား။ (ခု ညပိုင်းတော်တော်အေးသေးတယ်)


မီးကင်းသမားတွေက အချိန်ပြည့် တောင်စဉ်ရေမရ စကားပြောတယ်။ အမောဖောက်လာတဲ့အခါ အသက်ငင်နေတဲ့ အသံနဲ့ “ဒဿဂီရိ အချစ်ရှုံးသမား အချစ်ရှုံးတယ်လို့ ဘယ်သူကပြောလဲ” ဆိုတဲ့ သီချင်းအော်ဆိုတယ်။ အဲလို ဆိုနေရင် တစ်ယောက်ယောက်က “မယ်သီတာကို သုံပိုင်းပိုင်းပြီး တစ်ပိုင်းမီးကင်စား” လို့ ဖျက်ဖျက်တယ်။


လက်ဘက်ရည်ဆိုင်က ဘောလုံးပွဲ ပွဲကောင်းရှိတဲ့ညဆို တစ်ညလုံးမအိပ်ဘူး။ တနေ့ထက် တစ်နေ့ ဒီစားပွဲထိုးတွေ ငါ့ထက် ပိုပိန်လာကြတယ်။ ဆိုင်ရှင်က စီးပွားရေးနဲ့ ကလေးငယ်လေးတွေရဲ့ အနာဂတ်ကို ချင်ဆီထုတ်ကြတဲ့ ပွဲပေါ့လေ။ ခုလာနေတဲ့ ချဲလ်ဆီး၊ အာဆင်နယ်နှင့် မန်ယူ။ ဝေါ ခနဲ အားပေးသံက စိတ်ဖြေဖျောက်မှုလား၊ ကိုယ့်စိတ်ကို ပြန်သတ်ကြတာလား။


ညတစ်နာရီထိုးရင် ညပိုင်းမှ လာဖွင့်တဲ့ ထမင်းကျော်ဆိုင်က လှည်းတွေ တွန်းပြန်သံ တ၀ုန်းဝုန်းကြားတယ်။ လက်ဘက်ရည်ဆိုင်က ကောင်လေးတွေနဲ့ အဲဒီက ပြန်လာတဲ့ ကောင်မလေးတွေ ည တစ်ခုလုံး လန့်ပြေးမယ့် စကားမျိုးနဲ့ နှုတ်ဆက်ကြတယ်။ ညဟာ ဒီလိုပုံစံနဲ့ ဆိုင်ကယ်သံ တ၀ူးဝူးနဲ့ မရိုးဘူး။ ဒီကောင် မရိုးတော့ဘူး။ မဆုမွန်ကို ချစ်တယ်ချည်း သွားသွားပြောနေတယ်။ သူနဲ့ မဆုမွန်ချစ်သူ ဖြစ်တာကိုလည်း သိတဲ့လူရော မသိတဲ့လူရော လိုက်လိုက် ပြောနေတော့တာပဲ။ မြင်ပြင်းကတ်တယ်။ မဆုမွန် သူ့ကို ပြန်ချစ်တာနဲ့ပဲ သူ့ကိုယ်သူ အမေရိကန်သမ္မတဖြစ်တာ ကျနေတာပဲ ဆိုတော့ အဲဒီထက်လွန်သေးတယ်ကွ တဲ့။




ကဗျာဆရာကြီး ကိုမိုးဝေးရေ ခင်ဗျားအတုခိုးပြီး LP ကဗျာရေးကြည့်တာပါ။

အချစ်နဲ့လျောက်မယ့်လမ်း

Thursday, February 11, 2010 Posted by ဂျေဂျူဝိုင်
ချစ်သူကို ထိရှသွားမယ်မှန်းသိရင်
အဲဒီစကားကို အစကတည်းက ကျွန်တော်ပစ်သတ်ထားမှာပေါ့
ကျွန်တော့်ရဲ့ ချစ်သူစိတ်ဆိုးသွားတဲ့အခါ
အဲဒီစာရိုက်မိတဲ့လက်ကိုပဲ ခပ်မာမာ အရာဝတ္ထုပေါ်
ခပ်နာနာလေး ရိုက်ချမိလိုက်တယ်
ရင်တစ်ခုလုံးလည်း နေမထိ ထိုင်မသာ
ခုဆို ချစ်သူက “မင်းနဲ့ငါ” ပြောမှာ
အရမ်းကြောက်တတ်လာပြီချစ်သူ။
ချစ်သူကို စိတ်ဆိုးအောင် လုပ်မိလိုက်ပြီးနောက်
ချစ်သူ တကယ် စိတ်ဆိုးသွားတဲ့အခါ
အချိန်ကာလတစ်ခုဟာ မဲပြာသွားတယ်
တိတ်ဆိတ်ခြင်းတွေ အထီးကျန်ဆန်ခြင်းတွေ
ရှောင်လို့ ကွင်းလို့မရအောင် ရှေ့မှာ ပိတ်သဲသွားတယ်
ငါမမြင်ဖူးတဲ့ ငါ့မျက်နှာဟာလဲ
သွေးမဲ့ပြီး ပြာနှမ်းနေမှာ သေချာတယ်။
“ရှင်လူမှားနေတယ်ထင်တယ် ကိုဂျေဂျူဝိုင်” ဆိုတော့
အမောတကော ပန်းတိုင်ဆီ အားသွန်ခိုက်စိုက်ပြေးနေသူ
ပန်းတိုင်ရောက်မှ ဘာမှမရှိတာကို သွားတွေ့လိုက်ရသလို
စိတ်တစ်ခုလုံး ဟာခနဲ ဟာခနဲ ဖြစ်သွားတယ်။
ကတိတွေ အထပ်ထပ်ပေးပါတယ်ချစ်သူရယ်
ချစ်သူနှစ်နှစ်ကာကာပြုံးဖို့အတွက်
ကြည်နူးမှုအားလုံး ချစ်သူနှုတ်ခမ်းမှာ ခိုတွယ်ဖို့အတွက်
ချစ်သူရဲ့ အမည်ဝှက်ဖြစ်တဲ့ လလေးလို အေးမြဖို့အတွက်
နှလုံးသားထက်က ဖွဲ့တဲ့ သင်းပျံ့ချိုမွှေးတဲ့
သံစဉ် အလင်္ကာ ကဗျာလေးတွေပဲ
အမြဲဆက်သနေမှာပါ ချစ်သူ
ချစ်သူ ချစ်နေရင်လည်း ပိုပိုချစ်မယ်
ချစ်သူ မုန်းသွားရင်လည်း ပိုပိုချစ်နေမှာပဲချစ်သူ။

Tuesday, February 9, 2010

ကျေးဇူးပါ ချစ်သူ

Tuesday, February 09, 2010 Posted by ဂျေဂျူဝိုင်
ချစ်သူရေးရေးလာတဲ့ “ချစ်တယ်နော်” က
ခပ်ကြမ်းကြမ်းနဲ့ လေးလံနေတဲ့ကျွန်တော့်ကမ္ဘာကို
ဝါဂွမ်းစလေးလို နူးညံ့ပေါ့ပါးစေခဲ့တယ်
ချစ်သူရဲ့ စကားလေးကိုလည်း တံခါးအထပ်ထပ်
ပိတ်သိမ်းထားမိ၊ ဘယ်လိုကြာညောင်းလဲ
အရောင်မပြောင်းဘူးဆိုတာ သိတော့ ပျော်တယ်
လူ့ဘ၀ဆိုတာ အလကားကိစ္စဆိုပြီး
အားငယ်မှု အမြဲတစေ ခြိမ်းခြောက်နေတဲ့ ဘ၀လည်း
သီချင်းတွေနဲ့ စွတ်စိုစိမ်းလန်းတတ်စေခဲ့တယ်
သူမရဲ့ “မချစ်ဘူး”ဆိုတဲ့ ကျီစယ်မှုလေးဟာ
နာကျည်းမှု ကဗျာတွေနဲ့ အမုန်းတေးတွေ ဖွဲ့တတ်တဲ့
လူသားတစ်ဦးရဲ့ ကိုယ့်ကိုယ်ကို တွေ့ရှိမှုအသစ် ဖြစ်စေတယ်
ချစ်ခြင်းတစ်ခုတည်းနဲ့သာ ကျွန်တော့်ကို ချစ်တဲ့
သူမအချစ်ဟာ သမိုင်းသစ်ကိုလည်း ရေးခြစ်တယ်
အခုဆို သူမရဲ့ အချစ်နဲ့
ကျွန်တော်သတ္တိတွေလည်း တော်တော်ကောင်းလာတယ်။
ဘာအကြောင်းပြချက်နဲ့မှလည်း ချစ်သူကို မုန်းမှာမဟုတ်ဘူး
ကမ္ဘာမပျက်သ၍ တည်မဲ့အရာဆိုလို့
ဘယ်သင်္ခါရတရားကမှ မဖျက်နိုင်တဲ့
ကျွန်တော်နဲ့ သူမရဲ့ အချစ်ပဲ ရှိတယ်
ဘယ်လောက် ဝေးဝေး ဘယ်လိုဝေးဝေး
ကလစ်ကလေးတစ်ချက်ချလိုက်ရုံနဲ့
ကျွန်တော့်ရဲ့ ရင်ခွင်ထဲ သူမအမြဲမှေးစက်တယ်
ကျွန်တော်ကလည်း ကြည်နူးတေးလေးအဖြစ်
ဟောဒီကဗျာလေး ရေးလိုက်တယ်၊ ဘယ်တော့မှ မရိုးဘူး
“အရမ်းချစ်တယ် ချစ်သူရယ်”

Monday, February 8, 2010

ထိုနှစ်ရက်

Monday, February 08, 2010 Posted by ဂျေဂျူဝိုင်
အလွမ်းနဲ့ လောင်ကျွမ်းနေတဲ့ နှစ်ရက်လုံးလုံး
ကျွန်တော် အစိမ်းရောင် အ၀ိုင်းလေးကို စောင့်ကြည့်နေတယ်
ကျွန်တော့် အပြုံးတွေကို နံရံမှာ ရိုက်ကပ်ထားပြီး
သူမရဲ့ ဆက်သွယ်မှုအားလုံးကို စောင့်ကြည့်နေတယ်
ဘေးမှာ သီချင်းသံတွေ ကြားနေရတယ်
သီချင်းတွေက ကျွန်တော့်အလွမ်းနဲ့ မလိုက်ဖက်ဘူး
ဘယ်မှာ ဘယ်သူ ဘယ်အရာ ဘာမှ စိတ်မ၀င်စားဘူး
“ချစ်သူ” လို့ ခေါ်လိုက်တဲ့အခါ “ဝေ” လို့ထူးမှ
ပပထူလို့ မင်းကုသလဲရာက ထသလို ထလိုက်တယ်။

Sunday, February 7, 2010

ချစ်သူအမေ့ခံထားရတဲ့နေ့

Sunday, February 07, 2010 Posted by ဂျေဂျူဝိုင်
ချစ်သူရဲ့ ခြေရာက လွန်ခဲ့တဲ့ နှစ်နာရီ ... တဲ့
ဒီနေ့ လှိုင်းလုံးတွေ နည်းနည်းကြီးတယ် ပင်လယ်မှာ
အလွမ်းမိုး နည်းနည်းသည်းတယ် ရင်ထဲမှာ
ချစ်သူမပါလို့ အပေါ်ရောက်အောင် ဆွဲတင်ထားရတဲ့ ဒီနေ့ဟာ
အာရုံခြောက်ပါးမှာ ခံစားမှုတွေ မဲ့တယ်
ကောင်းကင်ကြီးက ဘယ်လောက် ကျယ်ပြန့်သလဲ
ဟင့်အင်း ကျွန်တော့်အလွမ်းတွေက အဲဒီထက် ခမ်းနားကျယ်ပြန်တယ်
အပြုံးမပါတဲ့ မျက်နှာတစ်ချပ် ပန်းချီကား
ဒီနေ့ အထားအသိုမှားနေတယ်
သူနေမကောင်းလို့လား၊ ခရီးထွက်တာလား
အဆင်မပြေမှုတစ်ခုခုနဲ့ ကြုံနေလား
ကျွန်တော့်ကို မုန်းသွားတာလား မုန်း....... သွား ........
ဟင့်အင်း ..... မကြားပါရစေနဲ့
ဒီနေ့ မေးခွန်းတွေကျွန်တော့်ကို ဖိသတ်နေတာ
၁၀ တန်းစာမေးပွဲ ပုစ္ဆာတွေ ဆယ်ခုစာမကပါပဲ
သူ အဆင်ပြေပါစေ ဆိုတဲ့ ဆုတောင်းသံလည်း
ကြားရမယ်ဆိုရင်လေ
တနင်္ဂနွေနေ့ ဘုရားကျောင်းဆယ်ခုစာ မကပါပဲ
သူမရင်ထဲနှင့် ကျွန်တော့်ရင်ထဲသို့ ဖောက်လုပ်ထားတဲ့လမ်းလေး
ဝေးကွာခြင်းနဲ့ လမ်းခွဲခြင်းသို့ သွားရာ မဟုတ်ပါဘူးလေ။

Saturday, February 6, 2010

Beloved and Beloved

Saturday, February 06, 2010 Posted by ဂျေဂျူဝိုင်
ကျွန်တော့်အတွက် သွေးနားထင်ရောက်စရာက
ကျွန်တော် သူမကို ချစ်တယ်ဆိုတာတာထက်
သူမက ကျွန်တော့်ကို ပြန်ချစ်တာပဲ
အဲဒါပါပဲ မာရ်နတ်ရဲ့ မြှားဦးဟာ ဒီနေရာမှာကျိုးတယ်

ကျွန်တော်တို့အချစ်မှာ ဈေးညှိစရာတွေမလိုဘူး
ကျွန်တော်တို့အချစ်မှာ အစိုးရမီး အားကိုးစရာ မလိုဘူး
ကျွန်တော်တို့အချစ်မှာ ဘယ်သူပိုမြင့်လဲ တိုင်းစရာမလိုဘူး
ကျွန်တော်တို့အချစ်မှာ အစွန်းထွက်ကို ဖြတ်စရာ မလိုဘူး

ကျွန်တော်တို့တတွေ လိုအပ်တာဆိုလို့
သူမနဲ့ကျွန်တော် တစ်ယောက်အပေါ်တစ်ယောက်
ဘယ်လောက်ပိုပြီး ချစ်နိုင်ကြသလဲ
ဘယ်လောက်ပိုပြီး လိုအပ်ကြသလဲ
အဲဒါလေးပါပဲ
ကျွန်တော်တို့အချစ်က အဖြူသက်သက် ကွက်တိလှတယ်။

ချစ်သူကို ညည နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေကြောင်း

Saturday, February 06, 2010 Posted by ဂျေဂျူဝိုင်
သစ်သီးတွေဟာ အညှာမှာ အကြာကြီး မနေနိုင်ပါဘူး
တစ်ရာသီကုန်သွားရင်တော့ နောက်အသီးတွေ သီးဖို့
အဆုံးသတ် စီရင်တဲ့နေ့တစ်နေ့ ရောက်လာရတယ်။

မြစ်ကို ဆန်တက်ကြသူတို့အဖို့
မြစ်ညှာရောက်ရင် ရေကြည်စစ်စစ်သောက်ရမှာပဲ
ဇွဲမလျှော့နဲ့၊ နောက်ကြည့်မှန်တွေ မကြည့်နဲ့။

ကိုယ့်ခြေသံကိုယ်လန့်ရတဲ့ သမင်တွေလို တချို့ဟာ
အစလေး တစ်စ ဆွဲမိတယ်ဆိုရင်ပဲ မြွေလား ကြိုးကွင်းလား
ဘ၀ဟာ အမြဲ ပန်းဖျားဖျားနေကြရတယ်။

ခုဆိုရင် ကင်ဆာရောဂါသည်တစ်ယောက်အတွက်
စိတ်မပူပါနဲ့ ဆိုတဲ့ ဆရာဝန်တစ်ယောက်ရဲ့စကားနဲ့
မျှော်လင့်ချက်ကို ဒေါက်ဖြုတ်ထားခြင်း ခံနေကြရတယ်။

မပူနဲ့ ချစ်သူရေ...
အများကြီးတွေးပြီး မပူနဲ့။
ဇာတ်သိမ်းဆိုတာ အမြဲပဲ ငြိမ်းချမ်းတယ်။

(ချစ်သူရဲ့ မေမေ မှာလိုက်သလို)
“ဘုရား တရားကို မမေ့နဲ့”။
မောင်လည်း အဲဒီ စကားကိုပဲ အထပ်ထပ်မှာချင်တယ်။

Friday, February 5, 2010

အော်စကာဆုရသူများစာရင်း

Friday, February 05, 2010 Posted by ဂျေဂျူဝိုင်
နေဦး နေဦး
ခင်ဗျားတို့ အားလုံး ကျွန်တော်နဲ့ မ,အကြောင်း မေးမလို့ မဟုတ်လား
ဟာ ! ခင်ဗျား Select ဆွဲပြီး မဖတ်နဲ့လေ ဒီတိုင်းဖတ်
ကဗျာတွေက မ, အကြောင်းတွေ ချည်း ဖြစ်နေလို့လား
ကျွန်တော်က မ,ကို အရမ်းချစ်တာကိုးဗျ
ရွှေအကြောင်း ငွေအကြောင်း နေရေးထိုင်ရေးအကြောင်း မပါလို့လား
ခင်ဗျားတို့က ဆာလောင်မှုက အိမ်ရှေ့တခါးက ၀င်လာရင်
အချစ်က ပြတင်းပေါက်မှ ခုန်ထွက်သွားတတ်သည် ဆိုတာကို ကိုးကားမလို့လား
ခင်ဗျားတို့ရဲ့ အချစ်က ချစ်ဖို့ဆိုတာထက် ဂုဏ်တက်ဖို့က
အရေးကြီးနေသကိုးဗျ အင်း “ဂုဏ်” “ဂုဏ်” ကောင်းပါတယ်ဗျာ
ငါ့ချစ်သူက ဘယ်အတန်းအောင်၊ ငါ့ချစ်သူက ဘယ်လောက်ချမ်းသာ
ကောင်းပါတယ်ဗျ၊ ကောင်းပါတယ် ကြွားဖို့ရော ကြွားလို့ရောပေါ့
အချစ်ကိုကြွားဖို့ထက် အကြွားကိုချစ်ဖို့ ခင်ဗျားတို့အတွက် ပိုအရေးကြီးတယ်လေ
ဘာ... ဘ၀ ဟုတ်လား၊ ဘ၀အကြောင်းကို ဆရာကြီးလေသံနဲ့
ခင်ဗျားတို့မို့လို့ မမောနိုင် မပန်းနိုင်ဗျာ
နေဦး နေဦး ဆက်ဖတ်ပါဦး
ကျွန်တော် မ,ကို အရမ်းချစ်တယ်၊ ချစ်တာ အရမ်းကိုပဲဗျ
မ,ရဲ့ နာမည်ကို တိုးတိုးလေး ရွတ်ဆိုမိတဲ့အခါ
ကျွန်တော့်ရင်ထဲ နွေးခနဲဖြစ်ဖြစ်သွားတယ်
တိုင်းတာပြလို့မရတဲ့ အဲဒီကြည်နူးမှုလေး ဖြစ်လာတိုင်း
မျက်လုံးကလေးကို အသာပိတ်ထားလိုက်တယ်
ဒီလိုဗျ
Facebook ထဲကများ ချစ်တတ်သူတွေကို အော်စကာဆိုပေးမယ်ဆိုရင်
ကျွန်တော်နဲ့ မ,နှစ်ယောက်တည်းရမှာ
သိပ် ကို သေချာတယ်
နေဦးဗျ နေဦး နောက်တစ်ခေါက်ပြန်ဖတ်လိုက်ဦးဗျာ။

Thursday, February 4, 2010

လူနှစ်ယောက်ရဲ့လမ်း

Thursday, February 04, 2010 Posted by ဂျေဂျူဝိုင်
တစ်ယောက်က ဂျေဂျူဝိုင် ဆိုသူကို လွမ်းပြီး
တစ်ယောက်က ပုံရိပ်လေးတွေကို လွမ်းတယ်

တစ်ယောက်က Facebook လေးဖွင့်ကာ စောင့်ပြီး
တစ်ယောက်က အလုပ်အားတာနဲ့ ပြေးပြေးလာတတ်တယ်

တစ်ယောက်က အမိမြေကို မှန်းဆတမ်းတတတ်ပြီး
တစ်ယောက်က ပွင့်လင်းလာမယ့် နေ့ကလေးကို တမ်းတတယ်

သူတို့နှစ်ယောက်တည်းရဲ့ အမြင့်ဆုံးပန်းတိုင်က
တစ်ယောက်နဲ့ တစ်ယောက် ပိုပိုမြတ်နိုးဖို့ဖြစ်ပြီး
တစ်ယောက်နဲ့ တစ်ယောက် နားလည်ဖို့ဖြစ်တယ်

ဇာတ်လမ်းနှစ်ခုရဲ့ အဆုံးသတ်မှာ
ဇာတ်လမ်းတစ်ခုတည်း ဖြစ်သွားဖို့ဖြစ်ပြီး
ပန်းတွေ အစီအရီ ပွင့်လာဖို့ဖြစ်တယ်။

ချစ်သူ ဥယျာဉ်

Thursday, February 04, 2010 Posted by ဂျေဂျူဝိုင်
သူမရဲ့ ချစ်တယ် ဆိုတဲ့စကားထက်
ကျွန်တော် ဘာမှ ပိုပြီး မမျှော်လင့်ခဲ့ဖူးဘူး
ဘာမှ စိုက်ပျိုးမထားတဲ့ ဟောဒီရင်ခွင်ရာသီအရိုင်းမှာ
သူမရဲ့ အချစ်ပန်းခင်းလေး ပျိုးထားတယ်
လောကဓံ မြက်ပေါင်းပင်တွေကို
သူမရဲ့ အနမ်းနွေးနွေးလေးနဲ့ ရှင်းမယ်
မတော်လို့များ လွဲလို့ချော်လို့
(ဖွ ဖွ မပြောကောင်း မဆိုကောင်း)
အမုန်းပန်းလေး မတော်တဆပွင့်ခဲ့ရင်
သံယောဇဉ်တွေနဲ့ အပြတ်သုတ်သင်ရှင်းလင်းမယ်
တကယ်တော့...
ဘာမှ စိုက်ပျိုးမထားတဲ့ ဟောဒီရင်ခွင်ရာသီအရိုင်းမှာ
သူမရဲ့ ချစ်တယ်ဆိုတဲ့ စကားထက်
ကျွန်တော် ဘာမှ မမက်မောခဲ့ပါဘူး။
ကံကြမ္မာဆိုးနဲ့ အကြောင်းအမျိုးမျိုးကြောင့်
သူမက ကျွန်တော့်ကို မချစ်တော့ဘူးဆိုရင်လည်း
သူမရဲ့ မမြင်ကွယ်ရာ အရပ်ကနေ
သူမပုံရိပ်ကို ငေးရင်း တိတ်တိတ်ကလေးပဲ ချစ်နေမယ်။

Wednesday, February 3, 2010

အချစ်နတ်ဘုရားမလေး

Wednesday, February 03, 2010 Posted by ဂျေဂျူဝိုင်
ငါတို့ရဲ့ ချစ်ကြတဲ့ပုံစံဟာ
လက်ရှိချစ်ကြသူအားလုံးရဲ့ ပုံစံနဲ့ ကွဲပြားတယ်
တစ်ယောက်ရဲ့ ချစ်ခြင်းအပေါ် တစ်ယောက်
ကျေးဇူးတင်ရင်း ပြန်ချစ်ကြတယ်။

Face Book စာမျက်နှာမှတစ်ဆင့်
ဝတ်မှုန်ကူးခဲ့ကြတဲ့ ငါတို့အချစ်ဟာ
တွက်ချက်မှုတွေ တိုင်းတာမှုတွေ လုံးဝမပါဘဲ
မေတ္တာတရား အစစ်နဲ့ ချစ်ခဲ့ကြတယ်
သစ္စာတရား အနှစ်ချစ်ခဲ့ကြတယ်။

ကျွန်တော် အရမ်းစိုးရိမ်တယ်
သူချစ်သလောက် ကျွန်တော် ပြန်မချစ်နိုင်မှာကိုပေါ့
ဒီတော့ တစ်ခွန်းတည်းပဲ တင်စားချင်တယ်
သူဟာ ငါ့ရဲ့ “အချစ်နတ်ဘုရားမလေး” လို့။

Tuesday, February 2, 2010

ချစ်သူကို သိပ်သတိရတယ်

Tuesday, February 02, 2010 Posted by ဂျေဂျူဝိုင်
တစ် - ချစ်သူကို သိပ်သတိရတယ်
နှစ် - ချစ်သူကို သိပ်သတိရတယ်
သုံး - ချစ်သူကို သိပ်သတိရတယ်
တစ်သိန်း - ချစ်သူကို သိပ်သတိရတယ်
တစ်သန်း - ချစ်သူကို သိပ်သတိရတယ်
မရေမတွက်နိုင်တဲ့ ဂဏန်းတွေအထိ
ချစ်သူကို သတိရနေတာပဲ
မနက်လင်းလင်းချင်း ချစ်သူကို သိပ်သတိရတယ်
သတိရခြင်းအပေါ် ကိုယ့်ကိုယ်ကို ပစ်ချလိုက်တော့
လိုင်းတွေ၊ ကြေးနန်းကြိုးတွေ၊ ကြိုးရဲ့ အတွင်းပိုင်းတွေမှာ
ကျွန်တော့် သတိရခြင်းတွေ ပြည့်သိပ်နေတယ်
အဆုံးရှိတဲ့ ပင်လယ်ပြင်မှာ
အဆုံးရှိတဲ့ တောင်တန်းတွေမှာ
အဆုံးရှိတဲ့ မြေပြင်တွေမှာ
အဆုံးရှိတဲ့ ဟင်းလင်းပြင်တွေမှာ
အဆုံးရှိတဲ့ ဆက်သွယ်မှုတွေမှာ
အဆုံးမရှိတဲ့ ကျွန်တော့်သတိရခြင်းတွေရှိတယ်
ကျွန်တော့် သတိရခြင်းတွေက
ရေလိုအေးပြီး ပန်းလိုမွှေးတယ်
ခဏတဖြုတ်လောက် သတိရခြင်းတွေကို
စားပွဲပေါ် တင်ထားကြည့်လိုက်တယ်
ကျွန်တော့်နှလုံးကသွေးတွေ လည်ပတ်မှုရပ်သွားတယ်
အရပ်လေးမျက်နှာက ငြိုးငယ်ခြင်းတွေ
ကျွန်တော့်တစ်ကိုယ်လုံး ရစ်ပတ်ထားလိုက်တယ်
သတိရခြင်းတွေ တဟူးဟူးနဲ့ လေပြင်းမုန်တိုင်းကျတယ်
ငါ သတိရခြင်းတွေကို ပြန်ဝတ်ဆင်လိုက်ကာမှ
လောကကြီးဟာ သဘာဝအတိုင်း ပြန်လည်
အသက်ဝင်သွားတယ်။

Monday, February 1, 2010

ခမ်းနားတဲ့အချစ်

Monday, February 01, 2010 Posted by ဂျေဂျူဝိုင်
ကမ္ဘာကြီးမှာ ငါတို့နှစ်ယောက် မရှိလည်းဖြစ်တယ်
ဒါပေမယ့် ငါ့တို့နှစ်ယောက်မှာတော့
တစ်ယောက်မှာ တစ်ယောက်မရှိလို့ မဖြစ်ဘူး
ငါတို့ရဲ့ တစ်ယောက်ကို တစ်ယောက်လိုအပ်မှုဟာ
ဘယ်တော့မှ မရပ်နားနိုင်အောင် အရှိန်နှုန်းမြင့်မားတယ်
သူ့ကိုယ်စောင့်နတ်နားလေးမှာ
ငါ့ရဲ့ ချစ်ဝိညာဉ်တွေ ၀ဲပျံနေမှာဖြစ်သလို
ငါ့ရဲ့ကိုယ်စောင့်နတ်နားလေးမှာလည်း
သူ့ရဲ့ ချစ်တယ်ဆိုတဲ့စကားလေးတွေ တည်မြဲနေမှာပါ။
နိုင်ငံနယ်နိမိတ်တွေ လူတွေရဲ့ ဘာသာစကားတွေ
ဘယ်လို ဘယ်လောက် အထပ်ထပ် ခြားနားနေပါစေ
ငါ့ရဲ့ရိုးသားတဲ့အချစ်နဲ့ သူ့ရဲ့ ဖြူစင်တဲ့အချစ်က
ဘယ်ကနေ ဘယ်လိုစစ်စစ် အချစ်ပဲအဖြေထွက်မှာပါ။


ချစ်သော ချစ်သူသို့

သီးသန့်

Monday, February 01, 2010 Posted by ဂျေဂျူဝိုင်
ရှင်းနေတဲ့အခန်းကို ရှင်းဖို့
ရှင်းနေတဲ့အခန်းတစ်ခန်းလိုတယ်
ချစ်နေတဲ့ အချစ်ကို ချစ်ဖို့
ချစ်နေတဲ့ မဆုမွန်ကို လိုတယ်။

Sunday, January 31, 2010

ငါတို့အချစ်က ချစ်ဖို့ကောင်းတယ်

Sunday, January 31, 2010 Posted by ဂျေဂျူဝိုင်
ငါက အခ်စ္ဆုိတာကုိ
ခဏခဏ ရယ်သွမ်းသွေးတတ်တယ်
ဒါ လူလိမ်လူညာတွေရဲ့ ကိစ္စဆိုပြီးတော့ပေါ့
ဒီလို ခပ်ပေါ့ပေါ့လေးပဲ သဘေားထားခဲ့တယ်

ဝတ္ထုထဲလို ပြောရရင် တစ်နေ့သ၌ မှာပေါ့ဗျာ
လပြည့်ဝန်းပမာ မျက်ဝန်းများနှင့် စာမျက်နှာတစ်ခုသည်
ကျွန်ုပ်၏ လေးလံနေသောရက်စွဲများအား
ဝေးသထက်ဝေးသော အဝေးသို့ ဆွဲခေါ်သွားခဲ့တော့သည်ပေါ့။

ဒါပေမယ့် ခုတော့ ကဗျာလေးလို ပြောရရင်
အနာဂတ်သစ်တစ်ခုဟာ အတောင်ပံများစွာနှင့်
ရင်ထဲ ပျံသန်းဝင်ရောက်လာခဲ့တာ
Facebook စာမျက်နှာကတဆင့် ဟောဒီရင်ထဲအထိပေါ့

ခု ဆေးလိပ်တွေလည်း လျှော့သောက်လာမိတယ်
တစ်ယောက်တည်းနေရင်း သီချင်းလေး ညည်းတတ်လာတယ်
မေ့ထားတဲ့ မနက်ဖြန်ကို စဉ်းစားတတ်လာတယ်
ငါ မမိုက်တော့ဘူးလို့ ဆုံးဖြတ်မိတာလည်း ခဏခဏပဲ

အစိမ်းနုရောင် အ၀ိုင်းလေးကတစ်ဆင့်
စိတ်ဆိုးဟန်လေးဆောင်ကြ စိတ်ဆိုးပြေအောင်ချော့ကြ
စိတ်ကူးယဉ်ကမ္ဘာငယ်လေးတစ်ခု တည်ဆောက်ကြ
ဒီလိုနဲ့ အွန်လိုင်းမှာ မေတ္တာတရားတွေ ဝေမျှခဲ့ကြတယ်။

သူက ကျွန်တော့်ကို “ချစ်တယ်နော်” လို့ပြောလာတဲ့အခါ
ကျွန်တော်လေ အချိန်တွေအားလုံးကို ရပ်ထားချင်လိုက်တာလေ
ကျွန်တော် သူ့ကို “အရမ်းချစ်တယ်” လို့ ပြောတဲ့အခါလည်း
သူကြည်နူးပြီးပြုံးနေမှာဆိုတာကို တွေးပြီးသိနေခဲ့တယ်။

အချစ်ကို အချစ်နဲ့ချစ်တဲ့ အချစ်ဆိုတာ
ဟောဒီကမ္ဘာမှာ သူနဲ့ငါ နှစ်ယောက်တည်းရှိတာကွလို့
ရိုမီယိုဂျူးလီးယက် ရှင်မွေးလွန်းမင်းနန္ဒာဆိုသူတွေကို
ဟားတိုက်ပြီး အဟောင်းဆိုင်ထဲ ရောင်းစားလို့ရတယ်။

ကျွန်တော်က ကိုယ့်အမိမြေလေးမှာ လွမ်းနေရပုံက
သူ့နေရေး ထိုင်ရေးမှာ စားရေး သောက်ရေး
ကျန်းမာရေးနှင့် ဆက်ဆံရေးတွေမှာ အဆင်ပြေပါ့မလားလို့
ပူပူပင်ပင် စူးစူးနင့်နင့် လွမ်းရတာ ရှိတယ်။


အားလုံးကို သန့်ရှင်းမွန်မြတ်စွာ ကြေငြာနိုင်တာက
ငါတို့အချစ်မှာ မေးခွန်းမပါဘူး၊ သံသယမပါဘူး
ဘာမှ မစွန်းနိုင်တဲ့ အဖြူထည်တစ်ခုတည်းပါတယ်
ဒါကြောင့် ငါတို့အချစ်က ချစ်ဖို့ကောင်းတယ်။

Friday, January 29, 2010

မင်းကိုငါမသိဘူး၊ ဒါပေမယ့် မင်းကိုငါချစ်တယ်

Friday, January 29, 2010 Posted by ဂျေဂျူဝိုင်
မ ဆုိတဲ့ သူမကုိ ခ်စ္လုိက္တာ
ဘာကြောင့်ချစ်လဲ တဲ့။
ခုထိ စဉ်းစားလို့ မရသေးပေမယ့် ချစ်တယ်
မရဲ့စရိုက်ဟာ ထူးခြားတယ်
တချို့ ရင်းတောင် မရင်းနှီးဘူး
ရိုရိုသေသေလေး စနှုတ်ဆက်တယ်
မင်္ဂလာပါ အစ်ကို ကနေစလို့
asl မှာဆက်ပြီး အိမ်သာ ဘယ်ချိန်တက်လဲ အထိမေးတယ်
ကျွန်တော့်ရဲ့ မ,ဟာ အဲဒါတွေကို မမေးခဲ့ဘူး
“မင်းကို ငါမသိဘူး၊ ဒါပေမယ့် မင်းကို ငါချစ်တယ်” တဲ့
အရမ်းကြည်နူးရတယ်။ အရမ်းရင်ခုန်ရတယ်။ အရမ်းပဲ ပျော်ရပါတယ်
ကျွန်တော် မရင်းနှီးဖူးလို့ပဲလား ကျွန်တော် မရနိုင်လို့ပဲလား
မသိတဲ့ ရာထူး စည်းစိမ် ဂုဏ်သိန်တွေ ဒြပ်တွေ
အဆောင်အယောင်တွေကို ဘာမှ မမေး မစမ်းဘဲ “ချစ်တယ်” တဲ့
အခုထိ လက်ချည်းဗလာနေရတဲ့ဘ၀ကို မက်မောနေသေးတဲ့
အထီးကျန်ဆန်ဆန် သွားချင်ရာသွား လာချင်ရာလာ
အိပ်ချင်ရာအိပ် နေချင်ရာနေဘ၀ကို ခုံမင်နေသေးတဲ့ ကျွန်တော်အကြောင်းကို
တစိုးတစိမှ မသိဘဲ ချစ်တယ်တဲ့
တိုင်းပြည်ကြီး သာယာတဲ့တစ်နေ့ကျရင်
ပါးစပ်ထဲ ငုံပြီးတော့ကို ချစ်ပစ်လိုက်မယ်
ဂုဏ်သရေရှိ လူကြီးမင်းတွေ မကြခဏ ချီးကျူးကြပြီး
ကျွန်တော်ကိုယ်တိုင် မက်မက်မောမော ခံယူခဲ့တဲ့
“ဒီကောင့်အကြောင်းတော့ ပြောမနေပါနဲ့” ဆိုတဲ့
ဂုဏ်သိက္ခာပိုင်ရှင်လေးအကြောင်း မစုံစမ်းတဲ့မကို ချစ်တယ်
ကျွန်တော့်ရဲ့ ၀မ်းနည်းမဆုံးဖွယ် နေ့ရက်တွေကို
သနားသဖြင့် တစ်ချက်ကလေးမှ မပါဘဲ
ချစ်ရုံသက်သက်နဲ့ ချစ်ခဲ့တဲ့ မကို
ဘယ်လို ပြန်ပေးဆပ်ရတော့မယ်မှန်း မသိတဲ့အချစ်နဲ့ ချစ်တယ်


ငြိမ်းချမ်းခြင်း

Thursday, January 28, 2010 Posted by ဂျေဂျူဝိုင်
သူမကို ပြောစရာဆိုလို့
ဝါကျက တစ်ကြောင်းတည်း ရှိတယ်
ပြောလို့ပဲ မပြီးလည်း မပြီးနိုင်ဘူး
“မင်းကို ချစ်တယ်”။

ကျွန်တော့်နှလုံးသားကို ကျွန်တော်
ပါးစပ်ပိတ်ပြီး ရိုက်မစစ်ခဲ့ပါဘူး
သူကိုယ်တိုင် လာရောက်ပြီး
အချစ်တွေကို ၀န်ခံသွားခဲ့ပါတယ်
“သူမကို အရူးအမူးချစ်နေတာပါ” တဲ့။

သူမကိုယ် သူမ “မ” ဆိုတဲ့ နာမ်စားရယ်
သူမက သူ့ကိုသုံးတဲ့ “နင်” “မင်း” “မောင်” နာမ်စားရယ်
စိတ်ကို တစ်လမ်းသွားမောင်းနှင်တော့တာပဲ
ချစ်တဲ့စိတ်နဲ့ ဒုက္ခကို အဆက်အသွယ် ဖြတ်လိုက်တယ်
လောကရဲ့ အစိတ်အပိုင်းအားလုံးဟာ
သူမကိုချစ်တဲ့စိတ်နဲ့ လင်းတောက်နေတယ်
ဘာအာဏာရှင်မှာ လာမဖြတ်တောက်နိုင်ခဲ့ဘူး
ဟာနေတဲ့ ဟာကွက်တွေဟာလည်း
အချစ်က ၀င်ရောက်ဖြည့်စွက်ပေးခဲ့တယ်
ပတ်သက်သမျှ အပိုင်းအစတွေ အားလုံးဟာ
အချစ်ကြောင့် အသုံးဝင်ခဲ့ပါပေါ့လား။

..........................
ကျွန်တော့်ရဲ့ တစ်ဦးတည်းသော follower ကို ရည်ရွယ်ပါသည်။

Monday, January 25, 2010

မွေးနေ့ ကျင်းပမယ်

Monday, January 25, 2010 Posted by ဂျေဂျူဝိုင်
ဒီအခ်ိန္က
ညနေ နေ၀င်ရီတရောဆိုလား
ဒါဆို ဒီအချိန်က
ငါ့ကို မွေးတဲ့ အချိန်ပေါ့

ဒီနေ့က
အင်္ဂါနေ့လား
ဒါဆို ဒီနေ့က
ငါ့ကို မွေးတဲ့နေ့ပေါ့

ဒီလက
အောက်တိုဘာလလား
ဒါဆို ဒီလက
ငါ့ကို မွေးတဲ့လပေါ့

ဘာ
ဒီနှစ်က နှစ်ထောင့်တစ်ဆယ် ဟုတ်လား
ဒါဆို ငါ့ကိုမွေးတဲ့နှစ်က မရောက်သေးဘူးပေါ့
အေးကွာ ၁၉၇၆ ရောက်ရင်
ငါ မွေးနေ့ပွဲကို ကျင်းပဖြစ်အောင် ကျင်းပမယ်။

Sunday, January 24, 2010

တစ်ယောက် နှလုံးသားမှာ တစ်ယောက်

Sunday, January 24, 2010 Posted by ဂျေဂျူဝိုင်
မဖြစ်နိုင်တာလေးတွေကို ဖြစ်အောင်စိတ်ကူးယဉ်ပြီး
တစ်ယောက် နှလုံးသားမှာ တစ်ယောက်
စကားလေးတွေနဲ့ မဟာတံတိုင်းတည်ဆောက်
ငါတို့ အချစ်ပွင့်လေးတွေ ကောက်ခဲ့ကြတယ်
ချစ်သူရေ...
သီချင်းလေးတွေ တိုးတိုးညည်းရင်း
အဲဒီအချစ်ပွင့်လေး သိန်းသန်းမက ပွင့်စေမယ်နော်။

ဝေးကွာခြင်းရဲ့ အနီးဆုံးအောက်
တစ်ယောက် နှလုံးသားမှာ တစ်ယောက်
ယုံကြည်မှုတွေနဲ့ ကမ္ဘာငယ်တစ်ခု တည်ဆောက်
ငါတို့ အမုန်းမဲ့နေရာလေးဆီ ရောက်ခဲ့ကြတယ်
ချစ်သူရေ...
စပ်မိတဲ့ ကဗျာကို အတူတူဖတ်ရင်း
အဲဒီနေရာလေး ဘာအကြောင်းနဲ့မှ သွေးမစွန်းစေဘူးနော်။


.............................................................................
ကတ်သီးကတ်သတ်နိုင်သော ဂျစ်ကန်ကန်နိုင်သော အလွန်အင်မတန်ခေါင်းမာသော အားမနာတတ်သော ကိုယ်ချင်းစာတရားမရှိသော နုလုံးသားနဲ့ “မ”တစ်ယောက် သို့

အသည်းစွဲ ကဗျာဆရာ (၃)

Sunday, January 24, 2010 Posted by ဂျေဂျူဝိုင်
ဒီမနက် ကမ္ဘာကြီးကို နားထောင်အပြီး
ငါ ကမ္ဘာကြီးထဲ ခုန်အဆင်းမှာပေါ့
မျက်နှာသစ်ရမယ်
သွားတိုက်ရမယ်။

သွားတိုက်ရမယ်! ။

အဲဒီမှာ ...
ငါ ဆတ်ခနဲ ကျင်စက်ထိသလို
ငါ ခုပဲ အဲဒီပြကွက်ကို ပြန်ကြည့်ရသလို အမှတ်ရရ
သူမရဲ့ “သွားတိုက်ပုံ” သရုပ်ဆောင်ပြကွက်ကလေး။

သူမဟာ
သွားတိုက်ခဲ့
သွားတိုက်ပြီး ပလုပ်ကျင်း
ပလုပ်ကျင်းပြီး ပလုပ်ကို
မြိုချလိုက်တယ်။

ပြီ။ သူမရဲ့ ဓာတ်ပုံ
သူမရဲ့ KAWABATA MAMIKO ဆိုတဲ့အမည်
သူမရဲ့ ကောက်နုတ်ချက်
ငါ ဖတ်ရတယ်။

ငါ အနုပညာရှင် မဟုတ်ဘူး
ငါ အလုပ်သမ ဖြစ်တယ် ...တဲ့

ဒီကဗျာဖတ်မိတဲ့ မိတ်ဆွေ
ခင်ဗျား သွားတိုက်ပြီးပါပြီလား။


အောင်ချိမ့်


အပေါင်ဆုံး ညများ

Thursday, January 21, 2010 Posted by ဂျေဂျူဝိုင်
သတိထားကြပါဦး အတ္တစွန်းတွေ တက်နင်းမိကြရင်
ငါးရိုးစူးတာ အစာနင်တာနဲ့ မတူဘူး
ဒီနှစ်အရမ်းအေးတယ်၊ အရမ်းအေးတော့
တောင်သူလယ်သမားတွေက ပြောကြတယ်
အပင်တွေ သေကုန်တယ် အရွက်တွေ ခြောက်ကုန်တယ်တဲ့
ဒီအချိန်ဟာ ငါတို့အတွက် ဆောင်းတွင်းဖြစ်တယ်လေ
အလင်းကို ကိုယ်တိုင်လည်းရချင်
အလင်းကို သူတပါးကိုလည်း ရစေချင်တဲ့
ငါတို့ဘ၀တွေဟာ ဒီအချိန်မှာ နင်းပြားပဲ
ဓူဝံကြယ်ကို တောင်ဘက် ရွှေ့ရသလို ပင်ပန်းတယ်
ခုထိ ဘယ်သူမှလည်း တောင်နဲ့မြောက် မျက်စိလည်မပြေဘူး
ကိုယ့်ဦးခေါင်းကို လုံခြုံတဲ့နေရာမှာထားပြီး
လှုပ်ရှားတတ်တဲ့ ကိုယ်တစ်ခုချည်းနဲ့ နေရခြင်း...တဲ့
ဒီကလုံးတွေ ပိုအပွားမြန်တယ်ထင်တာပဲ
အဘိဓာန်ထဲ မထည့်သွင်းနိုင်တဲ့ ၀ါကျတွေ
ခုတ်ရာတခြား ရှရာတခြားနဲ့ မှားမှားပွင့်တယ်
ဒဏ်ရာက သိပ်မနက်ဘူးလို့ ယူဆမနေကြနဲ့
အတွင်းက အရိုးတွေရဲ့ပုပ်နံ့တောင် ရတယ်


အမှုတွဲအမှတ် ၁၅၀၀

Wednesday, January 20, 2010 Posted by ဂျေဂျူဝိုင်
ဟောဒီ ဂလိုဘယ်လိုက်ဇေးရှင်းမှာ
ငါတို့နီးရင်လည်း ငါတို့နီးတယ်
ငါတို့ ဝေးရင်လည်း ငါတို့ဝေးတယ်
ဒီအမှုတွဲမှာတော့ မှားဖို့ သက်သက်ချည်းပဲ
မုန်းဖို့ သိပ်ကောင်းပြီး
စောင့်စည်းမှုတွေ ပျက်စီးနေတဲ့ကောင်က
ငါ့ရဲ့ မှည်းမှောင်မှောင် ကောင်းကင်ကို ဆေးလာဆိုးတယ်
စိတ်ဆိုးတယ် သိပ်စိတ်ဆိုးတယ်
ပိုဆိုးတာက
ဘယ်ဘက်ရင်အုံကို ဖောက်ခွဲကစားနည်းကိုမှ
လောင်းကြေးအမှားတွေနဲ့ လာစိန်ခေါ်တာပဲ
အဲဒီလို မှတ်ချက်မျိုးနဲ့ ကျွန်တော်ဟာ
ခင်ဗျားရဲ့ မျက်မှန်အောက်ကတစ်ဆင့်
ခင်ဗျားရဲ့ မျက်ဝန်းအောက် ရီဝေေ၀ဒဏ်ရာကတစ်ဆင့်
အရူးထောင်မှာ အမှုတွဲအမှတ် ၁၅၀၀ နဲ့ ထောင်ကျတယ်
နွေမှာ နွေမရှိရင်ဖြစ်ဖြစ် ဆောင်းမှာ ဆောင်းမရှိရင်ဖြစ်ဖြစ်
မိုးမှာတော့ ငါ့မျက်ရည်နဲ့ ရာသီတစ်ခု ရှိနိုင်လိမ့်မယ်
ချိတ်ဆက်မှုမှားနေတဲ့ အချစ်မှတ်တိုင်ဦးမှာ
ရောက်မလာမယ့် ဘတ်စ်ကားကို စောင့်ရင်း
ဆေးဖက်မ၀င်တဲ့ အသီးတစ်မျိုး စိုက်ကြတာပေါ့။

စိတ် စိတ် စိတ်

Wednesday, January 20, 2010 Posted by ဂျေဂျူဝိုင်
သွေးတစ်စက်
သို့မဟုတ်
မျိုးဆက်တစ်ဆက်
ဆက်လက်တည်မြဲသွားဖို့
ဓားလက်နက်မလိုဘူး
ခပ်ထက်ထက် စိတ်တွေရှိရင် ရပြီ။

မှတ်တမ်းမှတ်ရာ တစ်ခု
သို့မဟုတ်
လူမျိုးစိတ်တစ်ခု
ဆက်လက်စုစည်းနေဖို့
သေနတ်လက်နက်မလိုဘူး
ခပ်ထက်ထက်စိတ်တွေရှိရင် ရပြီ။

မျိုးဆက်တစ်ခု
သို့မဟုတ်
သမိုင်းတစ်ခု
ကမ္ဘာသက်နဲ့အမျှ တည်ဖို့
နျူလက်နက်တွေ မလိုဘူး
ခပ်ထက်ထက်စိတ်တွေရှိရင် ရပြီ။

၂၀၀၉ ခုနှစ်၊ ပအိုဝ်းအမျိုးသားနေ့အတွက် စပ်ပေးဖူးတဲ့ ကဗျာပါ။

Monday, January 11, 2010

အမွေ

Monday, January 11, 2010 Posted by ဂျေဂျူဝိုင်
တစ္သက္လံုး တစ္ဘ၀လံုး
ကြိုးစား ထမ်းဆောင်လာခဲ့ကြတဲ့
တာဝန်အမှားတွေက အားပြင်းတော့
လမ်းဘေးနံရံမှာ သွေးနဲ့မှုတ်ထားတဲ့
အမှန်တွေက မှုန်ဝါးကုန်ပြီပေါ့

ငါ ဟုတ်မှ ဟုတ်ပါ့မလား အတွေးနဲ့
ခရီးဆက်လာကြတာ ကြာပြီဆိုတော့
သက္ကရာဇ်တွေသာကုန်သွားတယ်
ပန်းတိုင်က ရှာမရသေးဘူးပေါ့

အရိုးထဲ စိုက်ဝင်နေတဲ့
“ဖြစ်တတ်ပါတယ်”သဘောတွေကလည်း
နိစ္စတရား တစ်ပုဒ်ဖြစ်ခဲ့လေတော့
ကိုးရာမဲ့ဘ၀ကို အသားကျပြီပေါ့

“မပူပါနဲ့
တစ်နေ့နေ့တော့” ဆိုတဲ့စကားတွေကိုလည်း
သားစဉ်မြေးဆက် လက်ဆက်ကမ်းရင်း
ဒီအမွေကိုပဲ ဆက်ဆက်ချန်ရပြီပေါ့။


နောက်ဆုံးတော့ မင်းထားခဲ့မှာပါ

Wednesday, December 16, 2009 Posted by ဂျေဂျူဝိုင်
(၁)

ငါ့ရဲ့
ပထမအမှားက
လူဖြစ်လာတဲ့အမှား
ဒုတိယအမှားက
လူလိုခံစားတတ်တဲ့အမှား
တတိယအမှားက
ရူးသွပ်မှုကို တံခါးခေါက်မိတဲ့အမှား။

(၂)

သူငယ်ချင်းတွေနဲ့
“ဘ၀” ဆိုတဲ့အကြောင်း မဆွေးနွေးရဲဘူး
ချည်နှောင်တတ်တဲ့ ကြိုးအကြောင်း မဖွင့်ဟရဲဘူး
ဒါတွေက
ရိုက်ကွင်းထဲကလို ကဒ်လို့အော်ရုံနဲ့ မပြီးကြောင်း
စိတ်ကစားလို့ မှားသွားတာပါလို့ တောင်းပန်မရကြောင်း
ရှိုက်ကြီးတငင် ငိုကြွေးဖို့ အကြွေးဝယ်တာဆိုတဲ့အကြောင်း
ပုံပြင်းလေးကတော့ ဒါပါပဲလို့ ပြောရုံနဲ့ မပြီးဘူးဆိုတဲ့အကြောင်း
နေဦး နေဦး
အသက်ကို အရှက်နဲ့ လဲရဦးမယ့်အကြောင်းထိလည်းဖြစ်နိုင်တယ်။


(၃)

ငါလည်း ခံစားတတ်တာပါပဲ
ချစ်သူနှုတ်ခမ်းနုနုဆီ
သူ့အကြောင်းကိုရွှေရည်လောင်းရင်း
လေကလေးချွန်ပြီး အေးအေးဆေးဆေး ပြန်ခဲ့ချင်တာပေါ့။


(၄)

မိထားတဲ့ထောင်ချောက်ကနေ
စိတ်ကို ခဏငှါးပြီးနေရပေမယ့်
ပြန်ရုန်းထွက်ရမှာ ကြောက်တယ်
ကြောက်တာတွေကို စုလိုက်ရင်
မင်းမချစ်တော့မှာကစလို့
ငါ့အကြောင်း မင်းအစအဆုံးသိသွားရင်မှာ ဆုံးတယ်
အဆုံးသတ်မှာ ကြောက်စရာကောင်းပေမယ့်
ကြောင်လက်ထဲက ကြွက်လိုပဲ နေချင်တယ်
အမြစ်မရှိဘဲ သစ်ပင်တစ်ပင်
ရှင်သန်ပြရတဲ့ဘ၀က ပင်ပန်းလှတယ်

(၅)

နောက်ဆုံးတော့ မင်းငါ့ကို ထားခဲ့မှာပါ။
ဒီအမှန်တရားကိုတော့
ငါက ဘုရားသခင်ထက် ပိုသိပြီးသား။

မျက်ရည်မိုးရွာရန်ရှိသည်

Wednesday, December 16, 2009 Posted by ဂျေဂျူဝိုင်
အဲဒီမိန်းမရဲ့ ပါးစပ်မှာ
မဲ့ကာရွဲ့ကာ ကျွန်တော့်အကြောင်းရှိတယ်
မြှောက်ကာပင့်ကာ သူ့အကြောင်းရှိတယ်
သူတပါးခေါင်းကို ခဲထားတဲ့အခါရှိတယ်
သူမအမြှီးပြန်မြိုချထားတဲ့အခါရှိတယ်
အရှက်မဲ့စွာ အမှန်တရားပြောတဲ့အခါရှိတယ်
ဂုဏ်နဲ့ဒြပ်နဲ့ အမှားကျူးလွန်တဲ့အခါရှိတယ်
ပြောတဲ့အကြောင်း ကျိန်တွယ်ပြတဲ့အခါရှိတယ်
ကျဉ်းမြောင်းတဲ့အကြောင်း မျိုသိပ်ထားတဲ့အခါရှိတယ်
ကမ္ဘာ့ဖလားကို ကဲ့ရဲ့တဲ့အခါရှိတယ်
သူ့ရဲ့ ဆုတံဆိပ်ကို ကြွားတဲ့အခါရှိတယ်
နည်းစံနစ်ရဲ့ လိုအပ်ချက်ပြောတဲ့အခါရှိတယ်
အနှေးယဉ်ရဲ့ မြန်ဆန်မှုအကြောင်းပြောတဲ့အခါရှိတယ်
ဂုဏ်သိက္ခာအကြောင်း ပြောတဲ့အခါရှိတယ်
ငွေးကြေးနောက်လိုက်တဲ့အခါ ရှိတယ်
အနက်အဓိပ္ပါယ်ကို အလကားလို့ဆိုတဲ့အခါရှိတယ်
လူတွေကို မုန်းတဲ့အကြောင်းပြောတဲ့အခါရှိတယ်
အသိဉာဏ်နဲ့မလိုက်တဲ့ ကံကြမ္မာရှိတယ်
ကံနဲ့ မလိုက်ဖက်တဲ့ လူထုံလူနတွေရှိတယ်
ဒီကိစ္စအားလုံးထဲမှာ ကျွန်တော် ဂျေဂျူဝိုင်က
လူရမ်းကားလေး တစ်ယောက်ဖြစ်ခဲ့ရတယ်။


ငါ တစ်ကောင်

Saturday, November 28, 2009 Posted by ဂျေဂျူဝိုင်
ငှက်တစ်ကောင်ဟာ ငှက်တစ်ကောင်ကို
ငါးတစ်ကောင်ဟာ ငါးတစ်ကောင်ကို
အလဲထိုးတတ်သလား
ငါတစ်ကောင်ကတော့ ငါတစ်ကောင်ကို
ဟိုတစ်နေ့က အလဲထိုးခဲ့တယ်
ငှက်တစ်ကောင်ဟာ ငှက်တစ်ကောင်ကို
ငါးတစ်ကောင်ဟာ ငါးတစ်ကောင်ကို
ချောင်ပိတ်ဖမ်းတတ်သလား
ငါတစ်ကောင်ကတော့ ငါတစ်ကောင်ကို
ဟိုတစ်နေ့က ချောင်ပိတ်ဖမ်းခံရတယ်
ငှက်တစ်ကောင်ဟာ ငှက်တစ်ကောင်ကို
ငါးတစ်ကောင်ဟာ ငါးတစ်ကောင်ကို
ငိုပြတတ်သလား
ငါတစ်ကောင်ကတော့ ငါတစ်ကောင်ကို
ဟိုတစ်နေ့က ငိုပြခံရတယ်
အဲဂလို အချောင်နှိုက်ခံရတဲ့ ငှက်နဲ့ ငါးတို့ဟာ
သတ္တ၀ါတစ်ခု ကံတစ်ခုပေါ့ကွယ်လို့
သူ့ကိုယ်သူ သဘောထားကြီးနိုင်လား
ငါတစ်ကောင်ကတော့
ခြေထောက်ကလေး နည်းနည်းအေးတာနဲ့ ၀မ်းယောင်တယ်။


ဟာသကဗျာ

Saturday, November 21, 2009 Posted by ဂျေဂျူဝိုင်
ရဲ … “အမှန်အတိုင်းပြောစမ်းမိန်းကလေး”
မိန်းကလေး … “ကျွန်မကို မသိတဲ့ လူတစ်ယောက်က လာနမ်းတယ်”
ရဲ … “ကောင်းပြီ၊ မင်းဘာပြန်လုပ်လိုက်သေးလဲ”
မိန်းကလေး … “ကျွန်မကို ဒီလိုလုပ်လို့ ဘယ်ရမလဲ၊
မဟုတ်မခံတတ်တဲ့ စိတ်နဲ့ ပြန်နမ်းပစ်တာပေါ့” တဲ့။
အဲဒီဟာသလေးလို ကျွန်တော့်ကို မသိဘဲ နမ်းခဲ့သမျှ
ခပ်ကြမ်းကြမ်း ပြန်နမ်းပစ်ခဲ့ချင်တာပေါ့။
ရက်စက်တတ်တဲ့ မျက်နှာတွေမှာ
သနပ်ခါးတွေက အဖွေးသားနဲ့ လှလွန်းနေတော့လည်း
ကြင်နာတတ်တဲ့ မျက်နှာတွေမှာ
မီးဝင်းဝင်းတောက် မျက်လုံးတွေပဲ ထွန်းပေါက်ရခဲ့ပေါ့
ကောက်ကျစ်မှုက သွားတက်လေးနဲ့ ပြုံးနေတော့လည်း
ရိုးသားမှုက အစွယ်တငေါငေါနဲ့ ထွက်ခွါခဲ့ရပေါ့
သူတို့ အတ္တကို ထပ်မံအမွန်းတင်ခဲ့ကြလို့
ရာသီဥတုပျောက်ဆုံးကုန်ခဲ့ကြကြောင်း
သူတို့ နည်းနည်းလေးဖြစ်ဖြစ် သိကြရင် ကောင်းမှာ
မေတ္တာမှန်ရင် ရောင်ပြန်ဟပ်မှာပါ ..တဲ့
သွေးအေးတဲ့ မျက်လှည့်ဆရာရဲ့
အဝေးက လှမ်းချော့တဲ့ တေးသံကို
ပျားသကာလို ချိုကြလိုက်တာ
အတွင်းမှာပုန်းနေတဲ့ အဆိပ်ပြင်းတွေနဲ့
မှားယွင်းခွင့်ကို အားဆေးထိုးနေမှန်း မသိကြဘူး
ကျိုပြီးချက်ပြီး သောက်ချင်ရလောက်အောင်
အေးအေးဆေးဆေး ထိုင်ငေးချင်ရလောက်အောင်
နောင်တဟာ သိပ်ပြီး မက်မောင်စရာကောင်းနေသလား
မီးပုံထဲ ကျည်ဆံတွေ အပြည့်ထဲ့ပြီး
ဝိုင်းကြီးပတ်ပတ်ကနေကြတဲ့ သူတွေအတွက်
ဖူးပွင့်ဝေဆာနေတဲ့ ၀မ်းနည်းမှုပန်းခြင်းရယ်
မှိုစော်နံနေတဲ့ အောင်မြင်မှုဆုတံဆိပ်ရယ်
တကယ်မရှိတဲ့ သုဂတိသို့သွားရာလမ်းရယ်
ကိုယ့်ကိုယ်ကို ပြန်ရှာရမယ့် မှန်တစ်ချပ်ရယ်
ဟာသထဲက မိန်းကလေးရဲ့ မခံချင်စိတ်မျိုးနဲ့
စင်စင်ကြယ်ကြယ် စူးစူးနစ်နစ် ပြန်ပေးလိုက်ပါတယ်
နတ်လူ သာဓု ခေါ်စေဖို့။


သူငယ်ချင်း

Tuesday, November 17, 2009 Posted by ဂျေဂျူဝိုင်
“နေ့ပြောနောက်ကြည့် ညပြောအောက်ကြည့်”တဲ့။
နေ့ရော ညပါ မင်းအကြောင်းပြောခဲ့ပါတယ်
ကိုယ့်နှလုံးသား အောက်မှာရော အောက်မှာပါ
မင်းရောက်မလာခဲ့ဘူး

မျက်တောင်ထူထူနဲ့ ငါကောနေတဲ့အလှတွေ
ခြေဖွဖွနင်းပေမယ့် လူမိသွားတဲ့ ငါ့အကြည့်တွေ
မင်းရှေ့တည့်တည့်ကနေ ငါ ဘယ်သွားနေရမလဲ

မင်းရဲ့ ခပ်မဲ့မဲ့အပြုံးနဲ့
ငါ့ရဲ့ ညရေးညတာခက်အောင်
အိပ်မက်ဆိုး ကျိန်စာ မတိုက်ပါနဲ့
ငါ့မှာ တစ်ရာသီလုံး ခြောက်သွေ့တယ်

မကြာခဏဆိုသလိုပါပဲ
ငါ့ရဲ့ ကိုယ်နှုတ်စိတ်သုံးပါးလုံး
မင်းကိုချစ်တဲ့ စိတ်ကြောင့် ပျောက်ဆုံးသွားတိုင်း
ငါ ဆုံးရှုံးရမှာ အကြောက်ဆုံးက
ငါ့အသက်နဲ့ မင်းဘဲရှိတယ်လို့ ပြောမိတယ်

မင်းက
မစနဲ့ကွာ ... တဲ့
မင်းပုတ်ထုတ်လိုက်တဲ့ ဘောလုံးကို
ငါ ဘယ်ကွင်းမှာ သွားကန်ရမလဲ။

Sunday, November 8, 2009

ပဉ္စလက်မီးအိမ်

Sunday, November 08, 2009 Posted by ဂျေဂျူဝိုင်
ကျောက်သားဖြူ စားပွဲတစ်လုံးပေါ်မှာ
အူဟောင်းလောင်း ထွက်ကျနေတဲ့
စက္ကူကဒ်ပြား သူတောင်းစားတစ်ယောက်
ဘူတာရုံ ပလက်ဖောင်းတစ်ခုပေါ်က ဆေးလိပ်ပြာများ
ရုပ်ပုံလွှာတစ်ခုရဲ့ ရုပ်ပုံလွှာ
ရပ်နေတဲ့ နာရီချိန်သီး အလေးချိန်နဲ့
သူ့ရဲ့ ပျောက်ဆုံးနေတဲ့ ခဏငယ်လေးများ
...ဆန်ကိတ်မုံ့တစ်ခါပေါ်က
စပျစ်သီးတစ်လုံးရဲ့ အံ့စရာတစ္ဆေ
အလွမ်းနာကို ၀ိုင်အရက်နီတကျိုက်နဲ့
သစ်ပင်ရင်း ငုပ်ဆင်းသွားတဲ့လူတစ်ယောက်
ဖယောင်းတိုင်တစ်ထုတ်ရဲ့
မျက်စိကျိန်းစေတဲ့ အလင်းရောင်များ
ပန်းခြံတစ်ခုထဲမှာ
စုတ်ပြတ်နေတဲ့ သံပတ်အပြုံးကိုပြုံး
အိပ်ငိုက်နေတဲ့ ကလေးငယ်တစ်ယောက်ကို ရင်မှာပွေ့ပြီး
ညစ်ပတ်တဲ့ ဗလာခြေထောက်နဲ့ မြေကြီးကို ကုတ်ခြစ်ရင်း
အရိပ်နဲ့ မေ့လျှော့နေတဲ့ ကလေးအဖေရဲ့ပုံပန်းကို
အစပြန်ဖော်နေတဲ့ စိတ်ပျက်ဖွယ် အရူးမငယ်တစ်ယောက်
အ၀တ်စုတ်ထွေးထားတဲ့
မွေးကင်းစကလေးငယ်ကို
လမ်းသွားလမ်းတွေကို လိုက်လိုက်ပေးနေလေရဲ့
အနုပညာရွယ် ကလေးငယ်ကို ချော့သိပ်နေတဲ့
အစိမ်းရောင်သစ်သား ဂစ်တာတစ်လက်
ဝန်စည်စလယ် အပြည့်သယ်လာတဲ့
မီးရထားလက်မှတ်တစ်စောင်
သဘာဝရှုမျှော်ခင်းတစ်ခုကို
ဖျက်ဆီးနေတဲ့ မျက်နှာတစ်ခုကို
ဖယ်ပစ်လိုက်တဲ့ လက်တစ်ဖက်
အတွေးအခေါ်ဟာ
အခန်းတံခါးနားက သူတို့နေရာဖြစ်တဲ့
ပေါင်မုန့်တွေ ဖိနပ်ကြားတွေကို ပြန်ရောက်သွားတယ်
အတွေးအခေါ်ဟာ မျက်လှည့်နောက် ပါသွားကြတယ်
အငွေ့ဖြစ်ကုန်တယ် အကြောတွေသေကုန်ကြတယ်
ခံစားချက်ကင်းတဲ့ ကမ္ဘာကြီးတစ်ခု
ပြန်ရှာမတွေ့တဲ့ ကမ္ဘာကြီးတစ်ခု
ဆွေးနွေးပြလို့မရ ရှင်းပြလို့မရတဲ့ ကမ္ဘာကြီးတစ်ခု
မူးယစ်ခြင်းလည်းရှိ မူးယစ်ခြင်းလည်းမရှိတဲ့ ကမ္ဘာကြီးတစ်ခု
ဝမ်းနည်းခြင်းလည်းဖြစ် ရွှင်ပျခြင်းလည်းဖြစ်တဲ့ ကမ္ဘာကြီးတစ်ခု
စစ်မှန်ခြင်းလည်းရှိ မှားယွင်းခြင်းလည်းရှိတဲ့ ကမ္ဘာကြီးတစ်ခု
ညဥ့်ယံလည်းရှိ နေ့ခင်းလည်းရှိတဲ့
ငရဲပြည်လိုလှတဲ့
ကမ္ဘာကြီးတစ်ခု.........။

ပရေးဗားရဲ့ကဗျာပါ။ ကျွန်တော့်လို ၀ါသနာတူ သူငယ်ချင်းတွေလည်း ခံစားစေချင်လို့ ဝေမျှပေးတာပါ။ ကျွန်တော်ကြိုက်တဲ့ ကဗျာပုံစံလည်းဖြစ်ပါတယ်။

Saturday, November 7, 2009

မှားမိခြင်း

Saturday, November 07, 2009 Posted by ဂျေဂျူဝိုင်
ကိုယ့်လုံခြုံမှုအတွက် မဟုတ်တဲ့ စစ်ပွဲကို
ဝမ်းနည်းစရာကောင်းတဲ့ ဇာတ်သိမ်းပါတဲ့
ရုပ်ရှင်တစ်ကားလို အောက်မေ့လိုက်သင့်မယ်
မိုးခါးတောထဲမှာ ကြောင်တောင်တောင်
သွားရပ်မိတာ င့ါအမှားပဲ
ဒါလူတွေရဲ့ ပုံမှန်မှားယွင်းမှု
နာရီပျက်ထဲက မှန်ကန်မှု
ရှိုက်သံပါဝင်တဲ့ ပျော်ရွှင်မှု
တတိယကမ္ဘာရဲ့ ယဉ်ကျေးမှု
ဂုဏ်သရေရှိ လူကြီးမင်းတို့ရဲ့
ဘ၀ကို ပူဇော်မှု
ဒါ လူအန္ဓတိုရဲ့ ကူးစက်ရောဂါ
ခြောက်ချားမှုရဲ့ လုံခြုံရာ
မှိုစော်နံနေတဲ့ အောင်မြင်ရာ
မျှော်လင့်မိတဲ့ သုဂတိလားရာ
သားရဲတို့ရဲ့ သီလစောင့်စည်းရာ
ယောင်ချာချာဘ၀ရဲ့ ထိရှရာ
ဒီလို အမှန်တွေကိုမှ သွားသိရတယ်လို့
ကဲ ကဲ ကဲ
အမှုဆင်ဖမ်းထားတဲ့ အသိတရားကို
ကြိုးမိန့်ပေးလိုက်ကြပါတော့
အမှုကို ဒီလိုဖွင့်လိုက်
ဆောခရတ္တိ သောက်ခဲ့တဲ့ အဆိပ်အကြောင်း
သိလိုက်တာ တစ်ခုမှားခဲ့တယ်ပေါ့။

Friday, November 6, 2009

ဒဏ်ရာမပေါ်တဲ့အနာ

Friday, November 06, 2009 Posted by ဂျေဂျူဝိုင်

မင်းငိုမှာ အရမ်းစိုးပေမယ့်
မင်းငိုရအောင် ငါပဲ နာကျင်စေခဲ့တယ်
ငါ မချော့ပါရစေနဲ့လို့
ငါ့ကိုယ်ငါ တိုက်တွန်းနေရင်း
မငိုပါနဲ့လို့ တားမိပြန်တယ်
ညီမလေးရေ
ကိုယ့်ဒုက္ခမို့
ကြီးကျယ်ပြနေတာ မဟုတ်ဘူး
ဒီတွင်းက မင်းထင်တာထက်
အဆတစ်ရာပြန်နက်တယ်
ထသွားမိခါမှ ငါ့ကြောင့်
မင်းဘ၀တစ်ခုလုံး
ဟပ်ထိုးလဲ ကျိုးကျရမှာ
မင်း မသိသေးလို့ပါ
နှလုံးသားရဲ့စကားကို
အမှန်တရားတွေ မျက်စိမှားနေချိန်
ဘ၀တစ်ခုလုံး မျက်ရည်ထဲ မမျောအောင်
ခါးခါးတူးတူး မြိုသာချလိုက် ညီမလေး။

ဆေးဆိုတာ ခါးတယ်

Friday, November 06, 2009 Posted by ဂျေဂျူဝိုင်
အတုတွေက တူလာတော့လည်း
အတူတွေက လိုက်တုရတော့တာပ
အမှန်တရားက ခါးတယ်ဆိုရင်
အမှားကတော့ ချိုမှာပဲ
လူတွေကလည်း သကာကိုပဲ ကြိုက်တယ်လေ
သဒ္ဓါတွေ လွန်ထားကြလေတော့
တဏှာကျွန်လို့ အခေါ်မခံရအောင်
တားတဲ့သူ လူယုတ်မာ ဖြစ်ကရောပဲ
(ရှုး – တိုးတိုး သိရင် တိတ်တိတ်နေ)
ဆုတ်ကပ်ကို အပြစ်မဆိုတော့ပါဘူး
ရုပ်ဓာတ်တွေ မွဲသထက် မွဲဦးမှာမို့
ဘ၀ယာဉ်ကြောတစ်ခုလုံး
(ကျွမ်းထိုး မှောက်ခုံဖြစ်အောင်)
မုသားတောထဲ
ဂီယာ တစ်ချက်ထပ်ထိုးလိုက်စေဦး။


ဆရာဇော်ဂျီရဲ့ ကဗျာများ

Wednesday, October 14, 2009 Posted by ဂျေဂျူဝိုင်
တို့တိုင်းပြည်
ထလော့မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေ တို့ရွာမြေ၀ယ်
စေတီ စပါး များလည်းများ၏
များပါလေလဲ တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင်
ယာစကာမျိုး တညှိုးညှိုးနှင့်
ပုထိုး မြင့်မောင်း ကျောင်းကြိုကျောင်းကြား
လှည့်လှည်သွားလျက်
မစားလေရ ၀မ်းမ၀၍
ဆွမ်းမျှ မတင်နိုင်ရှိမည်တည်း
ထလော့မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေ တို့ရွာမြေ၀ယ်
ရေချိုသောက်ရန် မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား များလည်းများ၏
မျးပါလေလဲ တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင်
မြင်သာမြင်ရ မစားရ၍
တောကပြိတ္တာ ဖြစ်မည်တည်း
ထလော့မြန်မာ မြန်မာထလော့
အားမပျော့နှင့် မလျှော့လုံ့လ
သူကစ၍ ငါက အားလုံး
လက်ရုံးမြားမြောင် ဉာဏ်မြားမြောင်နှင့်
စွမ်းဆောင်ကြလော့ ဆောင်ကြလေလော့
ဤမြေဤရွာ ဘယ်သူ့ရွာလဲ
ဤယာစပါး ဘယ်သူ့စပါးလဲ
ထားလော့တာဝန် ပွန်လော့လုပ်ငန်း
ဉာဏ်ရှေ့ပန်း၍
တ၀မ်းတစိတ် ညီစေသတည်း။

အိုတက်လူတို့
မြန်မာပြည်ဝယ် ထီးစည်တို့မင်း
ပျက်ယွင်းပါပကော သို့စိတ်စောလျှက်
ဘော … အို ရဲသွေး တက်လူကလေးတို့
ငိုကြွေးသမှု ပြုရုံမျှဖြင့်
မပွင့်ဉာဏ်ရည် လက်မည်၍
မျက်ရည်သာလျှင် ရွှဲလိမ့်မည်။
မြန်မာပြည်ဝယ် ထီးစည်တို့မင်း
ပျက်ယွင်းပါပကော သို့စိတ်စောလျှက်
ဘော … အိုရဲသား တက်လူများတို့
တရားသံဝေ ယူလေရုံဖြင့်
တက်ခွင့်မနီး ဘေးကြီးနီး၍
ပုတီးအဖတ်တင် ကျန်လိမ့်မည်။
အဟောင်းပျက်လျှင် အသစ်ပြင်လော့
အမြင်ကျယ်၍ ပညာမွေ့လော့
ယနေ့လူငယ် နောင်ဝယ်လူကြီး
သင်လည်းတစ်ဦး သားထူးသားမြတ်
ဖြစ်အပ်ရာသည် ရှေ့သို့ရည်၍
ငိုမြည်မတ
သင်္ခါရဟု စိတ်ကမစော
လောလောဆယ်ဆယ် ဒုက္ခနယ်ကို
ကယ်တင်နိုင်ကြပါစေသတည်း။



အပ်ရွှေနဖား
ထိုးသော်တဲ့ ထိုးသော်
ကြိုးချော်လို့သွား။
အမယ်အို အမြင်ကတ်တယ်
အပ်ရွှေနဖား။



ဖားပြုတ်မ
မျက်လုံးငယ်ကြောင်
ကိုယ်ရောင် ပြာမွဲနှင့်
ဗိုက်ရွဲလေသေး
ဖားဖိုကမူ
ကြည့်ရင်း လွန်ကြည်ဖြူလို့
ဇမ္ဗူမှာ သည်လိုမေ့ကို
တွေ့ဖို့ပုံဝေး ...။

ထိကရုန်းပင် အပျိုဖြန်း
ခရမ်းရောင် ငွေမှုန်လဲ့နှင့်
နွဲ့ပါဘိ သူ့ဟန်သွင်
ဆွတ်ချင်လို့ မေး
ထိစမ်းနှင့်လေ
ပွေလာယင် တကယ်မုန်းပါငဲ့
ရုန်းလိုက်မယ်လေး....။

အရူး

Wednesday, October 14, 2009 Posted by ဂျေဂျူဝိုင်
သီချင်းတစ်ပုဒ်ထဲက
“အချစ်က ဘာမှအရေးမကြီးဘူး” စာသားကို
ခင်ဗျားနားစွန်းနားဖျား ကြားဖူးမယ်မှန်း
ကျွန်တော်သိတယ်
ဒါပေမယ့် အဲဒီသီချင်းအတိုင်း
ခင်ဗျားလိုက်နာကျင့်ကြံမယ်မှန်းလည်း
ကျွန်တော်သိပါတယ်
ကျွန်တော့်နှလုံးရောဂါကို ကုပေးပြီး
ကျွန်တော့်နှလုံးရေးရာကို မသိလိုက်တဲ့
ဆရာဝန်မမရယ်
“ဆေးလိပ်သောက်တတ်သလား” ခင်ဗျားအမေးကို
“အရင်က သောက်တယ်
အခု ခင်ဗျားကို ချစ်မိလို့ မသောက်တော့ဘူး”လို့
ဖြေချင်ခဲ့တယ်
ဆရာဝန်မမရေ
ကျွန်တော် ခင်ဗျားကိုချစ်တယ်
ကျွန်တော် ခင်ဗျားကို ခြေသုတ်ပုဆိုးလိုချစ်တယ်
ကျွန်တော် ခင်ဗျားကို မြွေစွယ်ကျိုးလိုချစ်တယ်
ပြီးတော့
ခင်ဗျားဟာ ကျွန်တော့်ရဲ့ ကိုယ်ငွေ့နွေးနွေးလေးဖြစ်တယ်
ခင်ဗျားဟာ ကျွန်တော့်ရဲ့ ရင်ခုန်သံ နှေးနှေးလေးဖြစ်တယ်
ခင်ဗျားဟာ ကျွန်တော့်ရဲ့ ခိုင်မြဲတဲ့ နံရိုးတစ်ချောင်းဖြစ်တယ်
ခင်ဗျာဟာ ကျွန်တော့်ရဲ့ ပျော်ဆုံးနေတဲ့ ကိုယ်တစ်ခြမ်းဖြစ်တယ်
ခင်ဗျားဟာ ကျွန်တော့်ရဲ့ လေ့လွင့်စိတ် ဦးတည်ရာဖြစ်တယ်
ခင်ဗျားဟာ ကျွန်တော့်ရဲ့ အကုသိုလ်စိတ် သန့်စင်ရာဖြစ်တယ်
နားကြပ်ချိတ်ထားတဲ့ လည်တိုင်ကစလို့
ခင်ဗျားကို ကျွန်တော် ချစ်မိတဲ့အကြောင်း
ဟောဒီကဗျာက အပြည့်အစုံ ဖော်မပြနိုင်ဘူး
လက်သီးဆုတ်မျှသာရှိတဲ့ နှလုံးရဲ့
ခေတ္တရူးသွပ်မှုကို
တစ်သက်စာ ခန္ဓာကိုယ်က မလိုက်ကြောင်း
စာတန်းပြုစုပြီး ဘွဲ့လွန်တွေ ထပ်ယူလိုက်ပါ
ခင်ဗျားကိုယ်နှိုက်ကလည်း
ဘက်တီးရီးယားပိုးတွေ ပေပွနေတဲ့လက်နဲ့
ခင်ဗျားနှလုံးသားကို
ဘယ်ချွေးသိပ်ခံချင်ပါ့မလဲ
တရားမျှတပါတယ်
ရွှံ့တွေနဲ့ နင်းကွက်မရှိတဲ့ ကျွန်တော့်ဘ၀ဲ
ခင်ဗျားရဲ့ ရွှေရည်စိမ်ဂုဏ်ထူးတွေ
ဘယ်နစ်မွန်းခံချင်ပ့ါမလဲ
ခင်ဗျားတရားမျှတပါတယ်
ရှုမိရင် ရှိုက်မသွင်းရဲတဲ့
ကျွန်တော့်ငယ်စဉ်တောင်ကျေးကို
ခင်ဗျားရွံရှာနေမယ်ဆိုရင်လည်း
ခင်ဗျားတရားမျှတပါတယ်
ခင်ဗျားတို့ လောကနဲ့ နှိုင်းစာရင်
အမှိုက်တစ်စလို ဟောဒီဂျစ်ပစီရဲ့
ခင်ဗျားအတွက် စပ်ဆိုတဲ့ ဒီကဗျာကို
ခင်ဗျား ဘယ်လိုမှ ဖတ်မိမှာမဟုတ်လည်း
ခင်ဗျား တရားမျှတပါတယ်
ဆယ်ပြားသာ ထိုက်တန်တဲ့ လူသားအတွက်
တစ်မတ်ကောက်ရခဲ့လည်း
ဆယ့်ငါးပြားကျပျောက်ရမှာပဲ မဟုတ်လား
နေနဲ့ ကမ္ဘာရဲ့ တစ်ဘက်ခြမ်းမှာရှိမှ
လ,ဟာ ပြည့်ပြည့်ဝန်းဝန်းသာနိုင်မှာမို့လို့
ခင်ဗျားနဲ့ ဝေးရာမှာပဲ ကျွန်တော်နေပါ့မယ်
ခံစားနေရတာတွေအတွက်လည်း
တစ်ခါက သူတပါးအသည်းကို
အလဟဿခွဲဖူးလေသောကြောင့်တည်းလို့
ကြိတ်မှိတ်ဖြေသိမ့်ပါမယ်
နွေမိုးဆောင်း စက္ကန့်လိုမြန်အောင်
လှနိုင်ရက်လွန်းပါပေတဲ့
ထင်းထင်းပေါ်မျက်ရစ်ကလေး
ဖွေးဖွေးနုနားရွက်လေး
နှစ်ထပ်နှုတ်ခမ်းထူထူလေး
ကျောဘက်ချစည်းထားတဲ့ ဆံစုလေးဆီ
xxxxx ဆိုတဲ့ ဖုန်းနံပါတ်ကို
မဆက်ရလည်း ဘာမှ မဖြစ်ဟန်နေတော့မယ်
လက်ဟန်ခြေဟန်နဲ့ နဖူးက ဆံနွယ်လေးကို ဆွဲဆွဲပြီး
ဖုန်းကိုင်တတ်တဲ့ ခင်ဗျားကို
စိတ်ထဲကြွယ်ဝစွာ
မြတ်မြတ်နိုးနိုးပိုင်ဆိုင်နေတော့မယ်။

Sunday, October 11, 2009

သက်သေ

Sunday, October 11, 2009 Posted by ဂျေဂျူဝိုင်
စကားလုံးတွေနဲ့ ဘ၀ကို
ချုပ်ရိုးလုပ်ထားလည်း
ဉာဏ်နည်းတဲ့သူတွေ ယုံမှာပဲ
အဘိဓာန်ကို အံစာတုံးလုပ်နိုင်ရင်
ခင်ဗျားတို့ လည်တာလောက်တော့
သနားသပေါ့
ကံကြမ္မာနဲ့ လက်ရည်တူ မတူ
သူမသိခဲ့ပေမယ့်
ဘီလူးဆိုတဲ့ သီချင်းလည်း
ပန်းပွင့်စေနိုင်ကြောင်း သူသိတယ်
ကိုယ်ချလိုက်ရတဲ့ သက်ပြင်းကို
ကိုယ်ယုံကြည်ကြတဲ့တစ်နေ့
ခင်ဗျားတို့
မျက်ရည်အစစ်တွေ မကျမိစေနဲ့။

Tuesday, October 6, 2009

ပြောင်းလဲမှု သီအိုရီ

Tuesday, October 06, 2009 Posted by ဂျေဂျူဝိုင်
အကျင့်စာရိတ္တပိုင်းမှာ
ပထမတော့ လူက အကျင့်ကို ဖန်တီးတယ်
နောက်တော့ အကျင့်က လူကိုဖန်တီးတယ်
ချစ်မေတ္တာပိုင်းမှာတော့
ကမ္ဘာအစပိုင်းမှာ အချစ်က လူကိုဖန်တီးတယ်
ခုချိန်မှာတော့ လူက အချစ်ကို ဖန်တီးတယ်
ကောင်လေးတွေလည်း
ငါးမျှားချိတ်က အစာဖြစ်ချင်လာတယ်
ကောင်မလေးတွေလည်း
တစ်ကိုယ်ရေစာ ပင့်ကူအိမ်လေးရက်ဖွဲ့တယ်
အဲဒီမှာတော့
လာဟပ်မိတဲ့ ငါးဖြစ်ဖြစ်
နှောင်မိတဲ့ အင်းဆက်ကောင်ဖြစ်ဖြစ်
အချစ်သက်တမ်း ရှည်ကြာခိုင်မြဲဖို့အတွက်
အမြီးလေးတော့ နည်းနည်းရှည်ရမယ်။